Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Sunday 1 January 2012

MP3 , MP4 တွေထဲ သီချင်း၊ ဗွီဒီယိုများထည့်နည်း

MP3, MP4 နဲ့ဖုန်းတွေထဲကို ဘယ်လိုမျိုးများသီချင်းတွေထည့်မလဲ
မသိသေးတဲ့သူတွေအတွက်ပါ။ သိပြီးသားသူတွေအတွက်ကတော့ အလွယ်လေးပါ။
ကျွန်တော်တို့တွေ MP3 , MP4 နဲ့ ဟန်းဖုန်းတွေထဲကို သီချင်းတွေကူးယူနားဆင်ကြပါတယ်။
ဒီလိုမျိုးကူယူတဲ့နေရာမှာ ဒီအတိုင်းကူးယူလို့မရနိုင်ပါဘူး။ သူ့ player နဲ့ပါတ်သတ်တဲ့ဖိုင်အမျိုးအစားဖြစ်မှ
သာ နားထောင်လို့ရမှာပါ။ ဒီတော့ သူနဲ့ပါတ်သတ်တဲ့ဖိုင်အမျိုးအစားဖြစ်အောင်လုပ်နည်းလေးကို ရှင်းပြလိုက်ပါတယ်။
အရင်ဆုံး ဒါလုပ်ဖို့အတွက်ကတော့ converter ဆိုတဲ့ဆော့ဖ်ဝဲလ်တွေကိုသုံးရပါတယ်။ MP3 အတွက်ကတော့
MP3 converter, MP4 အတွက်က MP4 converter, phone အတွက်ကတော့ 3GP converter ဆိုတဲ့အမျိုးအစားအလိုက် converter တွေအသုံးပြုပေးရပါတယ်။ အခုကတော့ လူသုံးလည်းများပြီး အလုပ်ထဲမှာတောင် အတော်များများသုံးနေကြတဲ့ Xilisoft Video Converter နဲ့ရှင်းပြပါမယ်။ အရင်ဆုံးDesktop ပေါ်မှာရှိတဲ့ Xilisoft Video Converter ဆိုတဲ့ပုံလေးကိုကလစ်ပေးရပါမယ်။
နောက်တစ်နည်းကတော့ all program ထဲမှာရှိပါတယ် ဒီလိုလေးပါ

အခုပုံမှာပြထားတဲ့အတိုင်းသွားရောက်ဖွင့်နိုင်ပါတယ်။
အဲ့ဒါဆိုရင်တော့ အခုလိုမျိုးပွင့်လာပါပြီ 

ကဲ program ကတော့ပွင့်သွားပါပြီ
အခုအရင်ဆုံး MP3 ပြောင်းကြည့်ကြမယ်နော် အရင်ဆုံးကျွန်တော့်ကွန်ပျူတာထဲမှာရှိတဲ့ သီချင်းတွေကို
File ထဲက add ကိုကလစ်ပေးပြီးသွားဖွင့်လိုက်ပါမယ် ပုံမှာကြည့်လိုက်ပါ ဒီလိုမျိုးပွင့်သွားတာပါ
ပြီးရင် ကျွန်တော်အဲ့ဒီအထဲက သီချင်းလေးတွေကို select ပေးပြီး opne ကိုကလစ်ပေးရပါမယ်
ကဲအဲ့ဒါဆိုရင်တော့ ကျွန်တော်အောက်မှာပုံလေးကိုကြည့်လိုက်ပါ။

ဒီပုံလေးမှာပေးထားသလိုမျိုးပေါ်လာရပါမယ်။
ပြီးရင်တော့ကျွန်တော် စတင်ပြီး formet ပြောင်းပါတော့မယ်။ formet မပြောင်းခင်မှာ ဆော့ဖ်ဝဲလ်ထဲမှာရှိတဲ့
Buttom လေးတွေနဲ့မိတ်ဆက်ထားဖို့တော့လိုပါလိမ့်မယ်။ ကဲ ကြည့်လိုက်ကြရအောင်
အောက်ဖက်မှာကြည့်လိုက်ပါ profile လို့ပေးထားတာလေးပါ။ ဒီနေရာကဘာအလုပ်လုပ်လဲဆိုတာကို
ပြောပြသွားပါမယ်။ ဒီနေရာမှာတော့ မိမိပြောင်းလိုတဲ့ formet အမျိုးအစားကိုရွေးပေးရမှာပါ ဘာတွေလည်းဆိုတာကိုကျွန်တော်ထပ်ရှင်းပေးပါမယ်။ အရင်ဆုံးပုံလေးကိုကြည့်ကြတာပေါ့။



ကျွန်တော်အခုကတော့ MP3 ပြောင်းချင်တာဖြစ်တဲ့အတွက် MP3 Audio format ဆိုတာလေးကိုကလစ်ပေးရွေးချယ်ထားပါတယ်။ စာဖတ်သူကတော့ မိမိပြောင်းလိုတဲ့ format ကိုရွေးပေးရမှာပေါ့။ MP4 ပြောင်းချင်တဲ့သူတွေက MPEG 4 video format , 3GP ပြောင်းချင်တဲ့သူတွေက 3GP format ပေါ့ မိမိတို့ပြောင်းချင်တဲ့ player တွေရဲ့ format တွေကို စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါတယ်။
ပြီးရင်နောက်ထပ်ရွေးရမှာကျန်ပါသေးတယ်။ ဘာလဲဆိုရင် Destination အပိုင်းပါပဲ ဒါကတော့ သူ့ဘေးမှာပါတဲ့ browser ဆိုတဲ့နေရာမှာ သွားကလစ်ပေးရပါမယ်။ ဘယ်နေရာမှာသိမ်းချင်တာလည်းဆိုပြီး မိမိသိမ်းချင်တဲ့နေရာကိုရွေးပေးရမှာလေးပါ။ Desktop ပေါ်မှာသိမ်းချင်တယ်ဆိုရင်လည်း desktop ပေါ်မှာသိမ်းပေါ့။  format ပြောင်းပြီးတာနဲ့ ကျွန်တော်တို့သိမ်းခိုင်းတဲ့နေရာမှာ သွားသိမ်းပြီးသားဖြစ်နေပါလိမ့်မယ်။ 

ပုံမှာပြထားတဲ့အတိုင်းဆိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။
ပြီးရင်တော့ Encode ဆိုတဲ့နေရာလေးမှာ ကလစ်ပေးလိုက်ပါနော်။ ဒါဆိုရင်တော့ format ပြောင်းခြင်းအလုပ်ကို
စတင်လုပ်ဆောင်နေပါပြီ။ 

ပုံမှာပေးထားတဲ့ complet ဆိုတဲ့အစိမ်းရောင်နေရာလေးတွေကတော့ ပြီးပြည့်စုံသွားပြီဆိုတာကိုဖော်ပြတာပါပဲ။
Fail ဖြစ်နေတဲ့ နေရာလေးကတော့ ကျွန်တော်လုပ်တာအဆင်မပြေပါဘူးတဲ့ ကဲဒီလောက်ဆိုရင်အားလုံးလဲ သဘောပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်။ အားလုံးရွှင်လန်းချမ်းမြေ့စွာနဲ့ ဆောင်ရွက်နိုင်ကြပါစေ။


 



No comments:

Post a Comment