Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Friday 9 March 2012

မိမိအိုင်ပီကြည့်မယ်

ခေါင်းစဉ်လေးမှာပေးထားတဲ့ မိမိစက်ရဲ့ IP နံပါတ်ဘယ်လောက်ဆိုတာကိုကြည့်မယ်ဆိုတာက သိသားသူများအတွက်လွယ်ကူသလောက် မသိသေးတဲ့ယခုမှ ကွန်ပျူတာနည်းပညာကိုလေ့လာနေတဲ့သူများအတွက်တော့ ဘာမှန်းမသိဖြစ်တတ်ကြပါတယ်။
အဲ့ဒါကြောင့် မိမိစက်ဟာ အိုင်ပီဘယ်လောက်ရှိလည်းဆိုတာကို RUN box ထဲကနေ ကြည့်မယ့်နည်းလေးကို
တင်ပေးလိုက်ပါတယ်။
ရှေးဦးစွာ start menu buttom လေးကိုကလစ်ပေးပြီး သူ့အထဲက Run ဆိုတဲ့နေရာလေးကိုကလစ်ပေးရပါမယ်။
ပြီးရင်တော့ ပေါ်လာတဲ့နေရာလေးမှာ cmd ဆိုတာလေးရိုက်ထည့်လိုက်ရပါမယ်။
ဒါကို တစ်နည်းအားဖြင့် command prompt ခေါ်တယ်လို့လည်းခေါ်နိုင်ပါတယ်။
အနက်ရောင် screen နဲ့ box တစ်ခုကျလာပါလိမ့်မယ်။ ဒီအခါမှာတော့ ကျွန်တော့်တို့ ipconfig ဆိုတာလေး
ရိုက်ထည့်လိုက်ရပါမယ်။ ဒါဆိုရင်တော့ ဒီလိုမျိုးလေးမိမိတို့စက်ရဲ့ ip လေးကိုတွေ့ရပါလိမ့်မယ်။ ပြီးရင်တော့ ကီးဘုတ်မှာရှိတဲ့ Enter ခလုတ်ကလေးကိုနှပ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ မိမိစက်ရဲ့ ip နံပါတ်ကို အခြားသောနည်းလေးတွေနဲ့ကြည့်လို့ရပါသေးတယ်။ ဒါပေမယ့် ဒီနည်းလေးက ရိုးရှင်းပြီး ပိုလွယ်လို့တင်ပေးလိုက်ရတာပါ။
 ကဲအားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ။

No comments:

Post a Comment