Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Sunday 1 January 2012

Window တင်ရန် BIOS SETUP ပြင်ဆင်ခြင်း

အခုလက်ရှိ window 8 တို့ window 7 တို့ထွက်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် window XP သုံးနေတဲ့သူတွေလည်းရှိပါသေးတယ်။ စာစီစာရိုက်ဆိုင်တွေ သင်တန်းကျောင်းတွေနဲ့ အခြားသော နယ်ပယ် ကဏ္ဍအသီးသီးမှာ window XP နဲ့ သုံးနေတာအသားကျနေတဲ့သူတော်တော်များများကိုလည်းတွေ့ နေရပါတယ်။ ဒါကြောင့်ကျွန်တော် window XP တင်နည်းလေးကို ရေးတာပါ။ အောက်ဖက်မှာဖတ်ကြည့်လိုက်ကြရအောင်နော်

window တင်တဲ့နေရာမှာ ဘယ်ဝင်းဒိုးပဲတင်တင် အရင်ဆုံး Biossetup setting မှာသွားရောက် ပြင်ဆင်ခြင်းကိုတော့ ပြုလုပ်ရပါတယ်။ laptop မှာပဲဖြစ်ဖြစ် desktop မှာပဲဖြစ်ဖြစ် ကွန်ပျူတာတိုင်းမှာပါ။
ကဲအဲ့ဒီတော့ အရင်ဆုံးကျွန်တော်တို့ BIOS SETUP ကို ဘယ်လိုမျိုး ပြင်ဆင်ခြင်းတွေလုပ်ကြမလဲပေါ့။
အဲ့ဒီလိုမျိုးလုပ်ဖို့အတွက်  BISO SETUP ထဲကိုဘယ်လိုသွားမလဲ ဆိုတာပါပဲ။ အရင်းဆုံးကွန်ပျူတာရဲ့
power ခလုတ်ကိုနှိပ်ဖွင့်လိုက်ပြီးတာနဲ့ keyboard မှာရှိတဲ့ Delet ခလုတ်ကိုနှိပ်ထားရပါမယ်။
laptop တွေမှာတော့ F11 နှိပ်ပေးရတတ်ပါတယ်။ laptop သမားတွေကတော့ F11 ကိုနှိပ်ထားပေါ့ဗျာ။
အဲ့ဒါဆိုရင် အောက်ဖက်က ပုံမှာပြထားတဲ့အတိုင်း BIOS SETUP ထဲကိုရောက်သွားပါလိမ့်မယ်။
BIOS SETUP ရဲ့မြင်ကွင်းဟာဆိုရင် ကွဲပြားမှုလေးတွေတော့ ရှိပါတယ် မိမိကွန်ပျူတာ အမျိုးအစားပေါ် မူတည်ပြီးကွဲပြားသွားတာလေးတွေပါ။ ဒါပေမယ့် သဘောတရားကတော့ အတူတူပါပဲ ကျွန်တော်အခု
ပုံစံကွဲနှစ်ခုရဲ့ ကွဲပြားမှုလေးတွေနဲ့ပြောပေးသွားပါမယ်။ ဒါမှ ရှာမတွေ့ဘူးဆိုတာမျိုးမဖြစ်အောင်ပါ။
အခုပုံမှာပြထားတာကတော့ BIOS SETUP ရဲ့ ပုံစံကွဲလေးနှစ်ခုပါ။ ကျွန်တော်အပေါ်မှာပြောထားခဲ့သလိုပဲ သဘောတရားခြင်းကတော့ တူပါတယ်။ အရင်ဆုံးအပေါ်တစ်ခုကိုပြောပြပေးပါမယ်။ သူ့မှာကျွန်တော်တို့ အရင်ဆုံးပြုလုပ်ပေးရမှာကတော့ boot လုပ်မယ့် device ကိုရွေးချယ်ပေးဖို့ပါပဲ။ ကျွန်တော် window  တင်ပုံတင်နည်းလေးပဲပြောမှာဖြစ်တော့ ကျန်တဲ့အပိုင်းတွေကိုတော့ မပြောတော့ပါဘူးနော်။ အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ A+ စာအုပ်တွေဘာတွေဝယ်ဖတ်ပေါ့။ ကဲအဲ့ဒီတော့ device ကိုဘယ်နေရာမှာသွားရွေးမလဲဆိုရင် Advance Bios Features ဆိုတဲ့နေရာကိုသွားရောက်ရွေးချယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ပြောစရာတစ်ခုကျန်သွားပါတယ် ဘာလည်းဆိုရင် mouse ကိုအသုံးပြုလို့မရဘူးဆိုတာပါပဲ။
ဒီတော့ ကျွန်တော်တို့ mouse မသုံးပဲ keyboard က arrow key တွေနဲ့ပဲ အသုံးပြုကြတာပေါ့နော်။
Advance Bios Features ကို  selection ရောက်သွားပြီဆိုရင်တော့ Enter key ကိုနှိပ်ပေးရပါမယ်။ ဒါဆိုအခု Advance BIOS Feature ထဲကို ကျွန်တော်တို့ရောက်သွားပါပြီ။ ဒါဆိုကျွန်တော်ခုနက ပြောသလိုမျိုး Device ရွေးရမယ့်အပိုင်းကိုဆက်လက်လုပ်ဆောင်ပေးရပါတော့မယ်။ ဒီတော့ ကျွန်တော်တို့ boot device ဆိုတဲ့စာလုံးလေးကိုအရင်ဆုံးတွေ့အောင်ရှာကြည့်ရအောင်နော် တွေ့ရင်တော့ အဲ့ဒါကိုခုနကပြောသလိုမျိုး
ရောက်အောင်သွားပါမယ်။ ပြီးရင် Enter ကိုနှိပ်ပေးရပါမယ်။ ဒါဆို boot လုပ်မယ့် Device ထဲကိုရောက်သွားပါပြီ။ ပုံလေးကိုတစ်ချက်လိုက်ပါဦး

ဒါမျိုးလေးတွေ့ရမှာပါ။ First Boot Device ရယ်။ second Boot Device ရယ်။ Third Boot Device ရယ်။ Boot up Floopy Seek ရယ်ဆိုတာမျိုးပါ။ ကျွန်တော်တို့ အခုဒါမျိုးတွေ့ပြီဆိုရင် First Boot Device ကို ကြည့်လိုက်ကြပါမယ်။ အခုကျွန်တော်ပေးထားတဲ့ပုံမှာတော့ Floppy ဆိုပြီးတော့ Floppy Device ကို First Boot Device မှာတွေ့နေရပါပြီ။ ဒီနေရာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာအများအားဖြင့် CD/DVD Drive များတွေသုံးပြီး window တင်ကြတာများတဲ့အတွက် ပထမဆုံး boot လုပ်ချင်တဲ့ ပစ္စည်း CD/DVD Drive (သို့) CDROM ကိုရွေးပေးရပါမယ်။ ရွေးနည်းကတော့ first Boot Device နေရာမှာ Enter နှိပ်ပြီး CD/DVD ကိုထပ်ပြီးရွေးမယ် ပြီးရင် Enter နှိပ်လိုက်ယုံပါပဲ။ ဒါဆိုရင် CDROM ပေါ့ဗျာ ပုံမှာပြထားတာကတော့ ကျန်တဲ့ကွန်ပျူတာတွေမှာကတော့ CD/DVD Drive ဒါမှမဟုတ် Drive ရဲ့ အမျိုးအစား နာမည်ကိုဖော်ပြထားတာမျိုးရှိတတ်ပါတယ်။ ဒါကိုရွေးချယ် Enter နှိပ်လိုက်ယုံပါပဲ။ ဒါဆိုကျွန်တော်တို့ window တင်ဖို့အတွက် boot လုပ်မယ့် Drive ကိုတော့ ရွေးချယ်ပြီးသွားပါပြီ။ ဒါဆိုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဆိုတာပါပဲ။ ကျွန်တော်တို့ second နဲ့ third boot device ရှိတဲ့နေရာတွေကိုစစ်ကြည့်ရပါဦးမယ်။ ဘာဖြစ်လို့လည်းဆိုတော့အချို့သော ကွန်ပျူတာတွေမှာ auto ပြောင်းပေးသွားသလို အချို့ကတော့ ပြန်ရွေးပေးရလို့ပါပဲ။ second boot device နေရာမှာ HDD ကိုပြန်ရွေးပေးဖို့ပါပဲ။ ကဲ auto ပြောင်းမသွားသူများ ကိုယ်တိုင် ပြောင်းပေးလိုက်ပါဦး။ ပြောင်းနည်းကတော့ first boot Device မှာတုန်းက ပြောင်းသလိုမျိုး သွားပြောင်းပေးလိုက်ဖို့ပေါ့။
ပြီးရင်တော့ ဒီ boot လုပ်တဲ့နေရာကနေပြန်ထွက်ရပါမယ်။ Esc key ကိုသုံးပြီးပြန်ထွက်ပါမယ်။ BIOS SETUP ရဲ့မူလမြင်ကွင်းကို ရောက်တဲ့အထိပြန်ထွက်ပေးရမှာပါ။ ပြန်ထွက်ပြီးသွားပြီဆိုရင် ကျွန်တော်တို့နောက်ဆုံးအဆင့်အနေနဲ့ BIOS SETUP ထဲကနေပြန်ထွက်ကြပါမယ်။ Save & Exit Setup ဆိုတဲ့နေရာကို arrow key ကိုအသုံးပြုပြီးသွားလိုက်ပါမယ်။ ပြီးရင်တော့ enter ကိုနှိပ်ပေးလိုက်ပါမယ်။ yes နဲ့ no ဆိုပြီးမေးလာပါလိမ့်မယ်။ yes ကိုရွေးချယ်ပြီး Enter နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် ကွန်ပျူတာဟာ restart ပြန်လုပ်သွားပါလိမ့်မယ်။
အဲ့ဒါဆိုကျွန်တော်တို့ ဒုတိယပုံမှာပေးထားတဲ့  BIOS SETUP ကိုလည်းကြည့်လိုက်ကြရအောင် သူကတော့ ပိုလွယ်ပါတယ် BOOT ဆိုတဲ့ စာလုံးကို မြင်ကွင်းမှာပဲမြင်နေရလို့ပါ။ ကဲဒါဆိုကျွန်တော်တို့ အဲ့ဒီ Boot ဆိုတဲ့နေရာလေးကို သွားလိုက်ကြပါမယ်။ ပြီးရင် ဒီထဲမှာ first boot နဲ့ second boot နေရာမှာ အပေါ်မှာပြေပြထားခဲ့တဲ့နည်းအတိုင်း ပြင်ဆင်ပါမယ်။ သူကတော့ Esc သုံးပြီးထွက်စရာမလိုပါဘူး။ ပြင်ဆင်မှုပြီးတာနဲ့ Exit ကိုတန်းသွားယုံပါပဲ။ ကဲပြီးသွားပြီးဆိုရင်တော့ exit ကိုသွားပြီး save ဆိုတာလေးကိုရွေးချယ် Enter နှိပ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ BIOS SETUP ကို ၀င်းဒိုးတင်ဖို့အတွက်ပြင်ဆင်ခြင်းကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ ကိုယ်တိုင်ဝင်းဒိုးတင်လိုသူများ မိမိကိုယ်တိုင်ပြုလုပ်လို့ရလောက်ပြီလို့ထင်ပါတယ်။
အားလုံးအဆင်ပြေချောမွေ့ကြပါစေ။ window XP တင်နည်းကိုလည်းဆက်လက်ရေးသွားပါမယ်။
ဝင်ဒိုးမတင်ဖူးတဲ့သူများကိုယ်တိုင် ၀င်းဒိုးတင်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

No comments:

Post a Comment