Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Friday 30 December 2011

အပျင်းပြေသူငယ်ချင်းများအတွက်

အပျင်းပြေ (၂) လို့ ခေါင်းစဉ် တပ်လိုက်တာက .... .. ဒီနေရာလေးမှာ ...အပျင်းပြေ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ... ပိုစ့်တစ်ခု ကို တင်ထားတာ ကြောင့်ပါ ... ။ အဲ့ပိုစ့်ကို ဖတ်ဖူးတဲ့ သူတွေ သိမှာပါ ... ။ အပျင်းပြေ ဆိုတဲ့ အတိုင်းး တကယ့်ကို အပျင်းပြေစရာ စိတ်ဝင်စားဖို့ ကောင်းတဲ့ .. website တစ်ခုရဲ့ လင့်ခ်တွေကို တင်ပေးခဲ့တာပါ ... ။ ခု အပျင်းပြေ (၂) လေးမှာလည်းးး အရင်တုန်းက တင်ပေးခဲ့တဲ့ ပုံစံလေး အတိုင်း တစ်နေ့ တစ်နေ့ အင်တာနက် သုံးရလို့ ညီးငွေ့ နေတဲ့ စိတ်တွေကို .... ဘယ်လိုပုံစံလေးနဲ့ .. အပျင်းပြေအောင် လုပ်ပေးမလဲ ဆိုတာ .... ???

အရင်တုန်းက တင်ပေးခဲ့တဲ့ ပိုစ့်လေး အတိုင်းးး ဒီတစ်ခေါက်မှာတော့ .... ကျွန်တော်တို့ နေ့ စဉ် အသုံးပြုပြီး မရှိမဖြစ်ထဲက တစ်ခု ဖြစ်တဲ့ .. ကမ္ဘာကျော် Search Engine ကြီးး google  ကို ပုံစံ အမျိုးမျိုးနဲ့ ...  ကလိပြီး အပျင်းဖြေကြည့်ရအောင်ဗျာ ... ။

google ကို ဖွင့် keyword အနည်းငယ်ရိုက်ပြီး google နဲ့ ကစားကြည့်မှာပါ .... ။ အဲ့ key word လေးတွေကိုတော့ ..google က Easter Eggs ( Dictionary ကတော့ .. အီစတာ ပွဲတော်တွင် ကလေးများအား လက်ဆောင်ပေးသော ချောကလက်ကြက်ဥ ဆိုပြီး define လုပ်ပါတယ် ။ ) လို့ နာမည် ပေးထားပါတယ် ... ။

အဲ့ဒါကြောင့် .... အခု .. google ရဲ့ easter eggs တွေထဲကမှ .. စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ ... အဆင်ပြေဆုံး easter eggs တွေ အကြောင်း ရေးသား တင်ဆက်ပေးလိုက်ရပါတယ် ... ။

အရင်ဆုံးးး google က update လုပ်ပြီး လက်ရှိ လောလောဆယ် ထပ်ပေါင်းထည့်ပေးထားတဲ့ let it snow ဆိုတဲ့ keyword လေးနဲ့ စပါမယ် ... ။ ချမ်းအေးလှတဲ့ ဒီဇင်ဘာရဲ့ .... ဆီးနှင်းကျခြင်းရဲ့ အရသာကိုခံစားသိရှိလိုသူတွေ အတွက် ... google က ပြုလုပ်ပေးထားတာ ဖြစ်ပါတယ် ... ။ ( အဓိက က ဒီ let it snow လေးကို ရေးချင်တာကြောင့်ပါ ... ။ ဒါပေမဲ့ တစ်ခုတည်း ရေးရင် ... ပိုစ့် က အရမ်းနည်းနေမှာစိုးလို့ .. အခြားသော easter eggs များ အကြောင်းပါ တစ်ခါတည်း ထည့်ရေးပေးလိုက်တာပါ ... ။ အခြားသော easter eggs  တွေ ကတော့ ...အရင်တုန်းက တည်းက ပေါင်းထည့်ပေးထားတာကြောင့် သိတဲ့သူလည်း တော်တော်များများ ရှိပါလိမ့်မယ် .... ။ )

google ကို ဖွင့်လိုက်ပါ .. ။ပြီးရင် .. search box မှာ let it snow လို့ ရိုက်လိုက်တာနဲ့ ........သင့်ရဲ့ မော်နီတာ Screen တစ်ခုလုံးကို ဖုံးလွှမ်းသွားမဲ့ .. ဆီးနှင်းတွေကို သင် မြင်တွေ့ ရမှာပါ .... ။ ဖုံးလွှမ်းသွားလို့ ဘာမှ မမြင်ရတော့ဘူးဆိုရင်တော့ .. mouse လေးကို Click ပြီး ဆီးနှင်းတွေကို ဖယ်ရှားပစ်နိုင်ပါတယ် .. ။ ပုံမှန်အတိုင်း ပြန်ဖြစ်ချင်ရင်တော့ .. Defrost ဆိုတဲ့ button လေးကို နှိပ်ပေးလိုက်ရင် ရပါပြီ .. ။ ဒါပေမဲ့ .. ဆက်တိုက် ကျဆင်းနေတဲ့ .. နှင်းခဲလေးတွေကိုတော့ ... ဆက်လက် မြင်တွေ့ ရဦးမှာ ဖြစ်ပါတယ် ... ။

နှင်းကျခြင်းရဲ့ အရသာကို ခံစားသိရှိပြီးသွားရင်တော့ .... google ရဲ့ .. search box မှာ ... tilt လို့ ရိုက်ထည့်ကြည့်လိုက်ပါဦးးး ။ ရိုက်ထည့်လိုက်တာနဲ့ ... ချက်ခြင်း တိမ်းစောင်းသွားမဲ့ .. google ကို မြင်တွေ့ ခံစားနိုင်မှာ ဖြစ်ပါတယ် ... ။

ထပ်ပြီးးး search box မှာ .. do a barrel row လို့ ရိုက်ကြည့်လိုက်ပါဦးးး ။ ဒီတစ်ခါတော့ .. 360 ဒီဂရီ ထိ တစ်ပတ်လည်သွားမဲ့ .. google ကြီးကို မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ် ... ။

ဆက်ပြီးတော့ .. တစ်ခြားသော easter eggs တွေကို ခံစားကြည့်ရှုရအောင်ဗျာ .... ။ ခု ဆက်ပြီး ကလိမဲ့ .. easter eggs တွေ အတွက်ကတော့ .... google search box အောက်က I'm Feeling Lucky ဆိုတဲ့ ... Button ကို နှိပ်မှ ရမှာ ဖြစ်တဲ့ အတွက် ... google ရဲ့ .. auto search feature ဖြစ်တဲ့ .. instant search ကို ပိတ်ထားဖို့ လိုအပ်ပါတယ် ... ။ အဲ့ဒါကြောင့် .. google ကို ဖွင့်ပြီးး အပေါ်ဆုံး ထောင့်နားလေးက Sign In ဘေးနားလေးက စက်သွားပုံစံလေးမှာ .. (Options) တစ်ချက်နှိပ်ပြီး Search Settings ကို ဖွင့်လိုက်ပါ ... ။ ဖွင့်ပြီးတာနဲ့ . အပေါ်ဆုံးက Google Instant predictions လေးကို Off လုပ်ပေးပြီး Save ပေးလိုက်ပါ ... ။
( firefox version ကို လိုက်ပြီး စကားလုံး အပြောင်းအလဲ ရှိနိုင်ပါတယ် ။ ) ပြီးရင်တော့ . ပုံမှန်အတိုင်း google ကို ပြန်ခေါ်လိုက်ပါ ... ။

အရင်ဆုံးးး ပထမ အပျင်းပြေ ဆိုတဲ့ ပိုစ့်လေးထဲက google gravity နဲ့ google sphere ကို ပြန်လည် ခံစားကြည့်ရှုချင်တဲ့ သူတွေ အတွက် .. search box မှာ ရိုက်ထည့်ပြီး I'm Feeling Lucky Button လေးကို နှိပ်လိုက်တာနဲ့ .... ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ... ။

ပြီးရင်တော့ ... google မှာ . တစ်ခုခု မရှာခင် အပျင်းပြေအနေနဲ့ ... ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ .. ဂိမ်းလေး တစ်ခု ကို ဆော့ရင်းးးး ရှာချင်တာ ရှာလို့ ရအောင် ... google pacman လို့ ... ရိုက်ထည့်ပြီး feeling lucky ကို နှိပ်လိုက်ပါ ... ။ အဲ့ဒါဆိုရင်တော့ .. ဂိမ်းလေးဆော့ပြီး ရှာချင်တာ ရှာနိုင်ပါပြီ ... ။( ရိုက်ထည့်ပြီးတိုင်း I'm Feeling Lucky Button ကို နှိပ်ပေးရမှာပါ .. ။ )

တကယ်လို့ .. ဂီတ ကို ၀ါသနာပါပြီး ဂစ်တာ တီးချင်တယ်ဆိုရင်တော့ .. google guitar လို့ ရိုက်လိုက်ပါ ... ။

တကယ်လို့ .. ပန်းချီ ၀ါသနာပါတယ်ဆိုလည်း ရပါတယ် ..။ google painter လို့ ရိုက်ထည့်လိုက်ပါ ... ။

တကယ်လို့ ..မိမိ နာမည်ကို google ရဲ့ logo လေးမှာ အစားထိုးချင်တယ်ဆိုရင်တော့ .. funny google လို့ ရိုက်ထည့်ပြီးးး Set Another Name ဆိုတဲ့ နေရာလေးမှာ မိမိ စိတ်ကြိုက် အစားထိုးပြောင်းလဲ အသုံးပြုနိုင်ပါတယ် ... ။ အဲ့ဒါမှ မဟုတ်လည်းး goglogo လို့ ရိုက်ထည့်ပြီး မိမိ စိတ်ကြိုက် နာမည်နဲ့ ....Page တစ်ခု ရယူနိုင်ပါတယ် ... ။

epic google လို့ ရိုက်ထည့်ပြီး စောင့်ကြည့်နေလိုက်ပါ ... ။ တဖြည်းဖြည်းကြီးထွားလာတဲ့ .. page ကိုကြည့်ပြီး ကြောက်မသွားပါနဲ့ ဦးးး ။

အဲ့ဒါတွေ ပြီးရင်တော့ ... google ရဲ့ .. Interface ကို မိမိ ကြိုက်နှစ်သက်ရာ ပုံစံမျိုးစံနဲ့ အသုံးပြုနိုင်အောင် .....

gothic မှ gothic ဖြစ်နေသူများအတွက် google gothic
gothic မဟုတ်ပဲ .. emo တွေ အတွက်ကတော့ .. google emo
( emo တွေ , gothic တွေ ရှိတော့ .. rapper တွေက google rapper လို့ ရိုက်ပြီး ရှာကြည့်မနေပါနဲ့ ဦးးး ။ )
အပြာရောင်လေးကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် google blue
တကယ်လို့ ...black color ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေ အတွက်ကတော့ ...the dark side (Click)
သက်တန့် အရောင်လေးတွေနဲ့ ... အရောင်မျိုးစုံကိုမှ ကြိုက်နှစ်သက်သူတွေ အတွက် ... google rainbow
လောကကြီးကို ပြောင်းပြန်ကြည့်ချင်နေတဲ့ သူတွေ အတွက် ... google reverse
အစရှိတဲ့ keyword လေးတွေကို တစ်ခုပြီး တစ်ခု ရိုက်ထည့်ကြည့်ပြီးးး.. အပျင်းဖြေနိုင်ကြပါတယ် ... ။

ခုဆိုရင် ...  google ရဲ့ .. easter eggs တွေ နဲ့ .. ပျင်းရိ ညီးငွေ့ နေတဲ့ စိတ်တွေ .. ပြေလျော့လောက်ပြီလို့ ထင်ပါတယ် ဗျာ ... ။

အဲ့လောက်နဲ့ မှ .. အပျင်းက သိပ်မပြေသေးဘူး ဆိုလည်း ရပါတယ် ...။ ဆက်ပြီး Mozilla ရဲ့ .. easter eggs တွေ နဲ့ .. ထပ်ပြီး အပျင်းဖြေကြည့်တာပေါ့ ... ။

mozilla ကို ဖွင့်ပြီး address bar မှာ about:robots လို့ ရိုက်ထည့်ကြည့်လိုက်ပါ ... ။ အဲ့လိုပဲ .. အခြား ရိုက်ထည့်နိုင်တဲ့ key words တွေ ကတော့ ...

about:logo
about:mozilla
about:crashes
about:neterror

အဲ့လောက်ဆိုရင်တော့ .... စိတ်လက် အနည်းငယ် လန်းဆန်းလာလောက်ပြီလို့ ထင်မိပါတယ် ... ။

အားလုံး အဆင်ပြေကြပါစေခင်ဗျာ ... ။

No comments:

Post a Comment