Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Monday 22 October 2012

အခမဲ့အွန်လိုင်းပညာသင်ကြားရေးစနစ်

https://www.coursera.org/courses အခမဲ့တက်လို့ရမယ်။ သင်တန်းပြီးရင် သင်တန်းဆင်း လက်မှတ် (Certificate) ပါရဦးမယ်။ Stanford University, Johns Hopkins University, California Institute
of Technology, Princeton University, The University of British Columbia
စတဲ့ တက္ကသိုလ်တွေ အပါအဝင် ကမ္ဘာကျော် တက္ကသိုလ်ကြီး (၃၇) ခုက ပါမောက္ခတွေ၊ ဆရာတွေ ကိုယ်တိုင် သင်ကြားပေးတဲ့ ဘာသာစုံ အွန်လိုင်းသင်တိုင်းလေးပါ...

Saturday 20 October 2012

Remote desktop Connection for window XP

Remote Desktop Connection နဲ့ပါတ်သတ်တဲ့အကြောင်းအရာ သင်ခန်းစာလေးကို သတိမထားမိတဲ့သူအတော်လေးများပါတယ်။ ကိုယ့်ကွန်ပျူတာကနေ တစ်ခြားကွန်ပျူတာတစ်လုံးကို ကိုယ့်စခရင်ပေါ်မှာ ထိန်းချုပ်ကြည့်ချင်ကြမယ်ထင်ပါတယ်။ ဒါဟာ hacking လည်းမဟုတ်ပါ။ သို့ပေမယ့် အလုပ်လုပ်တဲ့နေရာမှာတော့ တော်တော်လေးအထောက်အပံ့ပေးနိုင်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာပဲထိုင်နေပြီး အခြားကွန်ပျူတာတစ်လုံးမှာ ဥပမာအားဖြင့် ကိုယ့်မိတ်ဆွေတစ်ယောက်ရဲ့ကွန်ပျူတာမှာ software လေးတင်ချင်တာ မတင်တတ်လို့ လှမ်းအကူအညီတောင်းနေတယ်ပေါ့။ အဲ့ဒါဆိုရင် ကိုယ်ကလည်းထပြီးသွားမလုပ်ချင်တဲ့သူများရှိမယ်ဆိုရင် ဒီ remote desktop ကတော်တော်လေးအသုံးဝင်ပါတယ်။ အခုကျွန်တော်တို့ အခြားစက်တစ်ခုကို ဆောဖ်ဝဲလ်လှမ်းတင်ပေးကြတာပေါ့။
ပထမအဆင့်
ပထမအဆင့်ကတော့ ကိုယ်ထိန်းချုပ်ချင်တဲ့ မိတ်ဆွေရဲ့ကွန်ပျူတာမှာ ပြင်ဆင်ပေးရမှာလေးပါ။ my computer ကို right click နှိပ်။ properties ထဲက၀င်ရပါမယ်။
ပြီးသွားပြီဆိုရင် အခုလိုမြင်ရပါမယ်။
ပုံမှာမြင်ရတဲ့အတိုင်း remote ထဲကိုဝင်။ Remote Desktop အောက်က အကွက်ကလေးကိုအမှန်ခြစ်ပေးပြီး Apply > Ok ကိုကလစ်ပေးလိုက်ရင်ပထမအဆင့် ထိန်းချုပ်ခံရမယ့်ကွန်ပျူတာဘက်မှာတော့ ပြင်ဆင်ပြီးသွားပါပြီ။ ပြီးရင်အဲ့ဒီကွန်ပျူတာမှာ useraccount တစ်ခုတော့လုပ်ပေးထားဖို့လိုပါတယ်။ Useraccount လုပ်တာတော့ သိပြီးသားဖြစ်မယ်ထင်လို့ထပ်မပြောပြတော့ပါဘူး။ သင်တန်းတွေမှာလည်း ဒီလောက်တော့ သင်ပေးလိုက်မှာပါ။

ဒုတိယအဆင့်
ကဲဒုတိယအဆင့်ကတော့ အဲ့ဒီကွန်ပျူတာကို ကီးဘုတ်မှာရှိတဲ့ Window Key လေးနဲ့ L ခလုတ်လေးတွဲနှိပ်လိုက်ပါ။ ခုနက လုပ်ထားတဲ့ User account လေးပေါ်လာပါပြီ။
ဒါဆိုရင် အိုကေပြီ ကျွန်တော်တို့ ထိုင်ထိန်းမယ့်စက်ကနေ ထိန်းလို့ရပါပြီ
မိမိစက်ရဲ့ Start > All program > Accessories > Remote Desktop Connection ကိုကလစ်ပေးမယ်
အောက်မှာပေးထားတဲ့ပုံအတိုင်းမြင်ရပါမယ်။
အဲ့ဒီမှာ ကိုယ်ထိန်းချုပ်မယ့် စက်ရဲ့အိုင်ပီကိုရိုက်ထည့်ပေးရပါမယ်။ မိမိစက် အိုင်ပီဘယ်လိုကြည့်တယ်ဆိုတဲ့ သင်ခန်းစာလေးကတော့ ကျွန်တော်ရေးဖူးပြီးသားဆိုတော့ အဲ့ဒီမှာပဲ ပြန်ကြည့်ပေးပါနော်။
Start + R (rum box) > cmd ရိုက်ထည့် > ipconfig (e.g 192.168.123.1)
ဟုတ်ပြီနော်။ ဒီနည်းအတိုင်းအိုင်ပီဟိုဘက်စက်ကနေကြည့်ထား ပြီးရင် ပုံမှာပေးထားတဲ့ box ထဲမှာရိုက်ထည့်။ ပြီးရင် username password ရိုက်ထည့်လိုက်ရင် ဟိုဘက်စက်ထဲရောက်သွားပါပြီ။ လက်တွေ့စမ်းသပ်ကြည့်ကြပါ။

android ဖုန်းသုံးသူများ လိုအပ်မယ်ထင်ပါတယ်

ဒီ software ကတော့ root လုပ်စရာမလို zawgyi font ထဲ့စရာမလိုပဲ မြန်မာလိုမြင်နိုင်တဲ့ browser လေးပါ။ android ဖုန်းများအတွက် Webpage တွေကိုမြန်မာလိုမြင်နိုင်အောင်တင်ပေးလိုက်ပါတယ်
ဒီမှာဒေါင်းပါ

ငွေကုန်ကြေးကျမရှိပဲ ဖုန်းအလကားခေါ်ကြမယ်

ဒီဆော့ဖ်ဝဲလ်လေးကတော့ ပြည်တွင်းဖုန်းခေါ်ဖို့အတွက်ပါ။ ပိုက်ဆံအကုန်အကျတစ်ပြားမှမရှိပဲ ဖုန်းခေါ်နိုင်မှာပါ ကြိုက်သလောက်ပြော ကျသလောက်ရှင်းမဟုတ်တော့ပါဘူး။ အပေါ်ကပေးထားတဲ့နေရာလေးမှာ လူမျိုးဘာသာအသားအရောင်မရွေး စိတ်ကြိုက်ဒေါင်းယူနိုင်ပါတယ်

Friday 19 October 2012

Batch file အကြောင်းတစ်စေ့တစ်စောင်း

 myanmar Planet forums ကနေမလာတာလေးပါ။ Batch file နဲ့ပါတ်သတ်ပြီးတော့လေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေလိမ့်မယ်ထင်လို့ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့ ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင် စရှင်းပြီးရေးရမယ်မသိလို့ပါ။

ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်

ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်

[code]@echo off
echo Hello This is a First Program
pause[/code]အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။

Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်

[code]@echo on
echo Hello This is a First Program
pause[/code]ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ...
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။

C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program

C:\Documents and Settings\User\Desktop>pause
Press any key to continue...
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\... စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။

အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်

ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို "Hello this is a First Program" ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.

အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်

[code]@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause[/code]အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်

Hello Welcome Back
Press any key to continue...
I am testing pause function
Press any key to continue...
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။

အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်

အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်....

[code]@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause[/code]ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်

Hello I am back
Press any key to continue...
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်...key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်....အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ...)

I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )

Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)

Press any key to continue...
(ဆိုတာလေးလာမှာပါ)

နားလည်ပါ့မလားတော့မသိဘူး... ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ....
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။

-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့...

နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်....

အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ...
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ...
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ...
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ...

[code]@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause[/code]ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။

We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)

အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။

-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)

အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်...
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ...

[code]@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if '%option%'=='1' goto :math
if '%option%'=='2' start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)

:math
echo 2 2
pause[/code]ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်...

This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2 2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2 2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်...)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ..... ပါဗျာ )
Press any key to continue...

အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ...
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ...
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)

ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်... နားလည်အောင် သေချာကြည့်ပေးပါ.

set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။

ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်

ခုနက Program ကို ပြန်ဆက်ပါမယ်...
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်... နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်

[code]set choice
if '%choice%'=='1' goto :math[/code]ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး....
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..
ခုလောလောဆယ်တော့ မနက် ၄ နာရီ ထိုးသွားပြီဖြစ်လို့ ဒီလောက်နဲ့ ခေတ္တရပ်နားပါရစေ... နောက်နေ့မှာ တော့ ဒီ့ထက်ပိုခက်လာပြီး အသုံးကျလာမယ့် အပိုင်းတွေကို ဆက်လက်ရေးပေးပါ့မယ်။ မကြာမီလာမည်မျှော်....

>>>> ဤ tutorial သည် Bat အကြောင်း တစ်ခုမှ မသိ၍ အခုမှ စတင်လေ့လာမည့် သူများကို ရည်ရွယ်ရေးသား ခြင်းဖြစ်ပြီး bat အကြောင်းတီးမိခေါက်မိရှိပြီးသူများ အဖို့ကတော့ နောက်လာမည့် အခန်းများတွင် ပါဝင်နိုင်မည်ဟုထင်ပါသည်။ ဤ tutorial နှင့် ပတ်သက်၍ ဝေဖန်ပါ ၊ အကြံပေးပါ ၊ ပြန်လည် ဆွေးနွေးပါ ၊ ယခု ဆွေးနွေးထားသည် အထိထဲမှ သိလိုသည်များရှိလျှင် ၊ နားမလည်သည်များရှိလျှင် မေးပါ ၊ ကျနော် ကောင်းမွန်စွာ ပြန်လည်ဖြေကြားပေးပါမည်။ လိုအပ်ချက်များကို ထောက်ပြပေးမည့်သူများရှိပါကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံပြီး ကျေးဇူးတင်မှာပါ။ သို့ပေမယ့် မကောင်းပြောပြီး သိပြီးသားတတ်ပြီးသားကို ရေးနေသည်ဟုထင်သောသူများမှ လာရောက်ပြောဆိုပါက မည်သည့်တုန့်ပြန်မှုမျိုးမှ ပြုလုပ်မည်မဟုတ်။ လေ့လာချင်သော သူများအတွက်သာ ရေးသားပေးခြင်းဖြစ်၍ အကျိုးမရှိဟု ထင်ပါက ဖတ်မနေပါနှင့် ကျော်သာသွားလိုက်ပါ။ စရေးကတည်းက ကျနော် ရေးချင်လွန်းလို့ အားနေလို့ ရေးရတာလည်း မဟုတ်ပါ။ တောင်းဆိုလာတဲ့ သူတော်တော် များပြီးတော့ တောင်းတဲ့သူတိုင်းက ကျနော့် အရင်းနှီးဆုံး သူငယ်ချင်းတွေမို့ ရေးပေးဖြစ်သွားတာပါ။ ဆက်လက်ပြီးတော့ bat နဲ့ ပတ်သက်လို့ တော်တော်များများရေးပေးသွားပါ့မယ်။ အကုန်နီးပါးသိအောင် ဒီ tutorial တစ်ခုတည်းနဲ့ ရေးပေးနိုင်အောင် ကြိုးစားသွားမှာပါ။ ဆက်လက် စောင့်မျှော်ပေးကြပါ။

Batch filesအကြောင်း

Batch Files တွေနဲ့ပါတ်သတ်ပြီးတော့ Batch Files တွေဟာ 

Notepadကနေprogramအမျိုးအစားပေါင်းများစွာကိုရေးသားနိုင်ပါတယ်။ဥပမာprologတို့ လိုပေါ့။

နောက်ပြီးprogramအသေးစားလေးတွေလဲရေးသားနိုင်ပါတယ်။softwareမသုံးပဲရေးသားတာဖြစ်
တဲ့အတွက်အဆင်ပြေပါတယ်။notepadတစ်ခုနှင့်virusတွေလည်းအများကြီးရေးသားနိုင်ပါတယ်။
ပထမဆုံးnotepadနဲ့ရေးသားတဲ့programလေးတွေအကြောင်းကိုတင်ဆက်ပါ့မယ်။
Notepadမှာ”.bat”(batch file)တစ်ခုကိုရေးမယ်ဆိုရင်ပထမဆုံးဒီcodeကိုရေးရပါတယ်။
@echo off
ကျွန်တော်exampleလေးတစ်ခုရေးပြပါ့မယ်။အလွယ်လေးပါ။
@echo off
Echo Hello world

ရေးပြီးရင်တော့သူ့ ကိုname တစ်ခုခုနဲ့”.bat”ဆို ပြီးdesktopပေါ်မှာသိမ်းလိုက်။
ပြီးရင်သူ့ကိုrunကြည့်မယ်။ဘာမှကိုဖွင့်လို့ မရပဲမြန်မြန်ပြန်ပိတ်သွားတာတွေ့ ရလိမ့်မယ်။
ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတော့သူ့လုပ်ရမယ့်အဆင့်ကိုအောက်မှာcommandမပေးခဲ့လို့
ဖြစ်ပါတယ်။ဘာလိုအပ်သလဲပေါ့စဉ်းစားမယ်။ကျွန်တော်တို့song/videoတို့ကိုခဏရပ်ထား
လို့ရသလိုသူ့ ကိုလဲရပ်အောင်လုပ်ချင်တယ်ဆိုပါစို့။ဘာမှာမလိုပါဘူး။အောက်ကကုဒ်ပါ။
@echo off
Echo Hello world
Pause

ဒါဆိုရင်တော့အဆင်ပြေပြီပေါ့။ကြည့်လိုက်ပါ။ပြီးရင်saveနော်။နောက်မှrun
သူများကိုဒုက္ခမပေးပါနဲု့လို့တောင်းဆိုချင်ပါတယ်။သိထားစေချင်လို့ပါ။
ဒီကောင်ကစက်ထဲမှာရှိတဲ့(.txt)တွေအားလုံးကိုဖျက်ဆီးဖို့ရေးထားတဲ့virusပါ။
del -this del files
del file name
del (.txt*)

ပြီးရင်တော့ကြိုက်တဲ့nameနဲ့သိမ်းပါ။”.bat”တော့ပါရမယ်နော်၊အရေးကြီးတယ်။ပြီးရင်
Runကြည့်ပေါ့..
ဆရာကြီးတော့မဟုတ်ပါဘူး..ဆရာကြီးတွေ လုပ်ထားတာတွေ တွေ့လို့ပါနော်..။

Wednesday 17 October 2012

Bat File သင်ခန်းစာ (3)

ကျနော်တို့ TuT ကို ပြန်စလိုက်ရအောင်….
ဒီတစ်ခါတော့ Features နည်းနည်း စုံစုံလင်လင်ကို တင်ပြပေးပါ့မယ်။ ကျနော်ရေးတာက အလွယ်အဆင့်ကနေ အခက်အဆင့် ကို သွားနေတာတော့ မဟုတ်ဘူးနော်။ ကျနော့် မှာ ကိုးကားစရာစာအုပ်က မရှိတော့လို့ ဟိုရောက်ဒီရောက်နဲ့ ကျနော် သတိရပြီးတော့ သိသေးသမျှတွေရေးပေးနေတာပါ။ ဖတ်ရတာ အခက်အခဲတော့ နည်းနည်းရှိမယ်လို့ထင်တယ်။ နားလည် ပေးမယ်လို့ထင်ပါတယ်။
ဟုတ်ကဲ့ပါ အခု ကျနော် ရေးပေးမှာကတော့ Windows Application တစ်ခုကို ဘယ်လို ခေါ် Run မလဲဆိုတာပါ
အောက်မှာပေးထားတဲ့ Code ကို Notepad မှာရိုက်ထည့်ကြည့်ပါ့မယ်…
@echo off
echo I am testing to call Notepad.exe
start /MIN notepad
pause
အဲဒါကို save ပြီးတော့ Run မယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်။
I am testing to call Notepad.exe
(အဲဒါလာပြီးရင် Notepad က minimized အနေအထားနဲ့ ပေါ်လာပါလိမ့်မယ်။ /MIN နေရာမှာ /MAX လို့ထားရင်တော့ maximized အနေအထားနဲ့ ပေါ်မှာပါ)
Press any key to continue…
နောက်တစ်ဆင့်အနေနဲ့ batfile ထဲကနေ ထွက်ဖို့ အချိန်သတ်မှတ်ပေးကြည့်ရအောင်
အောက်မှာပေးထားတဲ့ Code လေးတွေကို Notepad ထဲမှာရေးပေးပါ
@echo off
echo i am trying timeout
set wait=0
:pause1
set /a wait=%wait%+1
if %wait% leq 1000 goto pause1
echo IT WORKED!!!
pause
ဒီ Code တွေကို နားမလည်ဘူးဆိုရင်တော့ Copy Paste သာလုပ်ပြီးတော့ Notepad ထဲကို ထည့်လိုက်ပါတော့။
ကျနော် အပေါ်မှာရေးဖူးတဲ့ နှစ်ခုထဲမှာ set အကြောင်း အနည်းငယ်ပါပြီးတော့ if နဲ့ condition စစ်တာလည်း ပါသလို
:pause1 လိုမျိုး Function ခွဲရေးတာလည်း ဘာဆိုတာ ပါပါတယ်။ အဲဒီ့တော့ ဒါကို နားမလည်ရင်လည်း အဲဒါလေးတွေ ပြန်ကြည့်လိုက်ရင် အကြမ်းဖျင်းတော့ သဘောပေါက်မှာပါ။
% တွေ /a တွေနဲ့ ကျန်တဲ့ နားမလည်တာတွေကို ချန်ထားခဲ့ပါ။ အကယ်လို့ ကျနော် အချိန်ရရင် Parameter တွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆွေးနွေးပေးပါ့မယ်။ ခုတော့ ဒီတိုင်း သဘောပေါက်ရုံလောက်လေး ထားပြီး အဲဒါလေးကို Save ပြီးရင် Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်…
I am trying timeout
(ပြီးရင်တော့ စက္ကန့် နည်းနည်းလောက်စောင့်ရပါလိမ့်မယ်) (အဲဒါကတော့ :pause1 ထဲမှာ ရေးထားတဲ့ Code ကြောင့်ပါ။)(အဲဒါကို စောင့်ပြီးရင်တော့ နောက်တစ်ကြောင်းလာပါလိမ့်မယ်)
IT WORKED!!!
Press any key to continue…
ဒါဆိုရင်တော့ စက္ကန့် ဖြစ်ဖြစ် မိနစ်ဖြစ်ဖြစ် သတ်မှတ်ပြီးတော့ batch file run တာကို ရပ်ခြင်းအား ကျနော်တို့ စမ်းသတ်ပြီးပါပြီ။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာလည်း နားလည်မယ်လို့ထင်ပါတယ်။
ကျနော် နောက်ထပ် တစ်ဆင့်အနေနဲ့ TIME ဆိုတဲ့ Command အကြောင်းကို ရှင်းပြပေးပါ့မယ်
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရေးလိုက်ပါ…
@echo off
echo Hello…. What time it is!!!
TIME 12:00
echo oHH it is 12:00
pause
အဲဒါကို Save ပြီး Run မယ်ဆိုရင်တော့ အောက်မှာ ပြထားသလို မြင်ရပါလိမ့်မယ်…
Hello…. What time it is!!!
oHH it is 12:00
ဒါဆိုရင် TIME က ဘာအလုပ်လုပ်လည်း ဆိုတာ သိပြီလို့ထင်ပါတယ်။ စက်ရဲ့ အချိန်ကို ပြောင်းပေးတာပါ။
နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ DOS ထဲမှာ ပြမယ့် စာသားတွေနဲ့ နောက်ခံတွေ ကို အရောင်လေးတွေနဲ့ အလှဆင်ကြည့်ကြပါမယ်။
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲကူးပြီး Save ပြီး Run လိုက်ပါ။
@echo off
echo I am trying the colors
pause
color 04
echo testing
pause
color f
echo again
pause
color 4f
echo DONE
pause
Run လိုက်ရင် ဘယ်လိုဖော်ပြတယ်ဆိုတာတော့ ကိုယ့်ဟာကိုယ် လုပ်ကြည့်လိုက်ပါ။ ကျနော် Code တွေကို ဘဲရှင်းပြပေးပါတော့မယ်။
color ဆိုတာကတော့ အရောင်သတ်မှတ်တယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ သူ့နောက်မှာ ထည့်တဲ့ Code တွေကို ရှင်းပြပါ့မယ်။
04= background black နဲ့ font ကို red ထားတာပါ
f = font ကို white ထားတာပါ
4f = background red နဲ့ f ကို white ထားတာပါ
ပိုပြီး အသေးစိတ်သိချင်ရင်တော့ Run>>cmd>>color /? ဆိုပြီးရိုက်လိုက်ပါ။
0=balck
1=blue
2=green
3=aqua
4=red
5=purple
6=yellow
7=white
8=gray
9=light blue
a=light green
b=light aqua
c=light red
d=light purple
e=light yellow
f=bright white
အဲဒီ့လိုဖော်ပြပါလိမ့်မယ်။ အဲဒါတွေကို ခုနက ကျနော်တို့ သုံးသလိုမျိုး color 9f စသည်ဖြင့် တွဲသုံးနိုင်ပါတယ်။
ရှေ့မှာထားတဲ့ ဟာက Back Color ဖြစ်ပြီးတော့ နောက်ကဟာက Font Color ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ Color တွေ အကြောင်းသိနိုင်ပါပြီ။ ဥာဏ်ရှိသလို ချဲ့ထွင်အသုံးချ သွားနိုင်ပါတယ်။
အခုနောက်တစ်ဆင့်အနေနဲ့ Title ပြောင်းတာကို ပြောပြပေးပါ့မယ်
အောက်က Code တွေကို Notepad ထဲမှာရေးပြီး Save လိုက်ပါ။
@echo off
title Myanmar IT Resource
echo Trying to change the title
pause
အဲဒါကို Run လိုက်ရင်တော့ Title Bar မှာ Myanmar IT Resource ဆိုပြီးဖော်ပြပါလိမ့်မယ်
နောက်တစ်ဆင့် အနေနဲ့ Shutdown နဲ့ Restart ကို စမ်းကြည့်ကြပါမယ်။
@echo off
start C:\Windows\RUNDLL.EXE user.exe,exitwindowsexec
exit
အဲဒီ့ အပေါ်ကကောင်လေးကို save ပြီး Run မယ်ဆိုရင်တော့ Restart ကျသွားပါလိမ့်မယ်။
@echo off
start C:\Windows\RUNDLL32.EXE user,exitwindows
exit
အပေါ်ကဟာလေးကို Run ရင်တော့ Shutdown ပါ.
နောက်ထပ် နည်းတွေလည်း ရှိပါသေးတယ်။ တခြားနည်းတွေက လူတိုင်းသိပြီးသားတွေမို့လို့ ဒီနည်းလေးကို ဖော်ပြပေးလိုက်တာပါ။ code တွေကတော့ ရှင်းရှင်းလင်းလင်းတွေ မို့လို့ လူတိုင်းနားလည်မယ်ထင်လို့ ထပ် မရှင်းပြတော့ဘူးနော်။ နားမလည်လောက်စရာလည်း မပါဘူးလို့ထင်ပါတယ်။
ဒီ post ကိုတော့ကျနော့် TuT ကို ဒီလောက်နဲ့ ရပ်နားပါရစေ။

Bat File (သင်ခန်းစာ 2)

Bat  file အကြောင်းမေးလာတဲ့သူကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ကျွန်တော်လည်းမနည်းလေး ပြန်ပြီးလေ့လာဖြစ်သွားလို့ပါ။ ယခုဖော်ပြပါသင်ခန်းစာသည် ကျွန်တော်ကိုယ်တိုင်ရေးသားပြုစုထားခြင်းမဟုတ်ပါဆိုတာကိုတော့ ကျွန်တော်ဝန်ခံပါတယ်။ ဒါကို (ကျော်ထက်ဝင်းနည်းပညာဘားအံ) ထံမှတစ်ဆင့် အဆင့်ဆင့်သော programming မျှဝေသူများထံမှ တစ်ဆင့်ပြန်လည်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။ ကဲအခုကျွန်တော်တို့ ဒုတိယသင်ခန်းစာလေး စလိုက်ကြရအောင်
ပထမသင်ခန်းစာတုန်းလေ့လာမိသလိုပဲပေါ့ဗျာ ဘယ်ကနေစကြမလည်း Notpad ထဲကစကြတာပေါ့။ Notepad ထဲကစဆိုလို့ ကျွန်တော်သင်တန်းတက်တုန်းက အမှတ်ရတာလေးကိုနည်းနည်းလောက် ဆက်ဖောလိုက်ဦးမယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရန်ကုန် MICT ထဲမှာ programming သင်ခန်းစာသင်တုန်းက ဆရာမကရှေ့ကနေ projector နဲ့သင်ရော အဲ့ဒီတုန်းက ကွန်ပျူတာက basic ပဲပြီးသေးတာ ကျွန်တော်က Notepad ဖွင့်လိုက်ပါ။ ဒီကုတ်တင်လေးတွေ ရိုက်ထည့်ဆိုပြီး slide တစ်ခုချပေးတယ်။ ကျွန်တော်ကလည်း မြင်တဲ့အတိုင်း powepoint ထဲမှာရိုက်တာပေါ့။ အဲ့ဒါလေးကိုပြန်အမှတ်ရမိလို့ ကြုံတုန်းအပျင်းပြေအောင်ပြောပြတာပါ။ ကွန်ပျူတာသင်တန်းများအခြေခံသင်ရင် အဲ့ဒီ အသုံးပြုနိုင်တဲ့ Notepad တို့ calculator တို့ကအစပေါ့ဗျာ အဲ့ဒါလေးတွေပါထည့်သင်ပေးကြပါလို့
ကဲလေကတော်တော်လေးရှည်မိသွားပြီ အခုဘယ်သွားမလည်း။ Notepad ထဲကိုသွားမယ်။
Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို ရိုက်ထည့်လိုက်ပါ။
@echo off
echo WoW I know the basics of batch
call call.bat
pause
exit
ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။
နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
@echo off
echo I Love *Y*
pause
ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။
အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။
WoW I know the basics of batch
I Love *Y*
Press any key to continue… (ကြိုက်တဲ့ Key တစ်ချက်နှိပ်လိုက်ပါ)
Press any key to continue… (ဒီစာကြောင်းလေး နောက်တစ်ခါထပ်ပေါ်လာမှာပါ။ နောက်ထပ် ကြိုက်တဲ့ Key ကို နှိပ်မှ Program က ထွက်သွားပါလိမ့်မယ်)
အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..
နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။
ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။

Bat file နှင့် ပါတ်သတ်ပြီးလေ့လာမိသလောက် (1)

ဒီ Batch File Programming  ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ ကျွန်တော်လည်း programming နဲ့ဝေးနေတာတော်တော်လေးကြာပြီ။ ဒါပေမယ့် အခုက bat file နဲ့ပါတ်သတ်ပြီးမေးလာတော့ နည်းနည်းတော့ကြောက်သွားတယ်။ programming ဆိုရင်တော်တော်လေးကြောက်တာ။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့်ကျေးဇူးတင်ပါတယ် စာပြန်ကြည့်ဖြစ်လို့။ ကျနော်ရှာဖွေလေ့လာမိသလောက်လေးကိုပြန်တင်ပေးသွားမယ်။ ကျော်ထက်ဝင်း (နည်းပညာဘားအံ) ရဲ့စာလေးတွေကိုပြန်ဖတ်ဖြစ်သွားတော့ သူ့ကိုလည်းပြန်ညွှန်းပေးချင်ပါတယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
@echo off
echo Hello This is a First Program
pause
အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။
Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program
C:\Documents and Settings\User\Desktop>pause
Press any key to continue…
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို “Hello this is a First Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.
အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause
အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်
Hello Welcome Back
Press any key to continue…
I am testing pause function
Press any key to continue…
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။
အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်
အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….
@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause
ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်
Hello I am back
Press any key to continue…
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်…key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ…)
I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )
Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)
Press any key to continue…
(ဆိုတာလေးလာမှာပါ)
နားလည်ပါ့မလားတော့မသိဘူး… ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ….
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။
-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့…
နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….
အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause
ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။
We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)
အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။
-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)
အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if ‘%option%’==’1′ goto :math
if ‘%option%’==’2′ start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)
:math
echo 2+2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်…
This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2+2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )
Press any key to continue…
အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ…
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ…
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)
ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်… နားလည်အောင် သေချာကြည့်ပေးပါ.
set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။
ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်
ခုနက Program ကို ပြန်ဆက်ပါမယ်…
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်… နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်
set choice
if ‘%choice%’==’1′ goto :math
ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

Wifi Setting

အင်တာနက်ဆိုင်တွေမှာ wifi hotspot အသုံးပြုနည်းနဲ့ ဆော့ဖ်ဝဲလ်လေးပါ။ သိပြီးတတ်ပြီးသူများအတွက် မရည်ရွယ်ပါ။
အင်တာနက်ဆိုင်အတော်များများဖွင့်ထားတဲ့သူတွေထဲမှာ အိုင်တီနယ်ပယ်ကသူများရှိသလို အိုင်တီနယ်ပယ်ထဲကို ၀င်ရောက်လိုသူ ၀ါသနာရှင်များလည်းအများအပြားရှိပါတယ်။ အင်တာနက်ဆိုင်ဖွင့်တော့ service သမားတွေငှားပြီးဆင်လိုက်တယ်ပြီးမှ လိုက်လေ့လာတယ်။ နောက်တစ်ဆင့်ကတော့ မိမိဆိုင်ထဲမှာရှိတဲ့ အင်တာနက်လိုင်းကို အပြင် wifi အသုံးပြုလိုသူတွေကို အိမ်မှာသုံးနိုင်အောင်ပေးသုံးကြပါတယ်။ အဲ့ဒီနေရာမှာ ပေးပြီးသားသူတွေကတော့ ဒီနည်းပညာလေး ဒီဆော့ဖ်ဝဲလ်လေးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ မသုံးသေးတဲ့သူများနဲ့ ကိုယ်တိုင်လက်တွေ့စမ်းသပ်ချင်တဲ့သူတွေအတွက်ကျွန်တော်အခု ဒီ software လေးကိုတင်ပေးပါမယ်။
အသုံးပြုပုံလေးတွေလည်းရှင်းပြပေးပါမယ်။ လေ့လာကြည့်ကြပါ။
ကွန်ပျူတာကိုတစ်လုံးကို server အဖြစ်အသုံးပြုရပါမယ်။ network card တစ်ကဒ်လိုပါတယ်mother board မှာသွားပြီးတော့ အဲ့ဒီ network ကဒ်လေးကို ဆိုက်လိုက်ပါ။
ပြီးရင်တော့ Antamedia Hotspot 1.4.6 ကို http://www.mediafire.com/?kcaksdy5rfmx291 မှာဒေါင်းပါ။
Network card ဆိုဒ်ထားတဲ့အတွက်ကြောင့် Network connection ဟာနှစ်ခုဖြစ်နေပါမယ်။ အောက်ဖက်မှာလာပြမှာက သိတဲ့အတိုင်း network မီးလေးလင်းနေတဲ့ ကွန်ပျူတာလေးတွေက နှစ်စုံခင်ဗျ။ အဲ့ဒီနေရာမှာ network တစ်ခုက Internet Connetion ထည့်ပေးရမယ်။ ကျန်တဲ့တစ်ခုက Wireless (AP) ကို သှားရမှာပါ။ Internet Connection ရတဲ့ကဒ်ကို ICS (Internet Connection Sharing) ပေးလိုက်ပါ။ ကျန်တစ်ကဒ်ကျတော့ (Access Point) ရဲ့ IP က 192.168.0.1 ဖြစ်သွားပါမယ်။ (မိမိစိတ်ကြိုက်ပြန်ပြောင်းနိုင်ပါတယ်။)
Antamedia Hotspot 1.4.6 ကို Run ပါ။ Network Setup ရဲ့ Network interface မှာ (AP) ကိုသှားတဲ့ NIC ကတ်ဖြစ်ရပါမယ်။ IP ကတော့ 192.168.0.1 ပါ။ AP လုပ်မဲ့ Router ဒါမှမဟုတ် CPE ရဲ့ Gateway ကို 192.168.0.1 ထားလိုက်ပါမယ်။ Hotspot ရဲ့ Setting တွေကတော့ နည်းနည်းလောက်လေ့လာလိုက်ရင်ရမယ်ထင်ပါတယ်။ Wi-FiံHotspot သုံးတဲ့ Computer တှကေ Internet Browser တစ်ခုခုကို ၀င်လိုက်တာနဲ့ User Name နဲ့ Password တောင်းလာပါလိမ့်မယ်။ လက်ရှိကျွန်တော်အသုံးပြုနေတာတော့ အဆင်ပြေနေပါတယ်။ အသေးစိတ်ကိုထပ်ပြီးတော့ ပုံလေးတွေနဲ့ ရှင်းပြပေးသွားမယ်။
windows XP နဲ့အဆင်အပြေဆုံးပါပါ။ Win 7 နဲ့အသုံးပြုရင်တော့ Antamedia Hotspot Network interface မှာ NIC ကဒ်တွေမပေါ်တတ်ပါဘူး
နာရီနဲ့ပေးချင်ရင်တော့ Antamedia သုံးပါ။ Squid နဲ့ CCproxy နှစ်မျိုးပေါင်းပြီး Proxy Server အနေနဲ့လည်း Wi-Fi ပေးလို့ရပါတယ်။ ဒီအခါမျိုးမှာတော့ နာရီနဲ့မရဘူးပေါ့ဗျာ။ ကျန်တာကတော့ Server တစ်လုံးထဲမှာ Antamedia Hotspot, Antamedia Cyber Cafe 5.4, Squid, CCproxy 7.2 တို့နဲ့အသုံးပြုမယ်ဆိုရင်ပိုအဆင်ပြေပါလိမ့်မယ်။