Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Saturday 1 March 2014

2014 မှာ စပြီး ဒီ blog လေးကို အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ညီအကိုတွေက ဆက်လက် post အသစ်လေးတွေတင်သွားမှာပါ အားပေးကြလို့ကျေးဇူးတင်ပါတယ်

Monday 22 October 2012

အခမဲ့အွန်လိုင်းပညာသင်ကြားရေးစနစ်

https://www.coursera.org/courses အခမဲ့တက်လို့ရမယ်။ သင်တန်းပြီးရင် သင်တန်းဆင်း လက်မှတ် (Certificate) ပါရဦးမယ်။ Stanford University, Johns Hopkins University, California Institute
of Technology, Princeton University, The University of British Columbia
စတဲ့ တက္ကသိုလ်တွေ အပါအဝင် ကမ္ဘာကျော် တက္ကသိုလ်ကြီး (၃၇) ခုက ပါမောက္ခတွေ၊ ဆရာတွေ ကိုယ်တိုင် သင်ကြားပေးတဲ့ ဘာသာစုံ အွန်လိုင်းသင်တိုင်းလေးပါ...

Saturday 20 October 2012

Remote desktop Connection for window XP

Remote Desktop Connection နဲ့ပါတ်သတ်တဲ့အကြောင်းအရာ သင်ခန်းစာလေးကို သတိမထားမိတဲ့သူအတော်လေးများပါတယ်။ ကိုယ့်ကွန်ပျူတာကနေ တစ်ခြားကွန်ပျူတာတစ်လုံးကို ကိုယ့်စခရင်ပေါ်မှာ ထိန်းချုပ်ကြည့်ချင်ကြမယ်ထင်ပါတယ်။ ဒါဟာ hacking လည်းမဟုတ်ပါ။ သို့ပေမယ့် အလုပ်လုပ်တဲ့နေရာမှာတော့ တော်တော်လေးအထောက်အပံ့ပေးနိုင်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာပဲထိုင်နေပြီး အခြားကွန်ပျူတာတစ်လုံးမှာ ဥပမာအားဖြင့် ကိုယ့်မိတ်ဆွေတစ်ယောက်ရဲ့ကွန်ပျူတာမှာ software လေးတင်ချင်တာ မတင်တတ်လို့ လှမ်းအကူအညီတောင်းနေတယ်ပေါ့။ အဲ့ဒါဆိုရင် ကိုယ်ကလည်းထပြီးသွားမလုပ်ချင်တဲ့သူများရှိမယ်ဆိုရင် ဒီ remote desktop ကတော်တော်လေးအသုံးဝင်ပါတယ်။ အခုကျွန်တော်တို့ အခြားစက်တစ်ခုကို ဆောဖ်ဝဲလ်လှမ်းတင်ပေးကြတာပေါ့။
ပထမအဆင့်
ပထမအဆင့်ကတော့ ကိုယ်ထိန်းချုပ်ချင်တဲ့ မိတ်ဆွေရဲ့ကွန်ပျူတာမှာ ပြင်ဆင်ပေးရမှာလေးပါ။ my computer ကို right click နှိပ်။ properties ထဲက၀င်ရပါမယ်။
ပြီးသွားပြီဆိုရင် အခုလိုမြင်ရပါမယ်။
ပုံမှာမြင်ရတဲ့အတိုင်း remote ထဲကိုဝင်။ Remote Desktop အောက်က အကွက်ကလေးကိုအမှန်ခြစ်ပေးပြီး Apply > Ok ကိုကလစ်ပေးလိုက်ရင်ပထမအဆင့် ထိန်းချုပ်ခံရမယ့်ကွန်ပျူတာဘက်မှာတော့ ပြင်ဆင်ပြီးသွားပါပြီ။ ပြီးရင်အဲ့ဒီကွန်ပျူတာမှာ useraccount တစ်ခုတော့လုပ်ပေးထားဖို့လိုပါတယ်။ Useraccount လုပ်တာတော့ သိပြီးသားဖြစ်မယ်ထင်လို့ထပ်မပြောပြတော့ပါဘူး။ သင်တန်းတွေမှာလည်း ဒီလောက်တော့ သင်ပေးလိုက်မှာပါ။

ဒုတိယအဆင့်
ကဲဒုတိယအဆင့်ကတော့ အဲ့ဒီကွန်ပျူတာကို ကီးဘုတ်မှာရှိတဲ့ Window Key လေးနဲ့ L ခလုတ်လေးတွဲနှိပ်လိုက်ပါ။ ခုနက လုပ်ထားတဲ့ User account လေးပေါ်လာပါပြီ။
ဒါဆိုရင် အိုကေပြီ ကျွန်တော်တို့ ထိုင်ထိန်းမယ့်စက်ကနေ ထိန်းလို့ရပါပြီ
မိမိစက်ရဲ့ Start > All program > Accessories > Remote Desktop Connection ကိုကလစ်ပေးမယ်
အောက်မှာပေးထားတဲ့ပုံအတိုင်းမြင်ရပါမယ်။
အဲ့ဒီမှာ ကိုယ်ထိန်းချုပ်မယ့် စက်ရဲ့အိုင်ပီကိုရိုက်ထည့်ပေးရပါမယ်။ မိမိစက် အိုင်ပီဘယ်လိုကြည့်တယ်ဆိုတဲ့ သင်ခန်းစာလေးကတော့ ကျွန်တော်ရေးဖူးပြီးသားဆိုတော့ အဲ့ဒီမှာပဲ ပြန်ကြည့်ပေးပါနော်။
Start + R (rum box) > cmd ရိုက်ထည့် > ipconfig (e.g 192.168.123.1)
ဟုတ်ပြီနော်။ ဒီနည်းအတိုင်းအိုင်ပီဟိုဘက်စက်ကနေကြည့်ထား ပြီးရင် ပုံမှာပေးထားတဲ့ box ထဲမှာရိုက်ထည့်။ ပြီးရင် username password ရိုက်ထည့်လိုက်ရင် ဟိုဘက်စက်ထဲရောက်သွားပါပြီ။ လက်တွေ့စမ်းသပ်ကြည့်ကြပါ။

android ဖုန်းသုံးသူများ လိုအပ်မယ်ထင်ပါတယ်

ဒီ software ကတော့ root လုပ်စရာမလို zawgyi font ထဲ့စရာမလိုပဲ မြန်မာလိုမြင်နိုင်တဲ့ browser လေးပါ။ android ဖုန်းများအတွက် Webpage တွေကိုမြန်မာလိုမြင်နိုင်အောင်တင်ပေးလိုက်ပါတယ်
ဒီမှာဒေါင်းပါ

ငွေကုန်ကြေးကျမရှိပဲ ဖုန်းအလကားခေါ်ကြမယ်

ဒီဆော့ဖ်ဝဲလ်လေးကတော့ ပြည်တွင်းဖုန်းခေါ်ဖို့အတွက်ပါ။ ပိုက်ဆံအကုန်အကျတစ်ပြားမှမရှိပဲ ဖုန်းခေါ်နိုင်မှာပါ ကြိုက်သလောက်ပြော ကျသလောက်ရှင်းမဟုတ်တော့ပါဘူး။ အပေါ်ကပေးထားတဲ့နေရာလေးမှာ လူမျိုးဘာသာအသားအရောင်မရွေး စိတ်ကြိုက်ဒေါင်းယူနိုင်ပါတယ်

Friday 19 October 2012

Batch file အကြောင်းတစ်စေ့တစ်စောင်း

 myanmar Planet forums ကနေမလာတာလေးပါ။ Batch file နဲ့ပါတ်သတ်ပြီးတော့လေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေလိမ့်မယ်ထင်လို့ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့ ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင် စရှင်းပြီးရေးရမယ်မသိလို့ပါ။

ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်

ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်

[code]@echo off
echo Hello This is a First Program
pause[/code]အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။

Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်

[code]@echo on
echo Hello This is a First Program
pause[/code]ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ...
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။

C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program

C:\Documents and Settings\User\Desktop>pause
Press any key to continue...
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\... စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။

အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်

ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို "Hello this is a First Program" ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.

အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်

[code]@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause[/code]အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်

Hello Welcome Back
Press any key to continue...
I am testing pause function
Press any key to continue...
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။

အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်

အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်....

[code]@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause[/code]ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်

Hello I am back
Press any key to continue...
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်...key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်....အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ...)

I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )

Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)

Press any key to continue...
(ဆိုတာလေးလာမှာပါ)

နားလည်ပါ့မလားတော့မသိဘူး... ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ....
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။

-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့...

နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်....

အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ...
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ...
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ...
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ...

[code]@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause[/code]ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။

We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)

အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။

-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)

အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်...
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ...

[code]@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if '%option%'=='1' goto :math
if '%option%'=='2' start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)

:math
echo 2 2
pause[/code]ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်...

This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2 2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2 2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်...)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ..... ပါဗျာ )
Press any key to continue...

အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ...
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ...
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)

ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်... နားလည်အောင် သေချာကြည့်ပေးပါ.

set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။

ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်

ခုနက Program ကို ပြန်ဆက်ပါမယ်...
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်... နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်

[code]set choice
if '%choice%'=='1' goto :math[/code]ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး....
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..
ခုလောလောဆယ်တော့ မနက် ၄ နာရီ ထိုးသွားပြီဖြစ်လို့ ဒီလောက်နဲ့ ခေတ္တရပ်နားပါရစေ... နောက်နေ့မှာ တော့ ဒီ့ထက်ပိုခက်လာပြီး အသုံးကျလာမယ့် အပိုင်းတွေကို ဆက်လက်ရေးပေးပါ့မယ်။ မကြာမီလာမည်မျှော်....

>>>> ဤ tutorial သည် Bat အကြောင်း တစ်ခုမှ မသိ၍ အခုမှ စတင်လေ့လာမည့် သူများကို ရည်ရွယ်ရေးသား ခြင်းဖြစ်ပြီး bat အကြောင်းတီးမိခေါက်မိရှိပြီးသူများ အဖို့ကတော့ နောက်လာမည့် အခန်းများတွင် ပါဝင်နိုင်မည်ဟုထင်ပါသည်။ ဤ tutorial နှင့် ပတ်သက်၍ ဝေဖန်ပါ ၊ အကြံပေးပါ ၊ ပြန်လည် ဆွေးနွေးပါ ၊ ယခု ဆွေးနွေးထားသည် အထိထဲမှ သိလိုသည်များရှိလျှင် ၊ နားမလည်သည်များရှိလျှင် မေးပါ ၊ ကျနော် ကောင်းမွန်စွာ ပြန်လည်ဖြေကြားပေးပါမည်။ လိုအပ်ချက်များကို ထောက်ပြပေးမည့်သူများရှိပါကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံပြီး ကျေးဇူးတင်မှာပါ။ သို့ပေမယ့် မကောင်းပြောပြီး သိပြီးသားတတ်ပြီးသားကို ရေးနေသည်ဟုထင်သောသူများမှ လာရောက်ပြောဆိုပါက မည်သည့်တုန့်ပြန်မှုမျိုးမှ ပြုလုပ်မည်မဟုတ်။ လေ့လာချင်သော သူများအတွက်သာ ရေးသားပေးခြင်းဖြစ်၍ အကျိုးမရှိဟု ထင်ပါက ဖတ်မနေပါနှင့် ကျော်သာသွားလိုက်ပါ။ စရေးကတည်းက ကျနော် ရေးချင်လွန်းလို့ အားနေလို့ ရေးရတာလည်း မဟုတ်ပါ။ တောင်းဆိုလာတဲ့ သူတော်တော် များပြီးတော့ တောင်းတဲ့သူတိုင်းက ကျနော့် အရင်းနှီးဆုံး သူငယ်ချင်းတွေမို့ ရေးပေးဖြစ်သွားတာပါ။ ဆက်လက်ပြီးတော့ bat နဲ့ ပတ်သက်လို့ တော်တော်များများရေးပေးသွားပါ့မယ်။ အကုန်နီးပါးသိအောင် ဒီ tutorial တစ်ခုတည်းနဲ့ ရေးပေးနိုင်အောင် ကြိုးစားသွားမှာပါ။ ဆက်လက် စောင့်မျှော်ပေးကြပါ။

Batch filesအကြောင်း

Batch Files တွေနဲ့ပါတ်သတ်ပြီးတော့ Batch Files တွေဟာ 

Notepadကနေprogramအမျိုးအစားပေါင်းများစွာကိုရေးသားနိုင်ပါတယ်။ဥပမာprologတို့ လိုပေါ့။

နောက်ပြီးprogramအသေးစားလေးတွေလဲရေးသားနိုင်ပါတယ်။softwareမသုံးပဲရေးသားတာဖြစ်
တဲ့အတွက်အဆင်ပြေပါတယ်။notepadတစ်ခုနှင့်virusတွေလည်းအများကြီးရေးသားနိုင်ပါတယ်။
ပထမဆုံးnotepadနဲ့ရေးသားတဲ့programလေးတွေအကြောင်းကိုတင်ဆက်ပါ့မယ်။
Notepadမှာ”.bat”(batch file)တစ်ခုကိုရေးမယ်ဆိုရင်ပထမဆုံးဒီcodeကိုရေးရပါတယ်။
@echo off
ကျွန်တော်exampleလေးတစ်ခုရေးပြပါ့မယ်။အလွယ်လေးပါ။
@echo off
Echo Hello world

ရေးပြီးရင်တော့သူ့ ကိုname တစ်ခုခုနဲ့”.bat”ဆို ပြီးdesktopပေါ်မှာသိမ်းလိုက်။
ပြီးရင်သူ့ကိုrunကြည့်မယ်။ဘာမှကိုဖွင့်လို့ မရပဲမြန်မြန်ပြန်ပိတ်သွားတာတွေ့ ရလိမ့်မယ်။
ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတော့သူ့လုပ်ရမယ့်အဆင့်ကိုအောက်မှာcommandမပေးခဲ့လို့
ဖြစ်ပါတယ်။ဘာလိုအပ်သလဲပေါ့စဉ်းစားမယ်။ကျွန်တော်တို့song/videoတို့ကိုခဏရပ်ထား
လို့ရသလိုသူ့ ကိုလဲရပ်အောင်လုပ်ချင်တယ်ဆိုပါစို့။ဘာမှာမလိုပါဘူး။အောက်ကကုဒ်ပါ။
@echo off
Echo Hello world
Pause

ဒါဆိုရင်တော့အဆင်ပြေပြီပေါ့။ကြည့်လိုက်ပါ။ပြီးရင်saveနော်။နောက်မှrun
သူများကိုဒုက္ခမပေးပါနဲု့လို့တောင်းဆိုချင်ပါတယ်။သိထားစေချင်လို့ပါ။
ဒီကောင်ကစက်ထဲမှာရှိတဲ့(.txt)တွေအားလုံးကိုဖျက်ဆီးဖို့ရေးထားတဲ့virusပါ။
del -this del files
del file name
del (.txt*)

ပြီးရင်တော့ကြိုက်တဲ့nameနဲ့သိမ်းပါ။”.bat”တော့ပါရမယ်နော်၊အရေးကြီးတယ်။ပြီးရင်
Runကြည့်ပေါ့..
ဆရာကြီးတော့မဟုတ်ပါဘူး..ဆရာကြီးတွေ လုပ်ထားတာတွေ တွေ့လို့ပါနော်..။

Wednesday 17 October 2012

Bat File သင်ခန်းစာ (3)

ကျနော်တို့ TuT ကို ပြန်စလိုက်ရအောင်….
ဒီတစ်ခါတော့ Features နည်းနည်း စုံစုံလင်လင်ကို တင်ပြပေးပါ့မယ်။ ကျနော်ရေးတာက အလွယ်အဆင့်ကနေ အခက်အဆင့် ကို သွားနေတာတော့ မဟုတ်ဘူးနော်။ ကျနော့် မှာ ကိုးကားစရာစာအုပ်က မရှိတော့လို့ ဟိုရောက်ဒီရောက်နဲ့ ကျနော် သတိရပြီးတော့ သိသေးသမျှတွေရေးပေးနေတာပါ။ ဖတ်ရတာ အခက်အခဲတော့ နည်းနည်းရှိမယ်လို့ထင်တယ်။ နားလည် ပေးမယ်လို့ထင်ပါတယ်။
ဟုတ်ကဲ့ပါ အခု ကျနော် ရေးပေးမှာကတော့ Windows Application တစ်ခုကို ဘယ်လို ခေါ် Run မလဲဆိုတာပါ
အောက်မှာပေးထားတဲ့ Code ကို Notepad မှာရိုက်ထည့်ကြည့်ပါ့မယ်…
@echo off
echo I am testing to call Notepad.exe
start /MIN notepad
pause
အဲဒါကို save ပြီးတော့ Run မယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်။
I am testing to call Notepad.exe
(အဲဒါလာပြီးရင် Notepad က minimized အနေအထားနဲ့ ပေါ်လာပါလိမ့်မယ်။ /MIN နေရာမှာ /MAX လို့ထားရင်တော့ maximized အနေအထားနဲ့ ပေါ်မှာပါ)
Press any key to continue…
နောက်တစ်ဆင့်အနေနဲ့ batfile ထဲကနေ ထွက်ဖို့ အချိန်သတ်မှတ်ပေးကြည့်ရအောင်
အောက်မှာပေးထားတဲ့ Code လေးတွေကို Notepad ထဲမှာရေးပေးပါ
@echo off
echo i am trying timeout
set wait=0
:pause1
set /a wait=%wait%+1
if %wait% leq 1000 goto pause1
echo IT WORKED!!!
pause
ဒီ Code တွေကို နားမလည်ဘူးဆိုရင်တော့ Copy Paste သာလုပ်ပြီးတော့ Notepad ထဲကို ထည့်လိုက်ပါတော့။
ကျနော် အပေါ်မှာရေးဖူးတဲ့ နှစ်ခုထဲမှာ set အကြောင်း အနည်းငယ်ပါပြီးတော့ if နဲ့ condition စစ်တာလည်း ပါသလို
:pause1 လိုမျိုး Function ခွဲရေးတာလည်း ဘာဆိုတာ ပါပါတယ်။ အဲဒီ့တော့ ဒါကို နားမလည်ရင်လည်း အဲဒါလေးတွေ ပြန်ကြည့်လိုက်ရင် အကြမ်းဖျင်းတော့ သဘောပေါက်မှာပါ။
% တွေ /a တွေနဲ့ ကျန်တဲ့ နားမလည်တာတွေကို ချန်ထားခဲ့ပါ။ အကယ်လို့ ကျနော် အချိန်ရရင် Parameter တွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆွေးနွေးပေးပါ့မယ်။ ခုတော့ ဒီတိုင်း သဘောပေါက်ရုံလောက်လေး ထားပြီး အဲဒါလေးကို Save ပြီးရင် Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်…
I am trying timeout
(ပြီးရင်တော့ စက္ကန့် နည်းနည်းလောက်စောင့်ရပါလိမ့်မယ်) (အဲဒါကတော့ :pause1 ထဲမှာ ရေးထားတဲ့ Code ကြောင့်ပါ။)(အဲဒါကို စောင့်ပြီးရင်တော့ နောက်တစ်ကြောင်းလာပါလိမ့်မယ်)
IT WORKED!!!
Press any key to continue…
ဒါဆိုရင်တော့ စက္ကန့် ဖြစ်ဖြစ် မိနစ်ဖြစ်ဖြစ် သတ်မှတ်ပြီးတော့ batch file run တာကို ရပ်ခြင်းအား ကျနော်တို့ စမ်းသတ်ပြီးပါပြီ။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာလည်း နားလည်မယ်လို့ထင်ပါတယ်။
ကျနော် နောက်ထပ် တစ်ဆင့်အနေနဲ့ TIME ဆိုတဲ့ Command အကြောင်းကို ရှင်းပြပေးပါ့မယ်
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရေးလိုက်ပါ…
@echo off
echo Hello…. What time it is!!!
TIME 12:00
echo oHH it is 12:00
pause
အဲဒါကို Save ပြီး Run မယ်ဆိုရင်တော့ အောက်မှာ ပြထားသလို မြင်ရပါလိမ့်မယ်…
Hello…. What time it is!!!
oHH it is 12:00
ဒါဆိုရင် TIME က ဘာအလုပ်လုပ်လည်း ဆိုတာ သိပြီလို့ထင်ပါတယ်။ စက်ရဲ့ အချိန်ကို ပြောင်းပေးတာပါ။
နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ DOS ထဲမှာ ပြမယ့် စာသားတွေနဲ့ နောက်ခံတွေ ကို အရောင်လေးတွေနဲ့ အလှဆင်ကြည့်ကြပါမယ်။
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲကူးပြီး Save ပြီး Run လိုက်ပါ။
@echo off
echo I am trying the colors
pause
color 04
echo testing
pause
color f
echo again
pause
color 4f
echo DONE
pause
Run လိုက်ရင် ဘယ်လိုဖော်ပြတယ်ဆိုတာတော့ ကိုယ့်ဟာကိုယ် လုပ်ကြည့်လိုက်ပါ။ ကျနော် Code တွေကို ဘဲရှင်းပြပေးပါတော့မယ်။
color ဆိုတာကတော့ အရောင်သတ်မှတ်တယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ သူ့နောက်မှာ ထည့်တဲ့ Code တွေကို ရှင်းပြပါ့မယ်။
04= background black နဲ့ font ကို red ထားတာပါ
f = font ကို white ထားတာပါ
4f = background red နဲ့ f ကို white ထားတာပါ
ပိုပြီး အသေးစိတ်သိချင်ရင်တော့ Run>>cmd>>color /? ဆိုပြီးရိုက်လိုက်ပါ။
0=balck
1=blue
2=green
3=aqua
4=red
5=purple
6=yellow
7=white
8=gray
9=light blue
a=light green
b=light aqua
c=light red
d=light purple
e=light yellow
f=bright white
အဲဒီ့လိုဖော်ပြပါလိမ့်မယ်။ အဲဒါတွေကို ခုနက ကျနော်တို့ သုံးသလိုမျိုး color 9f စသည်ဖြင့် တွဲသုံးနိုင်ပါတယ်။
ရှေ့မှာထားတဲ့ ဟာက Back Color ဖြစ်ပြီးတော့ နောက်ကဟာက Font Color ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ Color တွေ အကြောင်းသိနိုင်ပါပြီ။ ဥာဏ်ရှိသလို ချဲ့ထွင်အသုံးချ သွားနိုင်ပါတယ်။
အခုနောက်တစ်ဆင့်အနေနဲ့ Title ပြောင်းတာကို ပြောပြပေးပါ့မယ်
အောက်က Code တွေကို Notepad ထဲမှာရေးပြီး Save လိုက်ပါ။
@echo off
title Myanmar IT Resource
echo Trying to change the title
pause
အဲဒါကို Run လိုက်ရင်တော့ Title Bar မှာ Myanmar IT Resource ဆိုပြီးဖော်ပြပါလိမ့်မယ်
နောက်တစ်ဆင့် အနေနဲ့ Shutdown နဲ့ Restart ကို စမ်းကြည့်ကြပါမယ်။
@echo off
start C:\Windows\RUNDLL.EXE user.exe,exitwindowsexec
exit
အဲဒီ့ အပေါ်ကကောင်လေးကို save ပြီး Run မယ်ဆိုရင်တော့ Restart ကျသွားပါလိမ့်မယ်။
@echo off
start C:\Windows\RUNDLL32.EXE user,exitwindows
exit
အပေါ်ကဟာလေးကို Run ရင်တော့ Shutdown ပါ.
နောက်ထပ် နည်းတွေလည်း ရှိပါသေးတယ်။ တခြားနည်းတွေက လူတိုင်းသိပြီးသားတွေမို့လို့ ဒီနည်းလေးကို ဖော်ပြပေးလိုက်တာပါ။ code တွေကတော့ ရှင်းရှင်းလင်းလင်းတွေ မို့လို့ လူတိုင်းနားလည်မယ်ထင်လို့ ထပ် မရှင်းပြတော့ဘူးနော်။ နားမလည်လောက်စရာလည်း မပါဘူးလို့ထင်ပါတယ်။
ဒီ post ကိုတော့ကျနော့် TuT ကို ဒီလောက်နဲ့ ရပ်နားပါရစေ။

Bat File (သင်ခန်းစာ 2)

Bat  file အကြောင်းမေးလာတဲ့သူကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ကျွန်တော်လည်းမနည်းလေး ပြန်ပြီးလေ့လာဖြစ်သွားလို့ပါ။ ယခုဖော်ပြပါသင်ခန်းစာသည် ကျွန်တော်ကိုယ်တိုင်ရေးသားပြုစုထားခြင်းမဟုတ်ပါဆိုတာကိုတော့ ကျွန်တော်ဝန်ခံပါတယ်။ ဒါကို (ကျော်ထက်ဝင်းနည်းပညာဘားအံ) ထံမှတစ်ဆင့် အဆင့်ဆင့်သော programming မျှဝေသူများထံမှ တစ်ဆင့်ပြန်လည်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။ ကဲအခုကျွန်တော်တို့ ဒုတိယသင်ခန်းစာလေး စလိုက်ကြရအောင်
ပထမသင်ခန်းစာတုန်းလေ့လာမိသလိုပဲပေါ့ဗျာ ဘယ်ကနေစကြမလည်း Notpad ထဲကစကြတာပေါ့။ Notepad ထဲကစဆိုလို့ ကျွန်တော်သင်တန်းတက်တုန်းက အမှတ်ရတာလေးကိုနည်းနည်းလောက် ဆက်ဖောလိုက်ဦးမယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရန်ကုန် MICT ထဲမှာ programming သင်ခန်းစာသင်တုန်းက ဆရာမကရှေ့ကနေ projector နဲ့သင်ရော အဲ့ဒီတုန်းက ကွန်ပျူတာက basic ပဲပြီးသေးတာ ကျွန်တော်က Notepad ဖွင့်လိုက်ပါ။ ဒီကုတ်တင်လေးတွေ ရိုက်ထည့်ဆိုပြီး slide တစ်ခုချပေးတယ်။ ကျွန်တော်ကလည်း မြင်တဲ့အတိုင်း powepoint ထဲမှာရိုက်တာပေါ့။ အဲ့ဒါလေးကိုပြန်အမှတ်ရမိလို့ ကြုံတုန်းအပျင်းပြေအောင်ပြောပြတာပါ။ ကွန်ပျူတာသင်တန်းများအခြေခံသင်ရင် အဲ့ဒီ အသုံးပြုနိုင်တဲ့ Notepad တို့ calculator တို့ကအစပေါ့ဗျာ အဲ့ဒါလေးတွေပါထည့်သင်ပေးကြပါလို့
ကဲလေကတော်တော်လေးရှည်မိသွားပြီ အခုဘယ်သွားမလည်း။ Notepad ထဲကိုသွားမယ်။
Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို ရိုက်ထည့်လိုက်ပါ။
@echo off
echo WoW I know the basics of batch
call call.bat
pause
exit
ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။
နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
@echo off
echo I Love *Y*
pause
ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။
အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။
WoW I know the basics of batch
I Love *Y*
Press any key to continue… (ကြိုက်တဲ့ Key တစ်ချက်နှိပ်လိုက်ပါ)
Press any key to continue… (ဒီစာကြောင်းလေး နောက်တစ်ခါထပ်ပေါ်လာမှာပါ။ နောက်ထပ် ကြိုက်တဲ့ Key ကို နှိပ်မှ Program က ထွက်သွားပါလိမ့်မယ်)
အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..
နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။
ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။

Bat file နှင့် ပါတ်သတ်ပြီးလေ့လာမိသလောက် (1)

ဒီ Batch File Programming  ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ ကျွန်တော်လည်း programming နဲ့ဝေးနေတာတော်တော်လေးကြာပြီ။ ဒါပေမယ့် အခုက bat file နဲ့ပါတ်သတ်ပြီးမေးလာတော့ နည်းနည်းတော့ကြောက်သွားတယ်။ programming ဆိုရင်တော်တော်လေးကြောက်တာ။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့်ကျေးဇူးတင်ပါတယ် စာပြန်ကြည့်ဖြစ်လို့။ ကျနော်ရှာဖွေလေ့လာမိသလောက်လေးကိုပြန်တင်ပေးသွားမယ်။ ကျော်ထက်ဝင်း (နည်းပညာဘားအံ) ရဲ့စာလေးတွေကိုပြန်ဖတ်ဖြစ်သွားတော့ သူ့ကိုလည်းပြန်ညွှန်းပေးချင်ပါတယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
@echo off
echo Hello This is a First Program
pause
အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။
Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program
C:\Documents and Settings\User\Desktop>pause
Press any key to continue…
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို “Hello this is a First Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.
အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause
အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်
Hello Welcome Back
Press any key to continue…
I am testing pause function
Press any key to continue…
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။
အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်
အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….
@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause
ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်
Hello I am back
Press any key to continue…
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်…key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ…)
I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )
Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)
Press any key to continue…
(ဆိုတာလေးလာမှာပါ)
နားလည်ပါ့မလားတော့မသိဘူး… ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ….
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။
-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့…
နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….
အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause
ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။
We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)
အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။
-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)
အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if ‘%option%’==’1′ goto :math
if ‘%option%’==’2′ start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)
:math
echo 2+2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်…
This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2+2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )
Press any key to continue…
အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ…
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ…
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)
ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်… နားလည်အောင် သေချာကြည့်ပေးပါ.
set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။
ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်
ခုနက Program ကို ပြန်ဆက်ပါမယ်…
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်… နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်
set choice
if ‘%choice%’==’1′ goto :math
ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

Wifi Setting

အင်တာနက်ဆိုင်တွေမှာ wifi hotspot အသုံးပြုနည်းနဲ့ ဆော့ဖ်ဝဲလ်လေးပါ။ သိပြီးတတ်ပြီးသူများအတွက် မရည်ရွယ်ပါ။
အင်တာနက်ဆိုင်အတော်များများဖွင့်ထားတဲ့သူတွေထဲမှာ အိုင်တီနယ်ပယ်ကသူများရှိသလို အိုင်တီနယ်ပယ်ထဲကို ၀င်ရောက်လိုသူ ၀ါသနာရှင်များလည်းအများအပြားရှိပါတယ်။ အင်တာနက်ဆိုင်ဖွင့်တော့ service သမားတွေငှားပြီးဆင်လိုက်တယ်ပြီးမှ လိုက်လေ့လာတယ်။ နောက်တစ်ဆင့်ကတော့ မိမိဆိုင်ထဲမှာရှိတဲ့ အင်တာနက်လိုင်းကို အပြင် wifi အသုံးပြုလိုသူတွေကို အိမ်မှာသုံးနိုင်အောင်ပေးသုံးကြပါတယ်။ အဲ့ဒီနေရာမှာ ပေးပြီးသားသူတွေကတော့ ဒီနည်းပညာလေး ဒီဆော့ဖ်ဝဲလ်လေးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ မသုံးသေးတဲ့သူများနဲ့ ကိုယ်တိုင်လက်တွေ့စမ်းသပ်ချင်တဲ့သူတွေအတွက်ကျွန်တော်အခု ဒီ software လေးကိုတင်ပေးပါမယ်။
အသုံးပြုပုံလေးတွေလည်းရှင်းပြပေးပါမယ်။ လေ့လာကြည့်ကြပါ။
ကွန်ပျူတာကိုတစ်လုံးကို server အဖြစ်အသုံးပြုရပါမယ်။ network card တစ်ကဒ်လိုပါတယ်mother board မှာသွားပြီးတော့ အဲ့ဒီ network ကဒ်လေးကို ဆိုက်လိုက်ပါ။
ပြီးရင်တော့ Antamedia Hotspot 1.4.6 ကို http://www.mediafire.com/?kcaksdy5rfmx291 မှာဒေါင်းပါ။
Network card ဆိုဒ်ထားတဲ့အတွက်ကြောင့် Network connection ဟာနှစ်ခုဖြစ်နေပါမယ်။ အောက်ဖက်မှာလာပြမှာက သိတဲ့အတိုင်း network မီးလေးလင်းနေတဲ့ ကွန်ပျူတာလေးတွေက နှစ်စုံခင်ဗျ။ အဲ့ဒီနေရာမှာ network တစ်ခုက Internet Connetion ထည့်ပေးရမယ်။ ကျန်တဲ့တစ်ခုက Wireless (AP) ကို သှားရမှာပါ။ Internet Connection ရတဲ့ကဒ်ကို ICS (Internet Connection Sharing) ပေးလိုက်ပါ။ ကျန်တစ်ကဒ်ကျတော့ (Access Point) ရဲ့ IP က 192.168.0.1 ဖြစ်သွားပါမယ်။ (မိမိစိတ်ကြိုက်ပြန်ပြောင်းနိုင်ပါတယ်။)
Antamedia Hotspot 1.4.6 ကို Run ပါ။ Network Setup ရဲ့ Network interface မှာ (AP) ကိုသှားတဲ့ NIC ကတ်ဖြစ်ရပါမယ်။ IP ကတော့ 192.168.0.1 ပါ။ AP လုပ်မဲ့ Router ဒါမှမဟုတ် CPE ရဲ့ Gateway ကို 192.168.0.1 ထားလိုက်ပါမယ်။ Hotspot ရဲ့ Setting တွေကတော့ နည်းနည်းလောက်လေ့လာလိုက်ရင်ရမယ်ထင်ပါတယ်။ Wi-FiံHotspot သုံးတဲ့ Computer တှကေ Internet Browser တစ်ခုခုကို ၀င်လိုက်တာနဲ့ User Name နဲ့ Password တောင်းလာပါလိမ့်မယ်။ လက်ရှိကျွန်တော်အသုံးပြုနေတာတော့ အဆင်ပြေနေပါတယ်။ အသေးစိတ်ကိုထပ်ပြီးတော့ ပုံလေးတွေနဲ့ ရှင်းပြပေးသွားမယ်။
windows XP နဲ့အဆင်အပြေဆုံးပါပါ။ Win 7 နဲ့အသုံးပြုရင်တော့ Antamedia Hotspot Network interface မှာ NIC ကဒ်တွေမပေါ်တတ်ပါဘူး
နာရီနဲ့ပေးချင်ရင်တော့ Antamedia သုံးပါ။ Squid နဲ့ CCproxy နှစ်မျိုးပေါင်းပြီး Proxy Server အနေနဲ့လည်း Wi-Fi ပေးလို့ရပါတယ်။ ဒီအခါမျိုးမှာတော့ နာရီနဲ့မရဘူးပေါ့ဗျာ။ ကျန်တာကတော့ Server တစ်လုံးထဲမှာ Antamedia Hotspot, Antamedia Cyber Cafe 5.4, Squid, CCproxy 7.2 တို့နဲ့အသုံးပြုမယ်ဆိုရင်ပိုအဆင်ပြေပါလိမ့်မယ်။

Friday 29 June 2012

အားကစားဆိုင်ရာတိုက်ရိုက်ကြည့်လိုသူများအတွက်

ဒီမှာကလစ်ပေးပါ ဘောလုံးပွဲတိုက်ရိုက်ကြည့်ချင်တဲ့သူတွေ အပေါ်ကလင့်နေရာလေးမှာကလစ်ပေးပြီးတိုက်ရိုက်ကြည့်နိုင်ပါပြီ

Window XP backup လုပ်နည်း

Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့် လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။

Backup လုပ်ဖို့ အတွက် Start all programs accessories system tools system restore ကို ရွေးချယ်ပေးပါ။


System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။


Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။


Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start all programs accessories system tools system restore ကို ရွေးချယ်ပေးပါ။

Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။


အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

ဒီထက် ပိုလုပ်နိုင်တာ ကတော့ system recovery options မှာ system restore ကို ရွေးပေးခြင်းပါ။ ဒါပေမယ့် vista မှာဘဲ ရပါတယ်။
registry ထဲ ၀င်မွှေရင် အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။
သယ်ရင်းများအာားလုံးအဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်

Tuesday 8 May 2012

နိုင်ငံအတော်များများမှာအသုံးပြုနေကြတဲ့ proxy နံပါတ်လေးတွေပါ

အသုံးပြုပုံအညွှန်း
(1) firefox ရဲ့ menu bar မှာ Tools ထဲကိုသွားပါ။
(2) option ကိုဝင်
(3) box ကျလာခဲ့ရင် advance ကိုသွား
(4) အဲ့ဒီအောက်မှာ network ကိုနှိပ်၊ အဲ့ဒီအောက်က connection ရဲ့ဘေးမှာ setting ဆိုတာလေးကိုကလစ်ပေးပါ။
(5) အဲ့ဒီ setting ထဲက menual proxy configuration ကိုအမှန်ခြစ်ပြီး ကိုယ်ကျော်မယ့် proxy နံပါတ်ကို ရှေ့ဘောက်နဲ့ port နံပါတ်ကို နောက် box မှာထည့်ပါ။
ပြီးသွားပြီဆိုရင်တော့ အဲ့ဒီောအက်က use this proxy sever for all protocols ဆိုတာကို အမှတ်ခြစ်ပြီး ok လုပ်ပြီးပြန်ထွက်လိုက်ပါ။ proxy တွေကိုတော့ www.myanmarcyberinformationproxy.co.cc မှာရယူနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Tuesday 27 March 2012

software တွေကိုအွန်လိုင်းပေါ်မှာတင် install လုပ်နိုင်ပါတယ်

ကျွန်တော်တို့ကွန်ပျူတာတစ်လုံးကို ၀င်းဒိုးတင်ပြီးတာနဲ့ လိုအပ်တဲ့ software တွေကို တစ်ခွေပြီးတစ်ခွေ ကွန်ပျူတာတည်းထည့်ပြီး install လုပ်ကြရပါတယ်။ ဒီလိုလုပ်နေရတာလေးတွေကို သက်သာသွားအောင်လို့
အွန်လိုင်းပေါ်မှာ တစ်ခါတည်း install လုပ်နိုင်တဲ့နေရာလေးတစ်ခုကို ကျွန်တော်ရှာဖွေရင်းနဲ့သွားတွေ့ခဲ့ပါတယ်။
အခုပေးထားတဲ့လင့်နေရာလေးကိုသွားလိုက်ပါနော်။
ဒီနေရာလေးကိုပါ
ကဲရောက်သွားရင်တော့ software တွေကို အစီအစဉ်လိုက်တွေ့ရပါပြီ။
ဒီနေရာမှာ တင်ချင်တဲ့ software လေးတွေကိုရွေးချယ်ပြီးအမှန်ခြစ်ကလေးပြုလုပ်ရပါမယ်။
ပြီးသွားရင်တော့ Get Install ဆိုတဲ့ buttom လေးကိုကလစ်ပေးလိုက်ခြင်းအားဖြင့် install ပြုလုပ်နိုင်ကြပါပြီ။

Saturday 10 March 2012

အွန်လိုင်းပေါ်တွင် MP3 ဘယ်လိုပြောင်းမလည်း

Youtube မှ သီချင်းလေးတွေကို MP3 ဖိုင်းလေးတွေအဖြစ် အွန်လိုင်းပေါ်မှာတင်ပြောင်းလို့ရမယ့်နည်းလေးပါ။
အရင်ဆုံး ဒီနေရာ လေးမှာကလစ်ပေးရပါမယ်။
အခုလိုမျိုးမြင်ရပါလိမ့်မယ်။
 convert video ဆိုတဲ့ခလုတ်ကလေးရဲ့အပေါ်မှ လွတ်နေတဲ့အကွက်ကလေးမှာ မိမိတို့ ဒေါင်းချင်တဲ့သီချင်းရဲ့
လင့်လေးကို past လုပ်ပေးရပါမယ်။ ဒီလိုလေးပါ။
ပြီးရင်တော့ convert video ဆိုတဲ့ နေရာလေးကိုကလစ်ပေးလိုက်ရပါမယ်။
အခုလိုမျိုးလေးပြောင်းသွားတဲ့အချိန်မှာတော့ download ဆိုတဲ့နေရာလေးကိုကလစ်ပေးပြီး MP3 သီချင်းလေးတွေရယူနိုင်ပါပြီ။
လေးဖြူရဲ့တန်ဖိုးသီချင်းလေးကို MP3 ပြောင်းပြီးလက်ဆောင်ထည့်ပေးးလိုက်ပါတယ်။
လေးဖြူ - တန်ဖိုး (ဒီနေရာမှာဒေါင်းပါ)



Friday 9 March 2012

မိမိအိုင်ပီကြည့်မယ်

ခေါင်းစဉ်လေးမှာပေးထားတဲ့ မိမိစက်ရဲ့ IP နံပါတ်ဘယ်လောက်ဆိုတာကိုကြည့်မယ်ဆိုတာက သိသားသူများအတွက်လွယ်ကူသလောက် မသိသေးတဲ့ယခုမှ ကွန်ပျူတာနည်းပညာကိုလေ့လာနေတဲ့သူများအတွက်တော့ ဘာမှန်းမသိဖြစ်တတ်ကြပါတယ်။
အဲ့ဒါကြောင့် မိမိစက်ဟာ အိုင်ပီဘယ်လောက်ရှိလည်းဆိုတာကို RUN box ထဲကနေ ကြည့်မယ့်နည်းလေးကို
တင်ပေးလိုက်ပါတယ်။
ရှေးဦးစွာ start menu buttom လေးကိုကလစ်ပေးပြီး သူ့အထဲက Run ဆိုတဲ့နေရာလေးကိုကလစ်ပေးရပါမယ်။
ပြီးရင်တော့ ပေါ်လာတဲ့နေရာလေးမှာ cmd ဆိုတာလေးရိုက်ထည့်လိုက်ရပါမယ်။
ဒါကို တစ်နည်းအားဖြင့် command prompt ခေါ်တယ်လို့လည်းခေါ်နိုင်ပါတယ်။
အနက်ရောင် screen နဲ့ box တစ်ခုကျလာပါလိမ့်မယ်။ ဒီအခါမှာတော့ ကျွန်တော့်တို့ ipconfig ဆိုတာလေး
ရိုက်ထည့်လိုက်ရပါမယ်။ ဒါဆိုရင်တော့ ဒီလိုမျိုးလေးမိမိတို့စက်ရဲ့ ip လေးကိုတွေ့ရပါလိမ့်မယ်။ ပြီးရင်တော့ ကီးဘုတ်မှာရှိတဲ့ Enter ခလုတ်ကလေးကိုနှပ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ မိမိစက်ရဲ့ ip နံပါတ်ကို အခြားသောနည်းလေးတွေနဲ့ကြည့်လို့ရပါသေးတယ်။ ဒါပေမယ့် ဒီနည်းလေးက ရိုးရှင်းပြီး ပိုလွယ်လို့တင်ပေးလိုက်ရတာပါ။
 ကဲအားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ။

Saturday 25 February 2012

window XP Audio Driver မရှိသူများအတွက်

Window XP မှာ Audio Driver ပျောက်နေသူများအတွက် ဒီနေရာလေးမှာဆော့ဖ်ဝဲလ်လေးသွားရောက်
ဒေါင်းနိုင်ပါတယ်။
xpdrivers.com/download-sound-audio-driver/_7_96595.cfm

Antivirus ဆော့ဖ်ဝဲလ်တွေ တစ်နေရာတည်းမှာစုထားတယ်

ဗိုင်းရပ်(စ်) ဆော့ဖ်ဝဲလ်တွေ အလွယ်တကူဒေါင်းနိုင်အောင် ဒီနေရာမှာသွားဒေါင်းနိုင်ပါတယ်နော်
http://www.software.com/

အကုန်ဒေါင်းမယ်

အခုဆော့ဖ်ဝဲလ်လေးတွေတစ်နေရာတည်းစုပေးထားတဲ့ နေရာလေးတစ်ခုကို သွားကြည့်ပြီးလိုအပ်တဲ့ဆော့ဖ်ဝဲလ်လေးတွေရှိရင်ဒေါင်းနိုင်ပါတယ်။
သွားရမယ့်နေရာကတော့ http://www.softpedia.com/get/PORTABLE-SOFTWARE/
ပါ

မိမိတို့အသုံးပြုနေတဲ့ firefox ကိုပြုပြင်ကြမယ်

ကျွန်တော်တို့အသုံးပြုနေတဲ့ firefox ကိုဒီဇိုင်းလှလှလေးသုံးချင်တယ်ဆိုရင်တော့ ဒီအောက်မှာပေးထားတဲ့
လင့်လေးတွေကနေ သွားရောက်ဒေါင်းနိုင်ပါတယ်။ add-ones for Firefox လို့ဆိုတဲ့နေရာလေးကိုကလစ်ပေးပေးရမှာပါ ပုံလေးတွေကိုထောက်လိုက်ရင်ပေါ်လာပါလိမ့်မယ်
https://addons.mozilla.org/en-US/firefox/

Microsoft Security Essential ဆိုတဲ့ဆော့ဖ်ဝဲလ်လေးပါ

အားလုံးလည်းအသုံးဝင်လိမ့်မယ်ထင်ပါတယ်။ Microsoft Security Essential ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ။
ကွန်ပျူတာအသုံးပြုနေသူတွေ အသုံးဝင်မယ်ထင်ပါတယ်။ virus အတော်များများရဲ့ရန်ကိုလည်းကာကွယ်ပေးပါတယ်။ ကြိုက်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့လင့်မှာဒေါင်းသွားပါခင်ဗျာ။
http://microsoft-security-essentials.en.softonic.com/

webcammax ကိုကြိုက်ရင်တော့ဒေါင်းသွားရအောင်

vzo ချက်သူများကောင်းပါတယ်webcammaxကိုကြိုက်မယ်လိုလဲထင်ပါတယ်သုံးကြည့်ပေါ့ဘာတွေလုပ်လို့ရလဲသိချင်ရင်တော့ကြိုက်ရင်ဒေါင်းသွားကြည့်ပါ

Wednesday 22 February 2012

ကော်နက်ရှင်ကောင်းမွန်စေဖို့

အခုဒီတစ်ခေါက်ခေါင်းစဉ်လေးကိုတော့ ကော်နက်ရှင်ကောင်းစေဖို့အတွက်လို့အမည်ပေးထားပါတယ်
Speed Up Your Connection In Windows XP ပါ
window xp နဲ့ အင်တာနက်အသုံးပြုနေသူများ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

မိမိရဲ့ကော်နက်ရှင်ကို ပိုမိုကောင်းမွန်အောင်ပြုပြင်လိုသူများအတွက်ပါ။
(1) အရင်ဆုံး run box ထဲမှာgpedit.msc ဆိုတာလေးရိုက်ထည့်ပြီး Ok ကိုကလစ်ပေးလိုက်ပါ။
(2) ပြီးရင်တော့ နောက်ထပ်မြင်တွေ့ရမှာကတော့ 
 ဒီလိုပုံစံလေးပါ။
 (3) ဒီပုံလေးထဲကနေ  local Computer Policy ခေါင်းစဉ်အောက်မှာရှိတဲ့ Computer Configuration ကိုကလစ်ပေးပြီးဖွင့်ရပါမယ်။
(4) ပြီးရင်တော့ သူ့အထဲက Administrative Templates ထဲက Network ဆိုတဲ့နေရာလေးကို ကလစ်ပေးပြီးဖွင့်လိုက်ပါ။
(5) နောက်တစ်ဆင့်ကတော့ Qos Packet Schedule ဆိုတဲ့နေရာလေးကိုကလစ်ပေးပြီးထပ်ဝင်လိုက်ပါ။
(6) ညာဘက်ခြမ်းမှာ Limit reserivable bandwidth ကိုကလစ်ပေးပြီးဖြစ်စေ ။ အပြာရောင်စလုံးလေးနဲ့ဖော်ပြထားတဲ့ properties နေရာမှာပဲဖြစ်စေ ကလစ်ပေးလိုက်မယ်ဆိုရင်
ဒီလိုမျိုး box တစ်ခုကျလာပါလိမ့်မယ်
ဒီနေရာမှာ enable ကိုရွေးချယ်ကလစ်ပေးလိုက်ရပါမယ်။
(7) ပြီးရင်တော့ bandwidthlimit ဆိုတဲ့နေရာက 20 ဆိုတဲ့နေရာလေးမှာ 0 ရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင်တော့ ok ကိုကလစ်ပေးလိုက်နိုင်ပါပြီ။
(8) နောက်ဆုံးတစ်ဆင့်ကတော့ control panel ထဲမှာရှိတဲ့ network & internet connection ထဲက network connection ထဲကိုသွားလိုက်ပါ။ network connection ကိုကလစ်ပေးလိုက်ပါ။ local area network connection ဆိုတဲ့နေရာလေးကို right click ထောက်ပြီး properties ကိုကလစ်ပေးပြီးဝင်ရပါမယ်။
ပြီးရင်တော့ networking tab အောက်မှာရှိတဲ့ Qos Packet Scheduler နေရာမှာ အမှန်ခြစ်ကလေးပေးရပါမယ်။
အားလုံးပြီးသွားရင် Ok နှိပ်ပြီး ကွန်ပျူတာကို Restart ချလိုက်ရပါမယ်။
ဒီနည်းလေးကိုသုံးပြီး မိမိတို့ကော်နက်ရှင်ကောင်းမွန်အောင်ပြုပြင်နိုင်ပါတယ်။

1-Open Run dialog box from Start menu.
2- Type “gpedit.msc” and press Ok.
3- When Group Policy run, go to Local Computer Policy > Computer Configuration > Administrative Templates > Network > Qos Packet Schedule
4- in right side, right click on Limit reseivable bandwidth and select Properties.
5- In Setting tab under Limit reservable bandwidth section select Enabeled .
6- instead of 20 type 0 (zero) and then click ok, and close Group Policy.
7- Now , go to Network connection and right click on your connection and select Properties.
8- Go to Networking tab and cheek Qos Packet Scheduler to be ticked.
9- Restart your PC
:)
Be Success !

Sunday 12 February 2012

အင်တာနက်ဆိုင်ဖွင့်သူများ cafezee အတွက်


အင်တာနက်ဆိုင်ဖွင့်ထားတဲ့သူငယ်ချင်းတွေအတွက် ကျွန်တော်အွန်လိုင်းပေါ်ကနေအလကားရရှိနေတဲ့ cafezee software လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သိပြီးသားသူများလည်းရှိပါလိမ့်မယ်။ Handy Cafe` လို့အမည်ရတဲ့ဆော့ဖ်ဝဲလ်လေးပါ။ အရင်တစ်ခါတုန်းကလည်း ဘယ်လိုမျိုး sign up လုပ်မလည်းဆိုပြီး
ရေးခဲ့ဖူးတာရှိပါတယ်။
http://www.handycafe.com/download.php မှာအခမဲ့ဒေါင်းလို့ရပါတယ်။
ဒေါင်းပြီးသွားရင်တော့ full version ဖြစ်မှာမဟုတ်သေးပါဘူး။ ကုတ်နံပါတ်တောင်းပါလိမ့်မယ်။
အဲ့ဒီအတွက်ဒီနေရာမှာသွားရောက်ပြီး sign up လုပ်ပေးဖို့လိုပါလိမ့်မယ်။
client အလုံး 30 ကနေ 40 အထိ free တောင်းလို့ရပါတယ်။
http://www.handycafe.com/signup.php မှာသွားရောက်ပြီး မိမိ gmail လိပ်စာနဲ့ product key တောင်းယူနိုင်ပါတယ်။
handy Cafe` ရဲ့အဓိကအားသာချက်ကတော့ sever ကွန်ပျူတာကနေ client ကွန်ပျူတာများကို
remove desktop ပုံစံမျိုးထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။
ဒီမှာဒေါင်းပါ http://www.handycafe.com/downloads.php
ဒီမှာလည်းဒေါင်းနိုင်ပါတယ် http://www.handycafe.com/download.php

Saturday 11 February 2012

ဆော့ဖ်ဝဲလ်လေးတွေတော်တော်စုံတဲ့နေရာပါ

ဆော့ဖ်ဝဲလ်လေးတွေတော်တော်စုံတဲ့နေရာလေးတစ်ခုကိုထပ်ပြီးတော့ ညွှန်းချင်ပါတယ်။
အခုပေးထားတဲ့လင့်လေးကိုကလစ်ပေးပြီးသွားရောက်ယူကြပါ။
လက်ရှိကျွန်တော်လည်းသုံးနေပါတယ်။ သိပြီးသူများလည်းရှိချင်ရှိပါလိမ့်မယ်။ မသိသေးသူများအတွက်ပါ။
http://www.brothersoft.com/

Wednesday 8 February 2012

Screenpresso ကြိုက်ရင်ဒေါင်းသွားလို့ရတာပေါ့

http://www.mediafire.com/?yq913p1mwnonih3Screen ကိုစိတ်ကြိုက်ဓာတ်ပုံရိုက်လို့ရပါတယ် Recrod Video ပါလုပ်လို့ရပါတယ်ကြိုက်ရင်တော့ဒေါင်းသွားနိုင်ပါတယ်ကျတော်ကတော့ဒီဆော့ဝဲလေးကိုကြိုက်လို့လက်ရှိသုံးနေပါတယ်သူငယ်ချင်းတို့ကြိုက်ရင်ဒေါင်းသွားနိုင်ပါတယ်ဒီမှာသွားဒေါင်းလော့လုပ်လို့ရပါတယ်http://www.mediafire.com/?yq913p1mwnonih3ဒီမှာဒေါင်းလို့ရပါတယ်တကယ်လို့သူငယ်ချင်းတို့လေ့လာချင်တယ်ဆိုရင်တော့http://www.brothersoft.com/screenpresso-download-450009.html?bottomလာပြီလေ့လာလို့ရပါတယ်ကျတော်ကတော့ရှင်းမပြတော့ဘူးနော်သူငယ်ချင်းတို့စမ်းသုံးစေချင်ပါတယ်တော်တော်လေးကောင်းလို့ပါနားမလည်တာရှိရင်မေးပါ.....ကောင်းသောနေ့လေးတွေဖြစ်ကျပါစေ

Saturday 4 February 2012

Desktop ကိုအလှဆင်ကြမယ်

window အမြင့်တွေတင်လို့ စက်လေးမှာလည်းကြောက်တယ်။ ဒီဇိုင်းဆန်းဆန်းလေးလည်းသုံးချင်တယ်ဆိုသူ များအတွက်ပါ။ window xp ဗားရှင်းအနိမ့်သုံးတဲ့သူများ လန်းနိုင်ကြပါပြီ။ အောက်ဖက်ကလင့်မှာသွားရောက်ဒေါင်းပါ။
http://www.filehippo.com/download_google_desktop/download/f268ed17b64ecae556bd6624a25c0a46/

ဆော့ဖ်ဝဲလ်လေးတွေဒေါင်းကြမယ်

ကွန်ပျူတာတစ်လုံးအတွက်လိုအပ်တဲ့ဆော့ဖ်ဝဲလ်လေးတွေကိုတစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ နောက်ဆုံးပေါ် version အသစ်တွေကအစသွားရောက်ဒေါင်းလို့လွယ်ကူမယ့်နေရာလေး တစ်ခုကို လမ်းညွှန်ပေးလိုက်ချင်ပါတယ်။ အောက်ဖက်မှာလင့်ပေးထားပါတယ် ကလစ်ပေးပြီးလိုချင်တဲ့ ဆော့ဖ်ဝဲလ်လေးတွေကို ဒေါင်းယူနိုင်ပါပြီ။
http://www.filehippo.com/

Thursday 2 February 2012

IDM Software သုံးပြီး down ကြမယ်

ကမ္ဘာ့အကောင်းဆုံး download software စာရင်းထဲမှာတစ်ခုအပါအ၀င်ဖြစ်တဲ့ IDM software ကိုဘယ်လိုသုံးရမလည်းဆိုပြီး မေးတဲ့သူတော်တော်များလာတာကိုတွေ့ရပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့အခု IDM software ကိုဘယ်လိုမျိုးများသုံးမလည်းဆိုတာ လေ့လာကြည့်ကြပါမယ်။
ကျွန်တော်လေ့လာမိသလောက်တော့ တင်ပေးလိုက်ပါတယ်။
IDM software မရှိသေးဘူးဆိုတဲ့သူများကတော့ ဒီမှာသွားရောက်ဒေါင်းလုပ်ဆွဲကြပါ။
http://internetdownloadmanager.com/download.html
ဒီနေရာလေးမှာကလစ်ပေးပြီးသွားရောက်ဒေါင်းနိုင်ပါတယ်။
software တင်နည်းကတော့အခြားသော ပုံမှန်ဆော့ဖ်ဝဲလ်တွေတင်သလိုမျိုးပဲ ပုံမှန် install ပြုလုပ်နိုင်ပါတယ်။
ဆော့ဖ်ဝဲလ်တင်ပြီးသွားပြီဆိုရင်တော့ All program ထဲမှာ IDM software လေးကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ကဲဒီထဲကနေ IDM ဆိုတာကိုကလစ်ပေးလိုက်ပါ။
အခုဖော်ပြတဲ့ပုံအတိုင်းမြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒီအထဲက add URL ဆိုတဲ့နေရာလေးမှာတော့ မိမိတို့ဒေါင်းချင်တဲ့ ဆိုဒ်ရဲ့လင့်လေးကိုထည့်ပေးထားမယ်ဆိုရင်တစ်ခါတည်းတန်းဒေါင်းနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ မိမိအသုံးပြုတဲ့ browser ပေါ်မှာ IDM ကို plugin တစ်ခုအနေနဲ့ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ ရိုးရှင်းပါတယ်။ software install လုပ်ပြီးချိန်မှာ မိမိတို့သုံးလက်စ borwser ကို restart လုပ်ပေးဖို့ပဲဖြစ်ပါတယ်။ borwser ပိတ်သွားပြီ ပြန်ပွင့်လာတဲ့အချိန်မှာတော့အောက်မှာပေးထားတဲ့ပုံလေးအတိုင်းမြင်ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ continue ကိုကလစ်ပေးပြီး add on လုပ်ပေးလိုက်ပါ။ အချို့သော စက်တွေမှာ system တစ်ခုလုံး restart လုပ်ပေးဖို့လိုပါလိမ့်မယ်။ အားလုံးပြီးသွားတဲ့အချိန်မှာတော့ အောက်ဖက်မှာပေးထားတဲ့ ပုံစံအတိုင်းမြင်ရမှာဖြစ်ပြီး မိမိ download ဆွဲလိုတဲ့ video များ audio များနဲ့ အချက်အလက်များအား လွယ်ကူစွာဒေါင်းနိုင်ကြမှာဖြစ်ပါတယ်။ IDM ဆော့ဖ်ဝဲလ်ရဲ့ကောင်းကွက်နောက်တစ်ခုကတော့ မိမိဒေါင်းလို့တဲ့ လင့်လေးကို select ပေးပြီးတော့လည်းဒေါင်းနိုင်ပါတယ်။

IDM နဲ့အတူအားလုံး ပျော်ရွှင်ချမ်းမြေ့စွာ ဒေါင်းနိုင်ကြပါစေ။နောက်ထပ်လေ့လာလို့ရတာလေးတွေရှိခဲ့ရင် လည်းတင်ပေးပါဦးမယ်။

ဒီနေရာမှာလည်းဒေါင်းနိုင်ပါတယ်။
http://internetdownloadmanager.com/download.html


Monday 16 January 2012

Cnet Tech Tracker ဘယ်လိုသုံးမလည်း

အင်တာနက်ကော်နက်ရှင်အသုံးပြုပြီး software ပြသနာတွေ ဖြေရှင်းကြမယ်
ဒီတစ်ခါကွန်ပျူတာနည်းပညာကိုအသုံးပြုပြီးအလုပ်လုပ်နေရသူတွေ အင်တာနက်ကော်နက်ရှင်ရှိရက်နဲ့ software 
ပိုင်းဆိုင်ရာပြသနာတွေကို အချိန်ယူဖြေရှင်းနေရတဲ့ သူတွေအတွက်အဆင်ပြေစေဖို့အတွက်
အင်တာနက်လိုင်းပေါ်မှာပဲအလွယ်တကူ ယူလို့ရပြီးသုံးလို့ရမယ့် software လေးတစ်ခုနဲ့မိတ်ဆက်ပေး
ပါမယ်။ ဒီဆော့ဖ်ဝဲလ်လေးကတော့ Technical ပိုင်းဆိုင်ရာ Web Site တစ်ခုဖြစ်တဲ့ Cnet ရဲ့ Cnet Tech
Tracker ပဲဖြစ်ပါတယ်။
Cnet Tech Tracker ဟာ Freeware တစ်ခုဖြစ်ပြီး www.cnet.com မှတဆင့်ဒေါင်းလုပ်ပြုလုပ်ပြီး 
ရယူနိုင်ပါတယ်။ Tech Tracker ရဲ့ အဓိကလုပ်ဆောင်ချက်တွေကို လေ့လာကြည့်ရမယ်ဆိုရင်တော့ 
စက်တစ်လုံးမှာ ထည့်သွင်းထားတဲ့ software တွေရဲ့ Update ဖြစ်မှုအခြေအနေတွေကို ဆန်းစစ်ပေးမှာဖြစ်ပြီး၊ 
လိုအပ်တဲ့ Update ဖိုင်တွေကိုလည်း TechTracker မှတစ်ဆင့်ရယူနိုင်မှာဖြစ်ပါတယ်။ Software တွေရဲ့ Update 
ဖြစ်မှုအခြေအနေကို လည်း Auto Scanning ပြုလုပ်ပေးမှာဖြစ်ပြီး၊ Update မဖြစ်တဲ့ software တွေကိုလည်း 
စီစစ်ပေးမှာဖြစ်ပါတယ်။ လိုအပ်ချက်တစ်ခုအနေနဲ့ကတော့ Online အသုံးပြုတဲ့စက်တွေမှာသာ 
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
   Cnet Tech Tracker ဟာ software တစ်ခုချင်းစီရဲ့ list ကို ဦးစွာအနေနဲ့ဖော်ပြပေးမှာဖြစ်ပြီး software
တိုင်းရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်းဖော်ပြပေးမှာဖြစ်ပါတယ်။ အသေးစိတ်ဖော်ပြပေးတယ် ဆိုတဲ့ 
နေရာမှာလည်း လက်ရှိအသုံးပြုနေတဲ့ Software အမည်။ Version တို့မှအစဖော်ပြပေးပါတယ်။ နောက်ဆုံး 
version ကိုဖော်ပြပေးတဲ့အပြင် download ရယူဖို့အတွက်ပါ လင့်ပေးထားမှာဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်တဲ့ 
နေရာမှာလည်း software ရဲ့ သက်ဆိုင်ရာ website ကိုသွားရောက်နေဖို့မလိုအပ်ပါဘူး။ Tech Tracker ကနေပဲ 
တိုက်ရိုက်ဒေါင်းလို့ရပါတယ်။ software တစ်ခုချင်းစီကို အလွယ်တကူ ရှာနိုင်ဖို့အတွက်လည်း Tech Tracker 
ရဲ့အပေါ်ဆုံးမှာ Search Box လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ searchBox မှပဲ software တွေတစ်ခုချင်းဆီ 
ကိုသွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
ကွန်ပျူတာအတွင်းမှာရှိတဲ့ software  တစ်ခုဟာ Update မဖြစ်တော့ဘူးဆိုရင်တော့ အနီရောင် Alert 
ပြပေးထားမှာဖြစ်ပါတယ်။ software တစ်ခုချင်းစီရဲ့ setting ကိုလည်း လေ့လာနိုင်ပြီး။ သူရဲ့ information 
တွေကအစသိရှိနိုင်မှာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် software ဟာစက်အတွင်းမှာ Error 
ဖြစ်နေမယ်ဆိုရင်လည်း၊ Tech Tracker ဟာဒီအခက်အခဲတွေကိုဖြေရှင်းပေးနိုင်ပါတယ်။ Software 
ရဲ့သက်ဆိုင်ရာ Website ကို Error နဲ့ပါတ်သတ်ပြီး report တွေလည်းပို့ပေးနိုင်ပါတယ်။ 
သူ့ရဲ့အဓိကလိုအပ်ချက်ကတော့ အင်တာနက်ကော်နက်ရှင်ရနေဖို့ပဲဖြစ်ပါတယ်။ Test scan 
လုပ်တဲ့အချိန်ဟာလည်းအလွန်လျှင်မြန်ပြီး တိကျတဲ့ Result ကိုထုတ်ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ 
အပေါ်ဆုံးမှာတော့ software list ရဲ့ Update ဖြစ်တဲ့ software အရေအတွက်နဲ့ Update မဖြစ်တဲ့ software 
အရေအတွက်ကိုဖော်ပြပေးထားတာကိုတွေ့ရပါတယ်။ Update မဖြစ်တဲ့ list ကိုနှိပ်မယ် ဆိုရင်တော့ 
စာရင်းကိုအတိအကျတွေ့ရမှာဖြစ်ပြီး အလွယ်တကူ Update ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ software တစ်ခုရဲ့ 
Update ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ကွန်ပျူတာတစ်လုံးအတွက် များစွာအရေးပါလှတယ်ဆိုတာကိုလည်း 
အသုံးပြုနေသူအားလုံးသိထားပြီးဖြစ်ပါတယ်။ software list ကိုလည်း Alphabet အလိုက်စီနိုင်မှာဖြစ်သလို size 
အလိုက်လည်းစီတန်းပေးနိုင်မှာဖြစ်ပါတယ်။
ကဲဒီလောက်ဆိုရင်တော့ Cnet Tech Tracker ကိုမိမိကွန်ပျူတာပေါ်မှာ တင်ထားခြင်းဖြင့် 
အကျိုးသက်ရောက်မှုကိုသိရှိပြီးဖြစ်မယ်လို့ယူဆပါတယ်။အောက်ဖက်မှလည်းဒေါင်းဖို့အတွက်လင့်လေးပေးထားပါမယ်။
click ပေးပြီးဒေါင်းနိုင်ပါပြီ။

Sunday 8 January 2012

အသံပိုင်းဆိုင်ရာ ပေါ့ပေါ့ပါးပါးဆော့ဖ်ဝဲလ်သုံးလိုသူများအတွက်

နည်းပညာပိုင်းဆိုင်ရာ software တွေအများအပြားထွက်လာခဲ့တဲ့အထဲမှာ အသံပိုင်းဆိုင်ရာ ဆော့ဖ်ဝဲလ်တစ်မျိုး ဖြစ်တဲ့  free sound Recorder ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးဟာလည်း ကျွန်တော်တို့ အလွယ်တစ်ကူဒေါင်းလို့ရတဲ့ ဆော့ဖ်ဝဲလ်တစ်မျိုးထဲမှာ ပါဝင်လာပါတယ်။ အသံကြည်လင်ပြတ်သားမှုရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲရလွယ်ကူစေတဲ့ software လေးတစ်မျိုးဖြစ်လို့ လိုချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ လင့်လေးကနေ ဒေါင်းလို့ရပါတယ်။
http://www.sound-recorder.biz/download_freesoundrecorder.html
http://download.cnet.com/Free-Sound-Recorder/3000-2168_4-10698910.html?part=dl-6294926&subj=dl&tag=button ဒီနေရာမှာ ကလစ်ပေးပါ။

Monday 2 January 2012

နားဆင်လိုသော သူငယ်ချင်းများအတွက် သီချင်းလေးများ

http://soundcloud.com/justforumyheart

Gtalk Idile လေးကို ဒီလိုလေးအသုံးပြုလိုက်ကြရအောင်

Gtalk Idile ဘယ်လိုသုံးကြမလည်း 
ကျွန်တော်တို့ Gtalk အကောင့်လေးမှာအစိမ်းရောင်လေးမှ အ၀ါရောင် Idile လေးဖြစ်သွားအောင်အသုံးပြုပုံ
လေးကို မသိသေးသူများသိရှိစေရန် တင်ပေးလိုက်ပါတယ်...တင်ပေးလိုက်တဲ့ Link နေရာလေးကိုသွားပြီး
 ယူပြီး install ချပါခင်ဗျာ ယခုပုံထဲကလို အသုံးပြုပါခင်ဗျာ 
Gtalk Idile လေးအသုံးပြုရင်း အဆင်ပြေပါစေခင်ဗျာ.....

Sunday 1 January 2012

Window XP တင်ခြင်း

Window XP ဆိုတာကို ကွန်ပျူတာအသုံးပြုသူအားလုံးနီးပါသိကြပါတယ်။ အတော်များများလည်း တင်တတ်ကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာနယ်ပယ်ထဲကိုအခုမှဝင်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အခြားသော ကွန်ပျူတာ ကဏ္ဍတွေမှာအလုပ်လုပ်နေတဲ့ သူတွေအနေနဲ့ မသိသေးသူများရှိသေးလို့ Window XP တင်ခြင်းခေါင်းစဉ်နဲ့ တင်နည်းလေးရေးပေးလိုက်ပါတယ်။

Widnow XP ဆိုတာ
             Window XP ဆိုတာကတော့ အမေရိကန်နိုင်ငံ မိုက်ခရိုဆော့ဖ်ကနေထုတ်လုပ်ထားတဲ့ window software တစ်မျိုးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပါတ်ဝန်းကျင်အတော်များများမှာတွေ့နေရသေးတဲ့ window ဖြစ်ပါတယ်။ သူက window 7 , window 8 တို့လောက် security ပိုင်းဆိုင်ရာနဲ့ function တွေမစုံပေမယ့် ကျွန်တော်တို့အတွက်တော့ သုံးလို့ကောင်းနေဆဲ window စာရင်းထဲမှာ ပါဝင်ပါသေးတယ်။
ဒါဆို ကျွန်တော်တို့ window XP ဘယ်လိုတင်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးကို စရှင်းလိုက်ကြရအောင် . . . .
window တင်ဖို့အတွက်တော့ ကျွန်တော်အရင်က ရေးထားခဲ့တဲ့ BIOS SETUP ပြင်ဆင်ခြင်းကိုအရင်ပြုလုပ်ရပါမယ်။ ခေါင်းစဉ်ခွဲတစ်ခုဖြစ်သွားတဲ့အတွက် မဖတ်ရသေးသူများ ပြန်ဖတ်စေလိုပါတယ်။ BIOS SETUP ကိုပြင်ဆင်ပြီးမှသာ window တင်လို့ရမှာဖြစ်တဲ့အတွက်ပါ။
အရင်ဆုံး ကျွန်တော်တို့ window XP အခွေကို CD (သို့) DVD Drive ထဲကိုထည့်ပေးထားရပါမယ်။
BIOS SETUP ကိုပြင်ဆင်ပြီးတဲ့နောက် ကွန်ပျူတာဟာ Restart ဆင်းပါလိမ့်မယ်။ ပြီးတာနဲ့ ကျွန်တော်တို့ ကွန်ပျူတာပြန်ပွင့်လာတဲ့အချိန်မှာ monitor မြင်ကွင်းအောက်ဘက်မှာ press any key buttom ဆိုတဲ့ စာတမ်းလေးကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင်ကျွန်တော်တို့ keyboard မှာရှိတဲ့ key တစ်ခုခုကိုရိုက်ထည့်ဖို့အတွက်ပဲဖြစ်ပါတယ်။ အကြောင်းရင်းကတော့ boot လုပ်ဖို့အတွက်ပါ။ သတိပြုရမယ့်အချက်တစ်ချက်တော့ရှိပါသေးတယ်။ ဒါကတော့ delete key နဲ့ F1 to F12 key တွေကိုမနှိပ်မိဖို့ပါပဲ။ ကျွန်တော်ကတော့ များသောအားဖြင့် နှိပ်လို့ကောင်းတဲ့ Enter key ကိုနှိပ်တာများပါတယ်။ မိမိအားသန်တဲ့ key နှိပ်ပေါ့နော်။
ပြီးရင်တော့ press any key boot from CD . . . . ဆိုပြီးစာတမ်းလေးပေါ်လာပါလိမ့်မယ်။ မပေါ်ခဲ့ဘူးဆိုရင်တော့ မိမိကွန်ပျူတာမှာရှိတဲ့ Drive ကြောင့်ဖြစ်စေ၊ window ခွေကြောင့်ဖြစ်စေ တစ်ခုခုလွဲချော်ခြင်းပဲဖြစ်ပါတယ်။ အကုန်လုံးအဆင်ပြေတယ်ဆိုရင်တော့ window XP တင်ခြင်းအစီအစဉ်ကို ဆက်လက်လုပ်ဆောင်လို့ရပါပြီ။ ခုနက  press any key boot from CD . . . . ဆိုတဲ့ စာကြောင်းလေးပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့ ခုနကလိုမျိုးပဲ keyboard က key တစ်ခုခုကို နှိပ်ပေးထားရပါဦးမယ်။
ပြီးရင်တော့ အောက်မှာပေးထားတဲ့ပုံလေးတွေအတိုင်း တစ်ဆင့်ခြင်းအလုပ်လုပ်နေတာကို ခဏစောင့်ပေးရပါမယ်။


အခုနောက်ဆုံးမြင်တွေ့ရတဲ့ ပုံလေးအတိုင်းပေါ်လာပြီဆိုရင်တော့ window ဆက်တင်မှာလား မတင်ဘူးလားဆိုတာကိုမေးတာပဲဖြစ်ပါတယ်။ အောက်ဖက်မှာမေးထားတာကိုတွေ့ရပါလိမ့်မယ် F8= I agree, Esc= I do not agree ဆိုတာကိုတွေ့ရမှာပါ။ window ဆက်လက်တင်ချင်တယ်ဆိုရင်တော့ key board မှာရှိတဲ့  F8 ခလုတ်ကိုနှိပ်ပေးရမှာဖြစ်ပြီး မတင်ချင်တော့ဘူးဆိုရင် Esc key ကိုသုံးပြီးပြန်ထွက်လို့ရတယ်လို့ မေးထားပါတယ်။ ကျွန်တော်တို့ကတော့ ၀င်ဒိုးဆက်လက်တင်မှာဖြစ်တဲ့အတွက် F8 ကိုပဲနှိပ်လိုက်ကြပါမယ်။ ပြီးရင်တော့ အောက်မှာပေးထားတဲ့ မြင်ကွင်းမျိုးကိုမြင်ရပါမယ်။ အောက်မှာပေးထားတဲ့ ပုံလေးကိုကြည့်လိုက်ကြရအောင်
ဒါကတော့ partition ပိုင်းမယ့်အခန်းကဏ္ဍပဲဖြစ်ပါတယ်။
Partation ပိုင်းခြင်း
 ကျွန်တော့်တို့ရဲ့ ကွန်ပျူတာထဲမှာ data အချက်အလက်တွေကို သိုလှောင်သိမ်းဆည်းပေးတဲ့ Hardisk ဆိုတဲ့ ပစ္စည်းရှိနေပါတယ်။ ဒါပေမယ့် ဘယ်လောက်ပမာဏသိမ်းဆည်းနိုင်မလည်းဆိုတဲ့ ပမာဏသတ်မှတ်ချက်လည်းရှိပါတယ်။ Harddisk တွေရဲ့သိုလှောင်နိုင်မှု ပမာဏကိုတော့ အလွယ်အားဖြင့် ကျွန်တော်တို့က GB နဲ့ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ကွန်ပျူတာထဲမှာတော့ သူ့ကို MB နဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ Harddisk ဘယ်လောက်ပမာဏရှိလည်းဆိုတာကို ကြည့်လိုက်ကြရအောင်။ 1998 MB လို့ဖော်ပြထားပါတယ်။ အခုကတော့ 1000 GB ရှိတဲ့ Harddisk တောင်ရှိ နေပါပြီ။ ကဲအခုကတော့ကျွန်တော့်မှာ 1998 MB ပဲရှိပါတယ်။ ဒီတော့ ကျွန်တော် partation ပိုင်းတဲ့ အပိုင်းကိုပြန်ပြောပါမယ်။ partation ပိုင်းတယ်ဆိုတာကတော့ မိမိမှာရှိတဲ့ Harddisk ကို အခန်းတစ်ခုခြင်းဆီခွဲတာနဲ့အတူတူပါပဲ။ 80 GB ရှိတဲ့ Harddisk ဆိုရင် 40 GB စီ နှစ်ပိုင်းခွဲလိုက်တယ်။ ဒါမျိုး အခန်းတွေကန့်တာပါပဲ။ မိမိတင်ချင်တဲ့ အခန်းမှာ ၀င်းဒိုးတင်လို့ရပါတယ်။ ကျန်တဲ့တစ်ပိုင်းကတော့ သိမ်းချင်တာသိမ်းပေါ့။ ၀င်းဒိုးစနစ်တွေကိုတော့ တစ်ပိုင်းမှာသိမ်းမယ်။ ကျန်တစ်ပိုင်းကို data သိမ်းမယ်ဒါမျိုးသက်မှတ်ရမယ့်အစီအစဉ်တစ်ခုပေါ့။ ဒီတော့ ဘယ်လိုမျိုးပိုင်းမလဲဆိုတာကြည့်လိုက်ကြ ရအောင်နော်။ အရင်ဆုံးကတော့ Harddisk အသစ်ဆိုရင် တစ်ပိုင်းတည်းပေါ်နေမှာပါ။ ကျွန်တော့်ပုံမှာပြထားတဲ့အတိုင်း C: ဆိုတဲ့နာမည်လေးနဲ့ ပေါ်နေမှာပါ။ ကျွန်တော်တို့က နောက်ထပ် D: တို့ E: တို့လည်းခွဲချင်သေးတယ်လေ။ ဒီတော့ ဒီစာမျက်နှာကိုရောက်ပြီဆိုရင် အပေါ်မှာရေးပေးထားတဲ့ စာလေးတွေကိုဖတ်ရပါတော့မယ်။
 အပေါ်ဆုံးစာကြောင်းကတော့ window xp ကို ဒီ select ပေးထားတဲ့ partation အပိုင်းပေါ်မှာတင်ချင်တယ်ဆိုရင်တော့ Enter ကိုနှိပ်ပါတဲ့။  အကယ်လို့များ harddisk က အသစ်ဖြစ်နေလို့ ဘာနာမည်မှမပေးရသေးဘူးဆိုရင်တော့ C key ကို နှိပ်ပြီး partation အသစ်တစ်ခုသတ်မှတ်နိုင်ပါတယ် လို့ပြောတာပါ။ နောက်တစ်ခုကတော့ ရှိပြီးသား partation ကိုဖျက်ချင်တယ်ဆိုရင် D key ကိုနှိပ်ခိုင်းတာဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့ ကျွန်တော်တို့ ရှိပြီးသား partation ကိုအရင်ဖြတ်ကြည့်ရအောင်။
ဒီနေရာမှာ သတိထားရမယ့်အပိုင်းရှိပါတယ်။ အကယ်လို့များကျွန်တော်တို့စက်ထဲမှာ Data တွေသိမ်းဆည်းထားခဲ့မယ်ဆိုရင် တစ်ခါတည်းပျက်သွားမှာဖြစ်ပါတယ်။ ကိုယ် Delete လုပ်တဲ့အပိုင်းက Data တွေဟာ ပျက်ကုန်မှာဖြစ်ပါတယ်။ သံယောဇဉ်ပြတ်တယ်ဆိုရင်တော့ D ကိုသာနှိပ်လိုက်ပါ။
အောက်မှာပြထားတဲ့ပုံအတိုင်း လာပေါ်နေပါလိမ့်မယ်။
ထပ်ပြီးမေးတာဖြစ်ပါတယ်။ မှားယွင်းနှိပ်မိတာမျိုးဖြစ်မှာစိုးတဲ့အတွက်ပါ။ ဆက်လက်လုပ်မယ်ဆိုရင်တော့ enter ကိုနှိပ်ပေးရမှာဖြစ်ပြီး။ မဖျက်တော့ဘူးဆိုရင် Esc ကိုသုံးပြီးပြန်ထွက်လို့ရပါသေးတယ်။
ပြီးရင်တော့ ခုလိုမျိုးထပ်ပြီးမေးပါသေးတယ် တစ်ကယ်ဖျက်မယ်ဆိုရင်တော့ L key ကိုနှိပ်ပါလို့မေးထားပါသေးတယ်။ ကျွန်တော်တို့မဖျက်ဖူးဆိုရင်တော့ Esc နဲ့ထွက်နိုင်ပါသေးတယ်။
L key ကိုနှိပ်လိုက်ပြီဆိုရင်တော့ အခုလိုမျိုးမြင်ရပါမယ်။ အောက်ဖက်ကပုံကိုကြည့်ပါ
နာမည်လည်းပျောက်သွားပါပြီ။ ပြီးတော့ သူ့မှာ Unpartation Space ဆိုပြီးတော့လည်းလာပြနေပါပြီ။
ဒီလိုအခြေအနေမျိုးရောက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ partaton အသစ်သက်မှတ်လို့ရပါပြီ။
အပေါ်မှာပေးထားတဲ့ စာအတိုင်း C key ကိုအသုံးပြုပြီး partation အသစ် သက်မှတ်ပါမယ်။
အောက်မှာပေးထားတဲ့ပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။
ဒီနေရာမှာကျွန်တော်တို့မြင်ရမှာကတော့ ကိုယ်တိုင်စိတ်ကြိုက် partation ပိုင်းဖို့ပဲဖြစ်ပါတယ်။ creat partation of size ဆိုတဲ့ စာကြောင်းမှာ ကျွန်တော်တို့ Harddisk ရဲ့ ဆိုဒ်ပမာဏကို လာပြနေပါလိမ့်မယ်။ ကဲဒီနေရာမှာ နှစ်ပိုင်းပိုင်းချင်တဲ့သူက ပေါ်နေတဲ့ ဆိုဒ်ကို 2 နဲ့စား၊ 3 ပိုင်းပိုင်းချင်တဲ့သူက 3 နဲ့စားပြီး ရတဲ့အဖြေကိုရိုက်ထည့်ပေးရပါမယ်။  ပြီးရင်တော့ Enter ကိုနှိပ်ရပါမယ်။
ကျွန်တော်ကတော့ harddisk ပမာဏဆိုဒ်သေးတဲ့အတွက် တစ်ပိုင်းထဲထားပါတယ်။ အခုပုံမှာမြင်ရတဲ့အတိုင်းလေးပါ။
ကဲဒီလောက်ဆိုရင် partation ပိုင်းတတ်ပြီလို့ထင်ပါတယ်။
ကဲဒါဆိုဘာဆက်လုပ်ကြမလဲ။ window ဆက်လက်တင်ကြပါမယ်။ ဒါဆိုရင်တော့ အခုလက်ရှိအနေအထားအရဆိုရင် Enter ကိုနှိပ်ပေးရပါမယ်။
ဒါကတော့ကျွန်တော် Enter နှိပ်လိုက်တဲ့အချိန်မှာ မြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။
ဒီနေရာမှာလည်းကျွန်တော်တို့ စာတွေဖတ်ပေးရပါဦးမယ်။ ရွေးချယ်ဖို့အတွက် 4 မျိုးပေးထားပါတယ်။
ဘာအတွက်လည်းဆိုရင် Format ရိုက်ဖို့အတွက်ပါ။ Format  ရိုက်တယ်ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင် ကျွန်တော်တို့ window တင်မယ့် Partation ကိုဆေးပြစ်တဲ့သဘောပါ။ ကျွန်တော်တို့ ရွေးရမှာက NTFS စနစ်နဲ့ရိုက်မှာလား FAT နဲ့ရိုက်မှာလားဆိုတာပါ။
ဒီနေရာမှာထပ်ပြီးတော့ ရွေးရပါသေးတယ်။ ဘာလည်းဆိုတော့ မြန်မြန်ရိုက်မှာလား နှေးနှေးရိုက်မှာလားဆိုတာပါပဲ။ မြန်မြန်ရိုက်တာနဲ့ နှေးနှေးရိုက်တာ ဒီနေရာမှာတော့ နှေးနှေရိုက်တာက ပိုပြီးကောင်းပါတယ်။ ဒါပေမယ့် အခုအတော်များများကတော့ မြန်မြန်ကိုပိုကြိုက်ကြပါတယ်။ ကဲကျွန်တော်ကတော့ ပုံမှန်လေးပဲအလုပ်လုပ်လိုက်ပါပြီနော်။ အော် NTFS နဲ့ပါ။
NTFS စိတ်ကြိုက်ရွေးပါ။ ပြီးရင် Enter ကိုနှိပ်လိုက်ပါဦး။ ဒီအတိုင်းမြင်ရပါလိမ့်မယ်။
100% ပြည့်တဲ့အထိ စောင့်ပေးရပါမယ်။ 100% ပြည့်သွားတဲ့အချိန်မှာတော့
creating list to be copies ဆိုတဲ့စာကြောင်းလေးနဲ့ ကွန်ပျူတာဟာဆက်လက်အလုပ်လုပ်နေပါပြီ။ ဒီအချိန်မှာတော့ ကျွန်တော်တို့အလုပ်နားနေလို့ရပါတယ်။ ကွန်ပျူတာက သူ့ဟာသူ အလုပ်ဆက်လုပ်နေပါပြီ။


ပထမပုံကတော့ window CD ထဲမှာရှိတဲ့ window စနစ်ပိုင်းဆိုင်ရာ file တွေကို harddisk ထဲကို ကော်ပီကူးထဲ့တဲ့အဆင့်ဖြစ်ပါတယ်။ ဒုတိယပုံကတော့ ဖိုင်တွေကိုပြန်လည်စစ်ပြီးအချောသတ်ကူးထည့်ထားတဲ့အဆင့်ဖြစ်ပါတယ်။ နောက်ဆုံးပုံကတော့ ဖိုင်များအားလုံး ကူးထည့်ပြီးပြီဖြစ်တဲ့အတွက် restart ပြန်လုပ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ရွေးချယ်စရာလေးပေးထားပါတယ်။ Enter ခလုတ်ကိုနှိပ်မယ်ဆိုရင်တော့ ကွန်ပျူတာဟာ restart ပြန်လုပ်ထားပါမယ်လို့ပြောတာပါ။ မစောင့်နိုင်တဲ့သူတွေအတွက်ပေါ့။ ကျွန်တော်ကတော့ နည်းနည်းအပျင်းထူတဲ့အတွက်ကြောင့် ဘာမှကိုမလုပ်ပဲဒီအတိုင်းထားလိုက်ပါတယ်။ ဒီအတိုင်းထားလိုက်ရင်လည်း ကွန်ပျူတာဟာအလိုအလျှောက် restart ပြန်လုပ်ပေးမှာပါ။ ဒါဆိုရင်တော့ window တင်တာ ဒုတိယအဆင့်ပြီးပြီလို့ ယူဆလို့ရပါတယ်။
အားလုံးလွယ်ကူချောမွေ့စွာလုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ။
ကဲ window XP harddisk ပေါ်ကိုကူးထည့်တဲ့ အဆင့်ပြီးသွားပြီဆိုရင်တော့ နောက်ထပ်တင်တဲ့အဆင့်တွေကိုဆက်ရေးပေးပါဦးမယ်။
ကွန်ပျူတာက restart ဆင်းသွားပြီးပြီဆိုတော့ ကွန်ပျူတာဟာ ပိတ်ပြီးပြန်ပွင့်လာပါပြီ
ဒီအခြေအနေမှာ ထပ်ပြီးတော့ press any key buttom ဆိုတဲ့ စာကြောင်းမေးလာပြန်ပါပြီ
ကျွန်တော်တို့ဘယ် key မှမရိုက်မိအောင်သတိထားရပါမယ်။ ဘာကြောင့်လည်းဆိုရင် ကွန်ပျူတာဟာ အလိုအလျှောက် အခွေကိုဖတ်မှာဖြစ်လို့ပါပဲ။ ဒီတော့ ဘယ် key မှမရိုက်ပဲနေလိုက်ကြရအောင်နော်။
ဒါဆိုရင်တော့ ကွန်ပျူတာမှာ ဒီလိုမျိုးပြန်တက်လာပါလိမ့်မယ်။ အောက်မှာပေးထားတဲ့ပုံလေးကိုကြည့်လိုက်ကြပါ။ ၀င်းဒိုး XP စတက်လာရင်မြင်ရတဲ့မြင်ကွင်းမျိုးပါ။
 ဒီအခြေအနေအားလုံးကို ကွန်ပျူတာဟာ သူ့အလိုအလျှောက်ပြုလုပ်နေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့စောင့်ဆိုင်းပေးယုံပါပဲ။ နောက်ထပ်ပြောင်းလဲသွားမယ့်အဆင့်ဆင့်ကို ပုံလေးတွေနဲ့ ပြပေးသွားပါမယ်။

ကဲဒီလိုမျိုးအဆင့်ဆင့်ပေါ်လာပြီးနောက်မှာတော့ ကျွန်တော်တို့ပြုလုပ်ပေးရမယ့်အဆင့်လေးပါဝင်လာပါပြီ။
ဒီအောက်မှာပေးထားတဲ့ပုံလေးကိုကြည့်လိုက်ပါ။
ကျွန်တော်ကတော့ window XP professional ကိုတင်တာဖြစ်တဲ့အတွက်ကြောင့် အခွေဝယ်တုန်းက အခွေပေါ်မှာ serial no လေးပေးလိုက်ပါတယ်။ ဒီနံပါတ်တွေကို မမှားအောင်ဂရုပြုပြီး product key ရဲ့အကွက်လေးတွေမှာဖြည့်ပေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ next ကိုကလစ်ပေးရပါမယ်။
နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ရဲ့ ကွန်ပျူတာ နာမည်လေးပေးမှာဖြစ်ပါတယ်။ မိမိစိတ်ကြိုက်နာမည်ကို computer name ဆိုတဲ့ box ထဲမှာရိုက်ထည့်ပေးရပါမယ်။
ပြီးရင်တော့ အောက်ဖက်မှာ administration password ဆိုပြီးတောင်းထားတဲ့ password တောင်းတဲ့ box ကလေးကိုတွေ့ရမှာပါ ဒီနေရာမှာ password ရိုက်ထည့်ထားလို့လည်းရပါတယ်။ မရိုက်လည်းရပါတယ်။ ကျွန်တော်ကတော့ ရိုက်ထည့်မထားတာများပါတယ်။ မိမိတို့စိတ်ကြိုက်ဆုံးဖြတ်ပေးပါနော် ဒီနေရာလေးမှာ။ ပြီးရင်တော့ next ကိုကလစ်ပေးပါ။ အချိန်နဲ့နာရီတွေပြုပြင်ပြောင်းလဲဖို့အတွက် box တစ်ခုကျလာပါဦးမယ်။ ဒီနေရာမှာလည်း မြန်မာနိုင်ငံကလူတွေကတော့ Time zone မှာ သွားရောက် Rangon ဆိုတာလေးကိုရွေးပေးနိုင်ပါတယ်။ ဒီအဆင့်မှာ မပြောင်းလည်း ပြသနာတော့မရှိပါဘူး။ ဒီအဆင့်တွေအားလုံးဟာ ကျွန်တော်တို့ ၀င်းဒိုးတင်ပြီးအသုံးပြုနေချိန်တွေမှာလည်း ပြန်လည်ပြင်ဆင်လို့ရတဲ့အတွက်ပါပဲ။ ပြီးရင်တော့ next ကိုကလစ်ထပ်ပေးပေးပါ။

ပြီးရင်ကွန်ပျူတာဟာ ပုံလေးမှာမြင်ရတဲ့အတိုင်း ဆက်လက်အလုပ်လုပ်ကိုင်နေမှာပါ။ ပြီးရင်တော့ ကွန်ပျူတာဟာ restart ပြန်ဆင်းတတ်ပါတယ်။ အချို့စက်တွေမှာတော့ restart မလုပ်ကြပါဘူး ဒီအတိုင်းဆက်ပြီးအလုပ်လုပ်ကြပါတယ်။ restart ဆင်းတဲ့ကွန်ပျူတာတွေအတွက်ကတော့ ဒီပုံစံမျိုး ပြန်တွေ့ရဦးမှာပါ။

နောက်ထပ်ထပ်ပြီးတွေ့ရမှာကတော့ ဒီလိုပုံစံပါ။
ဒီနေရာမှာ ok ကိုကလစ်ပေးလို့ရပါပြီ။ အခုအခြေအနေမှာတော့ Mouse ကိုအသုံးပြုလို့ရပါပြီ။
display setting ကိုပြုပြင်နေခြင်းပဲဖြစ်ပါတယ်။
ok ကိုကလစ်ပေးပြီးတဲ့နောက်မှာ ထပ်တွေ့ရမယ့် box တစ်ခုပါ။ ဒီမှာလည်းပဲ ok ကိုထပ်ပြီးရွေးချယ်ပေးနိုင်ပါတယ်။
ပြီးသွားပြီဆိုရင်တော့
adminstrator password ပေးထားခဲ့တဲ့သူတွေအတွက် password တောင်းတာပဲဖြစ်ပါတယ်။
password မပေးထားတဲ့သူတွေကတော့ တွေ့ရမှာမဟုတ်ပါဘူး။ ဒါဆို adminstrator တွေခုနကပေးထားခဲ့တဲ့ password ကိုပြန်ရိုက်ထည့်ပေးရပါမယ်။ ပြီးရင်တော့ enter နှိပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ဒီလိုပုံစံလေးနဲ့ window XP desktop မြင်ကွင်းပွင့်လာတာကိုတွေ့ရပါပြီ။

ကဲဒါဆိုရင်တော့ window တင်ခြင်းအဆင့်ဆင့်ကို ကိုယ်တိုင်ပြုလုပ်နိုင်လိမ့်မယ်လို့ ယူဆလိုက်ပါတယ်။
ကိုယ်တိုင်တင်ကြည့်ကြပါ။ window တင်ဖို့လောက်နဲ့ ဆိုင်ပို့စရာမလိုတော့ဘူးလို့လည်းထင်ပါတယ်။
အားလုံးအဆင်ပြေချောမွေ့ကြပါစေ။ window XP ဟာ version မျိုးစုံတွေ့နေရတာဖြစ်တဲ့အတွက်ကြောင့် မြင်ကွင်းပုံစံသာပြောင်းလဲမှုရှိပြီး ကျန်သောပြုလုပ်ရမည့်လုပ်ဆောင်ချက်များမှာအတူတူပဲဖြစ်တဲ့အတွက်
မိမိစိတ်ကြိုက် window XP version မျိုးစုံကိုကိုယ်တိုင်တင်နိုင်ပါတယ်။ သဘောတရားအားလုံးဟာအတူတူဖြစ်တယ်ဆိုတာလေးကို အသိပေးရင်း အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။