Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Wednesday 17 October 2012

Bat File (သင်ခန်းစာ 2)

Bat  file အကြောင်းမေးလာတဲ့သူကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ကျွန်တော်လည်းမနည်းလေး ပြန်ပြီးလေ့လာဖြစ်သွားလို့ပါ။ ယခုဖော်ပြပါသင်ခန်းစာသည် ကျွန်တော်ကိုယ်တိုင်ရေးသားပြုစုထားခြင်းမဟုတ်ပါဆိုတာကိုတော့ ကျွန်တော်ဝန်ခံပါတယ်။ ဒါကို (ကျော်ထက်ဝင်းနည်းပညာဘားအံ) ထံမှတစ်ဆင့် အဆင့်ဆင့်သော programming မျှဝေသူများထံမှ တစ်ဆင့်ပြန်လည်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။ ကဲအခုကျွန်တော်တို့ ဒုတိယသင်ခန်းစာလေး စလိုက်ကြရအောင်
ပထမသင်ခန်းစာတုန်းလေ့လာမိသလိုပဲပေါ့ဗျာ ဘယ်ကနေစကြမလည်း Notpad ထဲကစကြတာပေါ့။ Notepad ထဲကစဆိုလို့ ကျွန်တော်သင်တန်းတက်တုန်းက အမှတ်ရတာလေးကိုနည်းနည်းလောက် ဆက်ဖောလိုက်ဦးမယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရန်ကုန် MICT ထဲမှာ programming သင်ခန်းစာသင်တုန်းက ဆရာမကရှေ့ကနေ projector နဲ့သင်ရော အဲ့ဒီတုန်းက ကွန်ပျူတာက basic ပဲပြီးသေးတာ ကျွန်တော်က Notepad ဖွင့်လိုက်ပါ။ ဒီကုတ်တင်လေးတွေ ရိုက်ထည့်ဆိုပြီး slide တစ်ခုချပေးတယ်။ ကျွန်တော်ကလည်း မြင်တဲ့အတိုင်း powepoint ထဲမှာရိုက်တာပေါ့။ အဲ့ဒါလေးကိုပြန်အမှတ်ရမိလို့ ကြုံတုန်းအပျင်းပြေအောင်ပြောပြတာပါ။ ကွန်ပျူတာသင်တန်းများအခြေခံသင်ရင် အဲ့ဒီ အသုံးပြုနိုင်တဲ့ Notepad တို့ calculator တို့ကအစပေါ့ဗျာ အဲ့ဒါလေးတွေပါထည့်သင်ပေးကြပါလို့
ကဲလေကတော်တော်လေးရှည်မိသွားပြီ အခုဘယ်သွားမလည်း။ Notepad ထဲကိုသွားမယ်။
Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို ရိုက်ထည့်လိုက်ပါ။
@echo off
echo WoW I know the basics of batch
call call.bat
pause
exit
ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။
နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
@echo off
echo I Love *Y*
pause
ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။
အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။
WoW I know the basics of batch
I Love *Y*
Press any key to continue… (ကြိုက်တဲ့ Key တစ်ချက်နှိပ်လိုက်ပါ)
Press any key to continue… (ဒီစာကြောင်းလေး နောက်တစ်ခါထပ်ပေါ်လာမှာပါ။ နောက်ထပ် ကြိုက်တဲ့ Key ကို နှိပ်မှ Program က ထွက်သွားပါလိမ့်မယ်)
အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..
နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။
ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။

No comments:

Post a Comment