Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Pages

Friday, 29 June 2012

အားကစားဆိုင်ရာတိုက်ရိုက်ကြည့်လိုသူများအတွက်

ဒီမှာကလစ်ပေးပါ ဘောလုံးပွဲတိုက်ရိုက်ကြည့်ချင်တဲ့သူတွေ အပေါ်ကလင့်နေရာလေးမှာကလစ်ပေးပြီးတိုက်ရိုက်ကြည့်နိုင်ပါပြီ

Window XP backup လုပ်နည်း

Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့် လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။

Backup လုပ်ဖို့ အတွက် Start all programs accessories system tools system restore ကို ရွေးချယ်ပေးပါ။


System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။


Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။


Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start all programs accessories system tools system restore ကို ရွေးချယ်ပေးပါ။

Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။


အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

ဒီထက် ပိုလုပ်နိုင်တာ ကတော့ system recovery options မှာ system restore ကို ရွေးပေးခြင်းပါ။ ဒါပေမယ့် vista မှာဘဲ ရပါတယ်။
registry ထဲ ၀င်မွှေရင် အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။
သယ်ရင်းများအာားလုံးအဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်

Tuesday, 8 May 2012

နိုင်ငံအတော်များများမှာအသုံးပြုနေကြတဲ့ proxy နံပါတ်လေးတွေပါ

အသုံးပြုပုံအညွှန်း
(1) firefox ရဲ့ menu bar မှာ Tools ထဲကိုသွားပါ။
(2) option ကိုဝင်
(3) box ကျလာခဲ့ရင် advance ကိုသွား
(4) အဲ့ဒီအောက်မှာ network ကိုနှိပ်၊ အဲ့ဒီအောက်က connection ရဲ့ဘေးမှာ setting ဆိုတာလေးကိုကလစ်ပေးပါ။
(5) အဲ့ဒီ setting ထဲက menual proxy configuration ကိုအမှန်ခြစ်ပြီး ကိုယ်ကျော်မယ့် proxy နံပါတ်ကို ရှေ့ဘောက်နဲ့ port နံပါတ်ကို နောက် box မှာထည့်ပါ။
ပြီးသွားပြီဆိုရင်တော့ အဲ့ဒီောအက်က use this proxy sever for all protocols ဆိုတာကို အမှတ်ခြစ်ပြီး ok လုပ်ပြီးပြန်ထွက်လိုက်ပါ။ proxy တွေကိုတော့ www.myanmarcyberinformationproxy.co.cc မှာရယူနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Tuesday, 27 March 2012

software တွေကိုအွန်လိုင်းပေါ်မှာတင် install လုပ်နိုင်ပါတယ်

ကျွန်တော်တို့ကွန်ပျူတာတစ်လုံးကို ၀င်းဒိုးတင်ပြီးတာနဲ့ လိုအပ်တဲ့ software တွေကို တစ်ခွေပြီးတစ်ခွေ ကွန်ပျူတာတည်းထည့်ပြီး install လုပ်ကြရပါတယ်။ ဒီလိုလုပ်နေရတာလေးတွေကို သက်သာသွားအောင်လို့
အွန်လိုင်းပေါ်မှာ တစ်ခါတည်း install လုပ်နိုင်တဲ့နေရာလေးတစ်ခုကို ကျွန်တော်ရှာဖွေရင်းနဲ့သွားတွေ့ခဲ့ပါတယ်။
အခုပေးထားတဲ့လင့်နေရာလေးကိုသွားလိုက်ပါနော်။
ဒီနေရာလေးကိုပါ
ကဲရောက်သွားရင်တော့ software တွေကို အစီအစဉ်လိုက်တွေ့ရပါပြီ။
ဒီနေရာမှာ တင်ချင်တဲ့ software လေးတွေကိုရွေးချယ်ပြီးအမှန်ခြစ်ကလေးပြုလုပ်ရပါမယ်။
ပြီးသွားရင်တော့ Get Install ဆိုတဲ့ buttom လေးကိုကလစ်ပေးလိုက်ခြင်းအားဖြင့် install ပြုလုပ်နိုင်ကြပါပြီ။

Saturday, 10 March 2012

အွန်လိုင်းပေါ်တွင် MP3 ဘယ်လိုပြောင်းမလည်း

Youtube မှ သီချင်းလေးတွေကို MP3 ဖိုင်းလေးတွေအဖြစ် အွန်လိုင်းပေါ်မှာတင်ပြောင်းလို့ရမယ့်နည်းလေးပါ။
အရင်ဆုံး ဒီနေရာ လေးမှာကလစ်ပေးရပါမယ်။
အခုလိုမျိုးမြင်ရပါလိမ့်မယ်။
 convert video ဆိုတဲ့ခလုတ်ကလေးရဲ့အပေါ်မှ လွတ်နေတဲ့အကွက်ကလေးမှာ မိမိတို့ ဒေါင်းချင်တဲ့သီချင်းရဲ့
လင့်လေးကို past လုပ်ပေးရပါမယ်။ ဒီလိုလေးပါ။
ပြီးရင်တော့ convert video ဆိုတဲ့ နေရာလေးကိုကလစ်ပေးလိုက်ရပါမယ်။
အခုလိုမျိုးလေးပြောင်းသွားတဲ့အချိန်မှာတော့ download ဆိုတဲ့နေရာလေးကိုကလစ်ပေးပြီး MP3 သီချင်းလေးတွေရယူနိုင်ပါပြီ။
လေးဖြူရဲ့တန်ဖိုးသီချင်းလေးကို MP3 ပြောင်းပြီးလက်ဆောင်ထည့်ပေးးလိုက်ပါတယ်။
လေးဖြူ - တန်ဖိုး (ဒီနေရာမှာဒေါင်းပါ)



Friday, 9 March 2012

မိမိအိုင်ပီကြည့်မယ်

ခေါင်းစဉ်လေးမှာပေးထားတဲ့ မိမိစက်ရဲ့ IP နံပါတ်ဘယ်လောက်ဆိုတာကိုကြည့်မယ်ဆိုတာက သိသားသူများအတွက်လွယ်ကူသလောက် မသိသေးတဲ့ယခုမှ ကွန်ပျူတာနည်းပညာကိုလေ့လာနေတဲ့သူများအတွက်တော့ ဘာမှန်းမသိဖြစ်တတ်ကြပါတယ်။
အဲ့ဒါကြောင့် မိမိစက်ဟာ အိုင်ပီဘယ်လောက်ရှိလည်းဆိုတာကို RUN box ထဲကနေ ကြည့်မယ့်နည်းလေးကို
တင်ပေးလိုက်ပါတယ်။
ရှေးဦးစွာ start menu buttom လေးကိုကလစ်ပေးပြီး သူ့အထဲက Run ဆိုတဲ့နေရာလေးကိုကလစ်ပေးရပါမယ်။
ပြီးရင်တော့ ပေါ်လာတဲ့နေရာလေးမှာ cmd ဆိုတာလေးရိုက်ထည့်လိုက်ရပါမယ်။
ဒါကို တစ်နည်းအားဖြင့် command prompt ခေါ်တယ်လို့လည်းခေါ်နိုင်ပါတယ်။
အနက်ရောင် screen နဲ့ box တစ်ခုကျလာပါလိမ့်မယ်။ ဒီအခါမှာတော့ ကျွန်တော့်တို့ ipconfig ဆိုတာလေး
ရိုက်ထည့်လိုက်ရပါမယ်။ ဒါဆိုရင်တော့ ဒီလိုမျိုးလေးမိမိတို့စက်ရဲ့ ip လေးကိုတွေ့ရပါလိမ့်မယ်။ ပြီးရင်တော့ ကီးဘုတ်မှာရှိတဲ့ Enter ခလုတ်ကလေးကိုနှပ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ မိမိစက်ရဲ့ ip နံပါတ်ကို အခြားသောနည်းလေးတွေနဲ့ကြည့်လို့ရပါသေးတယ်။ ဒါပေမယ့် ဒီနည်းလေးက ရိုးရှင်းပြီး ပိုလွယ်လို့တင်ပေးလိုက်ရတာပါ။
 ကဲအားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ။

Saturday, 25 February 2012

window XP Audio Driver မရှိသူများအတွက်

Window XP မှာ Audio Driver ပျောက်နေသူများအတွက် ဒီနေရာလေးမှာဆော့ဖ်ဝဲလ်လေးသွားရောက်
ဒေါင်းနိုင်ပါတယ်။
xpdrivers.com/download-sound-audio-driver/_7_96595.cfm

Antivirus ဆော့ဖ်ဝဲလ်တွေ တစ်နေရာတည်းမှာစုထားတယ်

ဗိုင်းရပ်(စ်) ဆော့ဖ်ဝဲလ်တွေ အလွယ်တကူဒေါင်းနိုင်အောင် ဒီနေရာမှာသွားဒေါင်းနိုင်ပါတယ်နော်
http://www.software.com/

အကုန်ဒေါင်းမယ်

အခုဆော့ဖ်ဝဲလ်လေးတွေတစ်နေရာတည်းစုပေးထားတဲ့ နေရာလေးတစ်ခုကို သွားကြည့်ပြီးလိုအပ်တဲ့ဆော့ဖ်ဝဲလ်လေးတွေရှိရင်ဒေါင်းနိုင်ပါတယ်။
သွားရမယ့်နေရာကတော့ http://www.softpedia.com/get/PORTABLE-SOFTWARE/
ပါ

မိမိတို့အသုံးပြုနေတဲ့ firefox ကိုပြုပြင်ကြမယ်

ကျွန်တော်တို့အသုံးပြုနေတဲ့ firefox ကိုဒီဇိုင်းလှလှလေးသုံးချင်တယ်ဆိုရင်တော့ ဒီအောက်မှာပေးထားတဲ့
လင့်လေးတွေကနေ သွားရောက်ဒေါင်းနိုင်ပါတယ်။ add-ones for Firefox လို့ဆိုတဲ့နေရာလေးကိုကလစ်ပေးပေးရမှာပါ ပုံလေးတွေကိုထောက်လိုက်ရင်ပေါ်လာပါလိမ့်မယ်
https://addons.mozilla.org/en-US/firefox/

Microsoft Security Essential ဆိုတဲ့ဆော့ဖ်ဝဲလ်လေးပါ

အားလုံးလည်းအသုံးဝင်လိမ့်မယ်ထင်ပါတယ်။ Microsoft Security Essential ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ။
ကွန်ပျူတာအသုံးပြုနေသူတွေ အသုံးဝင်မယ်ထင်ပါတယ်။ virus အတော်များများရဲ့ရန်ကိုလည်းကာကွယ်ပေးပါတယ်။ ကြိုက်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့လင့်မှာဒေါင်းသွားပါခင်ဗျာ။
http://microsoft-security-essentials.en.softonic.com/

webcammax ကိုကြိုက်ရင်တော့ဒေါင်းသွားရအောင်

vzo ချက်သူများကောင်းပါတယ်webcammaxကိုကြိုက်မယ်လိုလဲထင်ပါတယ်သုံးကြည့်ပေါ့ဘာတွေလုပ်လို့ရလဲသိချင်ရင်တော့ကြိုက်ရင်ဒေါင်းသွားကြည့်ပါ

Wednesday, 22 February 2012

ကော်နက်ရှင်ကောင်းမွန်စေဖို့

အခုဒီတစ်ခေါက်ခေါင်းစဉ်လေးကိုတော့ ကော်နက်ရှင်ကောင်းစေဖို့အတွက်လို့အမည်ပေးထားပါတယ်
Speed Up Your Connection In Windows XP ပါ
window xp နဲ့ အင်တာနက်အသုံးပြုနေသူများ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

မိမိရဲ့ကော်နက်ရှင်ကို ပိုမိုကောင်းမွန်အောင်ပြုပြင်လိုသူများအတွက်ပါ။
(1) အရင်ဆုံး run box ထဲမှာgpedit.msc ဆိုတာလေးရိုက်ထည့်ပြီး Ok ကိုကလစ်ပေးလိုက်ပါ။
(2) ပြီးရင်တော့ နောက်ထပ်မြင်တွေ့ရမှာကတော့ 
 ဒီလိုပုံစံလေးပါ။
 (3) ဒီပုံလေးထဲကနေ  local Computer Policy ခေါင်းစဉ်အောက်မှာရှိတဲ့ Computer Configuration ကိုကလစ်ပေးပြီးဖွင့်ရပါမယ်။
(4) ပြီးရင်တော့ သူ့အထဲက Administrative Templates ထဲက Network ဆိုတဲ့နေရာလေးကို ကလစ်ပေးပြီးဖွင့်လိုက်ပါ။
(5) နောက်တစ်ဆင့်ကတော့ Qos Packet Schedule ဆိုတဲ့နေရာလေးကိုကလစ်ပေးပြီးထပ်ဝင်လိုက်ပါ။
(6) ညာဘက်ခြမ်းမှာ Limit reserivable bandwidth ကိုကလစ်ပေးပြီးဖြစ်စေ ။ အပြာရောင်စလုံးလေးနဲ့ဖော်ပြထားတဲ့ properties နေရာမှာပဲဖြစ်စေ ကလစ်ပေးလိုက်မယ်ဆိုရင်
ဒီလိုမျိုး box တစ်ခုကျလာပါလိမ့်မယ်
ဒီနေရာမှာ enable ကိုရွေးချယ်ကလစ်ပေးလိုက်ရပါမယ်။
(7) ပြီးရင်တော့ bandwidthlimit ဆိုတဲ့နေရာက 20 ဆိုတဲ့နေရာလေးမှာ 0 ရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင်တော့ ok ကိုကလစ်ပေးလိုက်နိုင်ပါပြီ။
(8) နောက်ဆုံးတစ်ဆင့်ကတော့ control panel ထဲမှာရှိတဲ့ network & internet connection ထဲက network connection ထဲကိုသွားလိုက်ပါ။ network connection ကိုကလစ်ပေးလိုက်ပါ။ local area network connection ဆိုတဲ့နေရာလေးကို right click ထောက်ပြီး properties ကိုကလစ်ပေးပြီးဝင်ရပါမယ်။
ပြီးရင်တော့ networking tab အောက်မှာရှိတဲ့ Qos Packet Scheduler နေရာမှာ အမှန်ခြစ်ကလေးပေးရပါမယ်။
အားလုံးပြီးသွားရင် Ok နှိပ်ပြီး ကွန်ပျူတာကို Restart ချလိုက်ရပါမယ်။
ဒီနည်းလေးကိုသုံးပြီး မိမိတို့ကော်နက်ရှင်ကောင်းမွန်အောင်ပြုပြင်နိုင်ပါတယ်။

1-Open Run dialog box from Start menu.
2- Type “gpedit.msc” and press Ok.
3- When Group Policy run, go to Local Computer Policy > Computer Configuration > Administrative Templates > Network > Qos Packet Schedule
4- in right side, right click on Limit reseivable bandwidth and select Properties.
5- In Setting tab under Limit reservable bandwidth section select Enabeled .
6- instead of 20 type 0 (zero) and then click ok, and close Group Policy.
7- Now , go to Network connection and right click on your connection and select Properties.
8- Go to Networking tab and cheek Qos Packet Scheduler to be ticked.
9- Restart your PC
:)
Be Success !

Sunday, 12 February 2012

အင်တာနက်ဆိုင်ဖွင့်သူများ cafezee အတွက်


အင်တာနက်ဆိုင်ဖွင့်ထားတဲ့သူငယ်ချင်းတွေအတွက် ကျွန်တော်အွန်လိုင်းပေါ်ကနေအလကားရရှိနေတဲ့ cafezee software လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သိပြီးသားသူများလည်းရှိပါလိမ့်မယ်။ Handy Cafe` လို့အမည်ရတဲ့ဆော့ဖ်ဝဲလ်လေးပါ။ အရင်တစ်ခါတုန်းကလည်း ဘယ်လိုမျိုး sign up လုပ်မလည်းဆိုပြီး
ရေးခဲ့ဖူးတာရှိပါတယ်။
http://www.handycafe.com/download.php မှာအခမဲ့ဒေါင်းလို့ရပါတယ်။
ဒေါင်းပြီးသွားရင်တော့ full version ဖြစ်မှာမဟုတ်သေးပါဘူး။ ကုတ်နံပါတ်တောင်းပါလိမ့်မယ်။
အဲ့ဒီအတွက်ဒီနေရာမှာသွားရောက်ပြီး sign up လုပ်ပေးဖို့လိုပါလိမ့်မယ်။
client အလုံး 30 ကနေ 40 အထိ free တောင်းလို့ရပါတယ်။
http://www.handycafe.com/signup.php မှာသွားရောက်ပြီး မိမိ gmail လိပ်စာနဲ့ product key တောင်းယူနိုင်ပါတယ်။
handy Cafe` ရဲ့အဓိကအားသာချက်ကတော့ sever ကွန်ပျူတာကနေ client ကွန်ပျူတာများကို
remove desktop ပုံစံမျိုးထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။
ဒီမှာဒေါင်းပါ http://www.handycafe.com/downloads.php
ဒီမှာလည်းဒေါင်းနိုင်ပါတယ် http://www.handycafe.com/download.php

Saturday, 11 February 2012

ဆော့ဖ်ဝဲလ်လေးတွေတော်တော်စုံတဲ့နေရာပါ

ဆော့ဖ်ဝဲလ်လေးတွေတော်တော်စုံတဲ့နေရာလေးတစ်ခုကိုထပ်ပြီးတော့ ညွှန်းချင်ပါတယ်။
အခုပေးထားတဲ့လင့်လေးကိုကလစ်ပေးပြီးသွားရောက်ယူကြပါ။
လက်ရှိကျွန်တော်လည်းသုံးနေပါတယ်။ သိပြီးသူများလည်းရှိချင်ရှိပါလိမ့်မယ်။ မသိသေးသူများအတွက်ပါ။
http://www.brothersoft.com/

Wednesday, 8 February 2012

Screenpresso ကြိုက်ရင်ဒေါင်းသွားလို့ရတာပေါ့

http://www.mediafire.com/?yq913p1mwnonih3Screen ကိုစိတ်ကြိုက်ဓာတ်ပုံရိုက်လို့ရပါတယ် Recrod Video ပါလုပ်လို့ရပါတယ်ကြိုက်ရင်တော့ဒေါင်းသွားနိုင်ပါတယ်ကျတော်ကတော့ဒီဆော့ဝဲလေးကိုကြိုက်လို့လက်ရှိသုံးနေပါတယ်သူငယ်ချင်းတို့ကြိုက်ရင်ဒေါင်းသွားနိုင်ပါတယ်ဒီမှာသွားဒေါင်းလော့လုပ်လို့ရပါတယ်http://www.mediafire.com/?yq913p1mwnonih3ဒီမှာဒေါင်းလို့ရပါတယ်တကယ်လို့သူငယ်ချင်းတို့လေ့လာချင်တယ်ဆိုရင်တော့http://www.brothersoft.com/screenpresso-download-450009.html?bottomလာပြီလေ့လာလို့ရပါတယ်ကျတော်ကတော့ရှင်းမပြတော့ဘူးနော်သူငယ်ချင်းတို့စမ်းသုံးစေချင်ပါတယ်တော်တော်လေးကောင်းလို့ပါနားမလည်တာရှိရင်မေးပါ.....ကောင်းသောနေ့လေးတွေဖြစ်ကျပါစေ

Saturday, 4 February 2012

Desktop ကိုအလှဆင်ကြမယ်

window အမြင့်တွေတင်လို့ စက်လေးမှာလည်းကြောက်တယ်။ ဒီဇိုင်းဆန်းဆန်းလေးလည်းသုံးချင်တယ်ဆိုသူ များအတွက်ပါ။ window xp ဗားရှင်းအနိမ့်သုံးတဲ့သူများ လန်းနိုင်ကြပါပြီ။ အောက်ဖက်ကလင့်မှာသွားရောက်ဒေါင်းပါ။
http://www.filehippo.com/download_google_desktop/download/f268ed17b64ecae556bd6624a25c0a46/

ဆော့ဖ်ဝဲလ်လေးတွေဒေါင်းကြမယ်

ကွန်ပျူတာတစ်လုံးအတွက်လိုအပ်တဲ့ဆော့ဖ်ဝဲလ်လေးတွေကိုတစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ နောက်ဆုံးပေါ် version အသစ်တွေကအစသွားရောက်ဒေါင်းလို့လွယ်ကူမယ့်နေရာလေး တစ်ခုကို လမ်းညွှန်ပေးလိုက်ချင်ပါတယ်။ အောက်ဖက်မှာလင့်ပေးထားပါတယ် ကလစ်ပေးပြီးလိုချင်တဲ့ ဆော့ဖ်ဝဲလ်လေးတွေကို ဒေါင်းယူနိုင်ပါပြီ။
http://www.filehippo.com/

Thursday, 2 February 2012

IDM Software သုံးပြီး down ကြမယ်

ကမ္ဘာ့အကောင်းဆုံး download software စာရင်းထဲမှာတစ်ခုအပါအ၀င်ဖြစ်တဲ့ IDM software ကိုဘယ်လိုသုံးရမလည်းဆိုပြီး မေးတဲ့သူတော်တော်များလာတာကိုတွေ့ရပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့အခု IDM software ကိုဘယ်လိုမျိုးများသုံးမလည်းဆိုတာ လေ့လာကြည့်ကြပါမယ်။
ကျွန်တော်လေ့လာမိသလောက်တော့ တင်ပေးလိုက်ပါတယ်။
IDM software မရှိသေးဘူးဆိုတဲ့သူများကတော့ ဒီမှာသွားရောက်ဒေါင်းလုပ်ဆွဲကြပါ။
http://internetdownloadmanager.com/download.html
ဒီနေရာလေးမှာကလစ်ပေးပြီးသွားရောက်ဒေါင်းနိုင်ပါတယ်။
software တင်နည်းကတော့အခြားသော ပုံမှန်ဆော့ဖ်ဝဲလ်တွေတင်သလိုမျိုးပဲ ပုံမှန် install ပြုလုပ်နိုင်ပါတယ်။
ဆော့ဖ်ဝဲလ်တင်ပြီးသွားပြီဆိုရင်တော့ All program ထဲမှာ IDM software လေးကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ကဲဒီထဲကနေ IDM ဆိုတာကိုကလစ်ပေးလိုက်ပါ။
အခုဖော်ပြတဲ့ပုံအတိုင်းမြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒီအထဲက add URL ဆိုတဲ့နေရာလေးမှာတော့ မိမိတို့ဒေါင်းချင်တဲ့ ဆိုဒ်ရဲ့လင့်လေးကိုထည့်ပေးထားမယ်ဆိုရင်တစ်ခါတည်းတန်းဒေါင်းနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ မိမိအသုံးပြုတဲ့ browser ပေါ်မှာ IDM ကို plugin တစ်ခုအနေနဲ့ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ ရိုးရှင်းပါတယ်။ software install လုပ်ပြီးချိန်မှာ မိမိတို့သုံးလက်စ borwser ကို restart လုပ်ပေးဖို့ပဲဖြစ်ပါတယ်။ borwser ပိတ်သွားပြီ ပြန်ပွင့်လာတဲ့အချိန်မှာတော့အောက်မှာပေးထားတဲ့ပုံလေးအတိုင်းမြင်ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ continue ကိုကလစ်ပေးပြီး add on လုပ်ပေးလိုက်ပါ။ အချို့သော စက်တွေမှာ system တစ်ခုလုံး restart လုပ်ပေးဖို့လိုပါလိမ့်မယ်။ အားလုံးပြီးသွားတဲ့အချိန်မှာတော့ အောက်ဖက်မှာပေးထားတဲ့ ပုံစံအတိုင်းမြင်ရမှာဖြစ်ပြီး မိမိ download ဆွဲလိုတဲ့ video များ audio များနဲ့ အချက်အလက်များအား လွယ်ကူစွာဒေါင်းနိုင်ကြမှာဖြစ်ပါတယ်။ IDM ဆော့ဖ်ဝဲလ်ရဲ့ကောင်းကွက်နောက်တစ်ခုကတော့ မိမိဒေါင်းလို့တဲ့ လင့်လေးကို select ပေးပြီးတော့လည်းဒေါင်းနိုင်ပါတယ်။

IDM နဲ့အတူအားလုံး ပျော်ရွှင်ချမ်းမြေ့စွာ ဒေါင်းနိုင်ကြပါစေ။နောက်ထပ်လေ့လာလို့ရတာလေးတွေရှိခဲ့ရင် လည်းတင်ပေးပါဦးမယ်။

ဒီနေရာမှာလည်းဒေါင်းနိုင်ပါတယ်။
http://internetdownloadmanager.com/download.html


Monday, 16 January 2012

Cnet Tech Tracker ဘယ်လိုသုံးမလည်း

အင်တာနက်ကော်နက်ရှင်အသုံးပြုပြီး software ပြသနာတွေ ဖြေရှင်းကြမယ်
ဒီတစ်ခါကွန်ပျူတာနည်းပညာကိုအသုံးပြုပြီးအလုပ်လုပ်နေရသူတွေ အင်တာနက်ကော်နက်ရှင်ရှိရက်နဲ့ software 
ပိုင်းဆိုင်ရာပြသနာတွေကို အချိန်ယူဖြေရှင်းနေရတဲ့ သူတွေအတွက်အဆင်ပြေစေဖို့အတွက်
အင်တာနက်လိုင်းပေါ်မှာပဲအလွယ်တကူ ယူလို့ရပြီးသုံးလို့ရမယ့် software လေးတစ်ခုနဲ့မိတ်ဆက်ပေး
ပါမယ်။ ဒီဆော့ဖ်ဝဲလ်လေးကတော့ Technical ပိုင်းဆိုင်ရာ Web Site တစ်ခုဖြစ်တဲ့ Cnet ရဲ့ Cnet Tech
Tracker ပဲဖြစ်ပါတယ်။
Cnet Tech Tracker ဟာ Freeware တစ်ခုဖြစ်ပြီး www.cnet.com မှတဆင့်ဒေါင်းလုပ်ပြုလုပ်ပြီး 
ရယူနိုင်ပါတယ်။ Tech Tracker ရဲ့ အဓိကလုပ်ဆောင်ချက်တွေကို လေ့လာကြည့်ရမယ်ဆိုရင်တော့ 
စက်တစ်လုံးမှာ ထည့်သွင်းထားတဲ့ software တွေရဲ့ Update ဖြစ်မှုအခြေအနေတွေကို ဆန်းစစ်ပေးမှာဖြစ်ပြီး၊ 
လိုအပ်တဲ့ Update ဖိုင်တွေကိုလည်း TechTracker မှတစ်ဆင့်ရယူနိုင်မှာဖြစ်ပါတယ်။ Software တွေရဲ့ Update 
ဖြစ်မှုအခြေအနေကို လည်း Auto Scanning ပြုလုပ်ပေးမှာဖြစ်ပြီး၊ Update မဖြစ်တဲ့ software တွေကိုလည်း 
စီစစ်ပေးမှာဖြစ်ပါတယ်။ လိုအပ်ချက်တစ်ခုအနေနဲ့ကတော့ Online အသုံးပြုတဲ့စက်တွေမှာသာ 
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
   Cnet Tech Tracker ဟာ software တစ်ခုချင်းစီရဲ့ list ကို ဦးစွာအနေနဲ့ဖော်ပြပေးမှာဖြစ်ပြီး software
တိုင်းရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်းဖော်ပြပေးမှာဖြစ်ပါတယ်။ အသေးစိတ်ဖော်ပြပေးတယ် ဆိုတဲ့ 
နေရာမှာလည်း လက်ရှိအသုံးပြုနေတဲ့ Software အမည်။ Version တို့မှအစဖော်ပြပေးပါတယ်။ နောက်ဆုံး 
version ကိုဖော်ပြပေးတဲ့အပြင် download ရယူဖို့အတွက်ပါ လင့်ပေးထားမှာဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်တဲ့ 
နေရာမှာလည်း software ရဲ့ သက်ဆိုင်ရာ website ကိုသွားရောက်နေဖို့မလိုအပ်ပါဘူး။ Tech Tracker ကနေပဲ 
တိုက်ရိုက်ဒေါင်းလို့ရပါတယ်။ software တစ်ခုချင်းစီကို အလွယ်တကူ ရှာနိုင်ဖို့အတွက်လည်း Tech Tracker 
ရဲ့အပေါ်ဆုံးမှာ Search Box လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ searchBox မှပဲ software တွေတစ်ခုချင်းဆီ 
ကိုသွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
ကွန်ပျူတာအတွင်းမှာရှိတဲ့ software  တစ်ခုဟာ Update မဖြစ်တော့ဘူးဆိုရင်တော့ အနီရောင် Alert 
ပြပေးထားမှာဖြစ်ပါတယ်။ software တစ်ခုချင်းစီရဲ့ setting ကိုလည်း လေ့လာနိုင်ပြီး။ သူရဲ့ information 
တွေကအစသိရှိနိုင်မှာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် software ဟာစက်အတွင်းမှာ Error 
ဖြစ်နေမယ်ဆိုရင်လည်း၊ Tech Tracker ဟာဒီအခက်အခဲတွေကိုဖြေရှင်းပေးနိုင်ပါတယ်။ Software 
ရဲ့သက်ဆိုင်ရာ Website ကို Error နဲ့ပါတ်သတ်ပြီး report တွေလည်းပို့ပေးနိုင်ပါတယ်။ 
သူ့ရဲ့အဓိကလိုအပ်ချက်ကတော့ အင်တာနက်ကော်နက်ရှင်ရနေဖို့ပဲဖြစ်ပါတယ်။ Test scan 
လုပ်တဲ့အချိန်ဟာလည်းအလွန်လျှင်မြန်ပြီး တိကျတဲ့ Result ကိုထုတ်ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ 
အပေါ်ဆုံးမှာတော့ software list ရဲ့ Update ဖြစ်တဲ့ software အရေအတွက်နဲ့ Update မဖြစ်တဲ့ software 
အရေအတွက်ကိုဖော်ပြပေးထားတာကိုတွေ့ရပါတယ်။ Update မဖြစ်တဲ့ list ကိုနှိပ်မယ် ဆိုရင်တော့ 
စာရင်းကိုအတိအကျတွေ့ရမှာဖြစ်ပြီး အလွယ်တကူ Update ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ software တစ်ခုရဲ့ 
Update ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ကွန်ပျူတာတစ်လုံးအတွက် များစွာအရေးပါလှတယ်ဆိုတာကိုလည်း 
အသုံးပြုနေသူအားလုံးသိထားပြီးဖြစ်ပါတယ်။ software list ကိုလည်း Alphabet အလိုက်စီနိုင်မှာဖြစ်သလို size 
အလိုက်လည်းစီတန်းပေးနိုင်မှာဖြစ်ပါတယ်။
ကဲဒီလောက်ဆိုရင်တော့ Cnet Tech Tracker ကိုမိမိကွန်ပျူတာပေါ်မှာ တင်ထားခြင်းဖြင့် 
အကျိုးသက်ရောက်မှုကိုသိရှိပြီးဖြစ်မယ်လို့ယူဆပါတယ်။အောက်ဖက်မှလည်းဒေါင်းဖို့အတွက်လင့်လေးပေးထားပါမယ်။
click ပေးပြီးဒေါင်းနိုင်ပါပြီ။

Sunday, 8 January 2012

အသံပိုင်းဆိုင်ရာ ပေါ့ပေါ့ပါးပါးဆော့ဖ်ဝဲလ်သုံးလိုသူများအတွက်

နည်းပညာပိုင်းဆိုင်ရာ software တွေအများအပြားထွက်လာခဲ့တဲ့အထဲမှာ အသံပိုင်းဆိုင်ရာ ဆော့ဖ်ဝဲလ်တစ်မျိုး ဖြစ်တဲ့  free sound Recorder ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးဟာလည်း ကျွန်တော်တို့ အလွယ်တစ်ကူဒေါင်းလို့ရတဲ့ ဆော့ဖ်ဝဲလ်တစ်မျိုးထဲမှာ ပါဝင်လာပါတယ်။ အသံကြည်လင်ပြတ်သားမှုရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲရလွယ်ကူစေတဲ့ software လေးတစ်မျိုးဖြစ်လို့ လိုချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ လင့်လေးကနေ ဒေါင်းလို့ရပါတယ်။
http://www.sound-recorder.biz/download_freesoundrecorder.html
http://download.cnet.com/Free-Sound-Recorder/3000-2168_4-10698910.html?part=dl-6294926&subj=dl&tag=button ဒီနေရာမှာ ကလစ်ပေးပါ။

Monday, 2 January 2012

နားဆင်လိုသော သူငယ်ချင်းများအတွက် သီချင်းလေးများ

http://soundcloud.com/justforumyheart

Gtalk Idile လေးကို ဒီလိုလေးအသုံးပြုလိုက်ကြရအောင်

Gtalk Idile ဘယ်လိုသုံးကြမလည်း 
ကျွန်တော်တို့ Gtalk အကောင့်လေးမှာအစိမ်းရောင်လေးမှ အ၀ါရောင် Idile လေးဖြစ်သွားအောင်အသုံးပြုပုံ
လေးကို မသိသေးသူများသိရှိစေရန် တင်ပေးလိုက်ပါတယ်...တင်ပေးလိုက်တဲ့ Link နေရာလေးကိုသွားပြီး
 ယူပြီး install ချပါခင်ဗျာ ယခုပုံထဲကလို အသုံးပြုပါခင်ဗျာ 
Gtalk Idile လေးအသုံးပြုရင်း အဆင်ပြေပါစေခင်ဗျာ.....

Sunday, 1 January 2012

Window XP တင်ခြင်း

Window XP ဆိုတာကို ကွန်ပျူတာအသုံးပြုသူအားလုံးနီးပါသိကြပါတယ်။ အတော်များများလည်း တင်တတ်ကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာနယ်ပယ်ထဲကိုအခုမှဝင်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အခြားသော ကွန်ပျူတာ ကဏ္ဍတွေမှာအလုပ်လုပ်နေတဲ့ သူတွေအနေနဲ့ မသိသေးသူများရှိသေးလို့ Window XP တင်ခြင်းခေါင်းစဉ်နဲ့ တင်နည်းလေးရေးပေးလိုက်ပါတယ်။

Widnow XP ဆိုတာ
             Window XP ဆိုတာကတော့ အမေရိကန်နိုင်ငံ မိုက်ခရိုဆော့ဖ်ကနေထုတ်လုပ်ထားတဲ့ window software တစ်မျိုးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပါတ်ဝန်းကျင်အတော်များများမှာတွေ့နေရသေးတဲ့ window ဖြစ်ပါတယ်။ သူက window 7 , window 8 တို့လောက် security ပိုင်းဆိုင်ရာနဲ့ function တွေမစုံပေမယ့် ကျွန်တော်တို့အတွက်တော့ သုံးလို့ကောင်းနေဆဲ window စာရင်းထဲမှာ ပါဝင်ပါသေးတယ်။
ဒါဆို ကျွန်တော်တို့ window XP ဘယ်လိုတင်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးကို စရှင်းလိုက်ကြရအောင် . . . .
window တင်ဖို့အတွက်တော့ ကျွန်တော်အရင်က ရေးထားခဲ့တဲ့ BIOS SETUP ပြင်ဆင်ခြင်းကိုအရင်ပြုလုပ်ရပါမယ်။ ခေါင်းစဉ်ခွဲတစ်ခုဖြစ်သွားတဲ့အတွက် မဖတ်ရသေးသူများ ပြန်ဖတ်စေလိုပါတယ်။ BIOS SETUP ကိုပြင်ဆင်ပြီးမှသာ window တင်လို့ရမှာဖြစ်တဲ့အတွက်ပါ။
အရင်ဆုံး ကျွန်တော်တို့ window XP အခွေကို CD (သို့) DVD Drive ထဲကိုထည့်ပေးထားရပါမယ်။
BIOS SETUP ကိုပြင်ဆင်ပြီးတဲ့နောက် ကွန်ပျူတာဟာ Restart ဆင်းပါလိမ့်မယ်။ ပြီးတာနဲ့ ကျွန်တော်တို့ ကွန်ပျူတာပြန်ပွင့်လာတဲ့အချိန်မှာ monitor မြင်ကွင်းအောက်ဘက်မှာ press any key buttom ဆိုတဲ့ စာတမ်းလေးကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင်ကျွန်တော်တို့ keyboard မှာရှိတဲ့ key တစ်ခုခုကိုရိုက်ထည့်ဖို့အတွက်ပဲဖြစ်ပါတယ်။ အကြောင်းရင်းကတော့ boot လုပ်ဖို့အတွက်ပါ။ သတိပြုရမယ့်အချက်တစ်ချက်တော့ရှိပါသေးတယ်။ ဒါကတော့ delete key နဲ့ F1 to F12 key တွေကိုမနှိပ်မိဖို့ပါပဲ။ ကျွန်တော်ကတော့ များသောအားဖြင့် နှိပ်လို့ကောင်းတဲ့ Enter key ကိုနှိပ်တာများပါတယ်။ မိမိအားသန်တဲ့ key နှိပ်ပေါ့နော်။
ပြီးရင်တော့ press any key boot from CD . . . . ဆိုပြီးစာတမ်းလေးပေါ်လာပါလိမ့်မယ်။ မပေါ်ခဲ့ဘူးဆိုရင်တော့ မိမိကွန်ပျူတာမှာရှိတဲ့ Drive ကြောင့်ဖြစ်စေ၊ window ခွေကြောင့်ဖြစ်စေ တစ်ခုခုလွဲချော်ခြင်းပဲဖြစ်ပါတယ်။ အကုန်လုံးအဆင်ပြေတယ်ဆိုရင်တော့ window XP တင်ခြင်းအစီအစဉ်ကို ဆက်လက်လုပ်ဆောင်လို့ရပါပြီ။ ခုနက  press any key boot from CD . . . . ဆိုတဲ့ စာကြောင်းလေးပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့ ခုနကလိုမျိုးပဲ keyboard က key တစ်ခုခုကို နှိပ်ပေးထားရပါဦးမယ်။
ပြီးရင်တော့ အောက်မှာပေးထားတဲ့ပုံလေးတွေအတိုင်း တစ်ဆင့်ခြင်းအလုပ်လုပ်နေတာကို ခဏစောင့်ပေးရပါမယ်။


အခုနောက်ဆုံးမြင်တွေ့ရတဲ့ ပုံလေးအတိုင်းပေါ်လာပြီဆိုရင်တော့ window ဆက်တင်မှာလား မတင်ဘူးလားဆိုတာကိုမေးတာပဲဖြစ်ပါတယ်။ အောက်ဖက်မှာမေးထားတာကိုတွေ့ရပါလိမ့်မယ် F8= I agree, Esc= I do not agree ဆိုတာကိုတွေ့ရမှာပါ။ window ဆက်လက်တင်ချင်တယ်ဆိုရင်တော့ key board မှာရှိတဲ့  F8 ခလုတ်ကိုနှိပ်ပေးရမှာဖြစ်ပြီး မတင်ချင်တော့ဘူးဆိုရင် Esc key ကိုသုံးပြီးပြန်ထွက်လို့ရတယ်လို့ မေးထားပါတယ်။ ကျွန်တော်တို့ကတော့ ၀င်ဒိုးဆက်လက်တင်မှာဖြစ်တဲ့အတွက် F8 ကိုပဲနှိပ်လိုက်ကြပါမယ်။ ပြီးရင်တော့ အောက်မှာပေးထားတဲ့ မြင်ကွင်းမျိုးကိုမြင်ရပါမယ်။ အောက်မှာပေးထားတဲ့ ပုံလေးကိုကြည့်လိုက်ကြရအောင်
ဒါကတော့ partition ပိုင်းမယ့်အခန်းကဏ္ဍပဲဖြစ်ပါတယ်။
Partation ပိုင်းခြင်း
 ကျွန်တော့်တို့ရဲ့ ကွန်ပျူတာထဲမှာ data အချက်အလက်တွေကို သိုလှောင်သိမ်းဆည်းပေးတဲ့ Hardisk ဆိုတဲ့ ပစ္စည်းရှိနေပါတယ်။ ဒါပေမယ့် ဘယ်လောက်ပမာဏသိမ်းဆည်းနိုင်မလည်းဆိုတဲ့ ပမာဏသတ်မှတ်ချက်လည်းရှိပါတယ်။ Harddisk တွေရဲ့သိုလှောင်နိုင်မှု ပမာဏကိုတော့ အလွယ်အားဖြင့် ကျွန်တော်တို့က GB နဲ့ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ကွန်ပျူတာထဲမှာတော့ သူ့ကို MB နဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ Harddisk ဘယ်လောက်ပမာဏရှိလည်းဆိုတာကို ကြည့်လိုက်ကြရအောင်။ 1998 MB လို့ဖော်ပြထားပါတယ်။ အခုကတော့ 1000 GB ရှိတဲ့ Harddisk တောင်ရှိ နေပါပြီ။ ကဲအခုကတော့ကျွန်တော့်မှာ 1998 MB ပဲရှိပါတယ်။ ဒီတော့ ကျွန်တော် partation ပိုင်းတဲ့ အပိုင်းကိုပြန်ပြောပါမယ်။ partation ပိုင်းတယ်ဆိုတာကတော့ မိမိမှာရှိတဲ့ Harddisk ကို အခန်းတစ်ခုခြင်းဆီခွဲတာနဲ့အတူတူပါပဲ။ 80 GB ရှိတဲ့ Harddisk ဆိုရင် 40 GB စီ နှစ်ပိုင်းခွဲလိုက်တယ်။ ဒါမျိုး အခန်းတွေကန့်တာပါပဲ။ မိမိတင်ချင်တဲ့ အခန်းမှာ ၀င်းဒိုးတင်လို့ရပါတယ်။ ကျန်တဲ့တစ်ပိုင်းကတော့ သိမ်းချင်တာသိမ်းပေါ့။ ၀င်းဒိုးစနစ်တွေကိုတော့ တစ်ပိုင်းမှာသိမ်းမယ်။ ကျန်တစ်ပိုင်းကို data သိမ်းမယ်ဒါမျိုးသက်မှတ်ရမယ့်အစီအစဉ်တစ်ခုပေါ့။ ဒီတော့ ဘယ်လိုမျိုးပိုင်းမလဲဆိုတာကြည့်လိုက်ကြ ရအောင်နော်။ အရင်ဆုံးကတော့ Harddisk အသစ်ဆိုရင် တစ်ပိုင်းတည်းပေါ်နေမှာပါ။ ကျွန်တော့်ပုံမှာပြထားတဲ့အတိုင်း C: ဆိုတဲ့နာမည်လေးနဲ့ ပေါ်နေမှာပါ။ ကျွန်တော်တို့က နောက်ထပ် D: တို့ E: တို့လည်းခွဲချင်သေးတယ်လေ။ ဒီတော့ ဒီစာမျက်နှာကိုရောက်ပြီဆိုရင် အပေါ်မှာရေးပေးထားတဲ့ စာလေးတွေကိုဖတ်ရပါတော့မယ်။
 အပေါ်ဆုံးစာကြောင်းကတော့ window xp ကို ဒီ select ပေးထားတဲ့ partation အပိုင်းပေါ်မှာတင်ချင်တယ်ဆိုရင်တော့ Enter ကိုနှိပ်ပါတဲ့။  အကယ်လို့များ harddisk က အသစ်ဖြစ်နေလို့ ဘာနာမည်မှမပေးရသေးဘူးဆိုရင်တော့ C key ကို နှိပ်ပြီး partation အသစ်တစ်ခုသတ်မှတ်နိုင်ပါတယ် လို့ပြောတာပါ။ နောက်တစ်ခုကတော့ ရှိပြီးသား partation ကိုဖျက်ချင်တယ်ဆိုရင် D key ကိုနှိပ်ခိုင်းတာဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့ ကျွန်တော်တို့ ရှိပြီးသား partation ကိုအရင်ဖြတ်ကြည့်ရအောင်။
ဒီနေရာမှာ သတိထားရမယ့်အပိုင်းရှိပါတယ်။ အကယ်လို့များကျွန်တော်တို့စက်ထဲမှာ Data တွေသိမ်းဆည်းထားခဲ့မယ်ဆိုရင် တစ်ခါတည်းပျက်သွားမှာဖြစ်ပါတယ်။ ကိုယ် Delete လုပ်တဲ့အပိုင်းက Data တွေဟာ ပျက်ကုန်မှာဖြစ်ပါတယ်။ သံယောဇဉ်ပြတ်တယ်ဆိုရင်တော့ D ကိုသာနှိပ်လိုက်ပါ။
အောက်မှာပြထားတဲ့ပုံအတိုင်း လာပေါ်နေပါလိမ့်မယ်။
ထပ်ပြီးမေးတာဖြစ်ပါတယ်။ မှားယွင်းနှိပ်မိတာမျိုးဖြစ်မှာစိုးတဲ့အတွက်ပါ။ ဆက်လက်လုပ်မယ်ဆိုရင်တော့ enter ကိုနှိပ်ပေးရမှာဖြစ်ပြီး။ မဖျက်တော့ဘူးဆိုရင် Esc ကိုသုံးပြီးပြန်ထွက်လို့ရပါသေးတယ်။
ပြီးရင်တော့ ခုလိုမျိုးထပ်ပြီးမေးပါသေးတယ် တစ်ကယ်ဖျက်မယ်ဆိုရင်တော့ L key ကိုနှိပ်ပါလို့မေးထားပါသေးတယ်။ ကျွန်တော်တို့မဖျက်ဖူးဆိုရင်တော့ Esc နဲ့ထွက်နိုင်ပါသေးတယ်။
L key ကိုနှိပ်လိုက်ပြီဆိုရင်တော့ အခုလိုမျိုးမြင်ရပါမယ်။ အောက်ဖက်ကပုံကိုကြည့်ပါ
နာမည်လည်းပျောက်သွားပါပြီ။ ပြီးတော့ သူ့မှာ Unpartation Space ဆိုပြီးတော့လည်းလာပြနေပါပြီ။
ဒီလိုအခြေအနေမျိုးရောက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ partaton အသစ်သက်မှတ်လို့ရပါပြီ။
အပေါ်မှာပေးထားတဲ့ စာအတိုင်း C key ကိုအသုံးပြုပြီး partation အသစ် သက်မှတ်ပါမယ်။
အောက်မှာပေးထားတဲ့ပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။
ဒီနေရာမှာကျွန်တော်တို့မြင်ရမှာကတော့ ကိုယ်တိုင်စိတ်ကြိုက် partation ပိုင်းဖို့ပဲဖြစ်ပါတယ်။ creat partation of size ဆိုတဲ့ စာကြောင်းမှာ ကျွန်တော်တို့ Harddisk ရဲ့ ဆိုဒ်ပမာဏကို လာပြနေပါလိမ့်မယ်။ ကဲဒီနေရာမှာ နှစ်ပိုင်းပိုင်းချင်တဲ့သူက ပေါ်နေတဲ့ ဆိုဒ်ကို 2 နဲ့စား၊ 3 ပိုင်းပိုင်းချင်တဲ့သူက 3 နဲ့စားပြီး ရတဲ့အဖြေကိုရိုက်ထည့်ပေးရပါမယ်။  ပြီးရင်တော့ Enter ကိုနှိပ်ရပါမယ်။
ကျွန်တော်ကတော့ harddisk ပမာဏဆိုဒ်သေးတဲ့အတွက် တစ်ပိုင်းထဲထားပါတယ်။ အခုပုံမှာမြင်ရတဲ့အတိုင်းလေးပါ။
ကဲဒီလောက်ဆိုရင် partation ပိုင်းတတ်ပြီလို့ထင်ပါတယ်။
ကဲဒါဆိုဘာဆက်လုပ်ကြမလဲ။ window ဆက်လက်တင်ကြပါမယ်။ ဒါဆိုရင်တော့ အခုလက်ရှိအနေအထားအရဆိုရင် Enter ကိုနှိပ်ပေးရပါမယ်။
ဒါကတော့ကျွန်တော် Enter နှိပ်လိုက်တဲ့အချိန်မှာ မြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။
ဒီနေရာမှာလည်းကျွန်တော်တို့ စာတွေဖတ်ပေးရပါဦးမယ်။ ရွေးချယ်ဖို့အတွက် 4 မျိုးပေးထားပါတယ်။
ဘာအတွက်လည်းဆိုရင် Format ရိုက်ဖို့အတွက်ပါ။ Format  ရိုက်တယ်ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင် ကျွန်တော်တို့ window တင်မယ့် Partation ကိုဆေးပြစ်တဲ့သဘောပါ။ ကျွန်တော်တို့ ရွေးရမှာက NTFS စနစ်နဲ့ရိုက်မှာလား FAT နဲ့ရိုက်မှာလားဆိုတာပါ။
ဒီနေရာမှာထပ်ပြီးတော့ ရွေးရပါသေးတယ်။ ဘာလည်းဆိုတော့ မြန်မြန်ရိုက်မှာလား နှေးနှေးရိုက်မှာလားဆိုတာပါပဲ။ မြန်မြန်ရိုက်တာနဲ့ နှေးနှေးရိုက်တာ ဒီနေရာမှာတော့ နှေးနှေရိုက်တာက ပိုပြီးကောင်းပါတယ်။ ဒါပေမယ့် အခုအတော်များများကတော့ မြန်မြန်ကိုပိုကြိုက်ကြပါတယ်။ ကဲကျွန်တော်ကတော့ ပုံမှန်လေးပဲအလုပ်လုပ်လိုက်ပါပြီနော်။ အော် NTFS နဲ့ပါ။
NTFS စိတ်ကြိုက်ရွေးပါ။ ပြီးရင် Enter ကိုနှိပ်လိုက်ပါဦး။ ဒီအတိုင်းမြင်ရပါလိမ့်မယ်။
100% ပြည့်တဲ့အထိ စောင့်ပေးရပါမယ်။ 100% ပြည့်သွားတဲ့အချိန်မှာတော့
creating list to be copies ဆိုတဲ့စာကြောင်းလေးနဲ့ ကွန်ပျူတာဟာဆက်လက်အလုပ်လုပ်နေပါပြီ။ ဒီအချိန်မှာတော့ ကျွန်တော်တို့အလုပ်နားနေလို့ရပါတယ်။ ကွန်ပျူတာက သူ့ဟာသူ အလုပ်ဆက်လုပ်နေပါပြီ။


ပထမပုံကတော့ window CD ထဲမှာရှိတဲ့ window စနစ်ပိုင်းဆိုင်ရာ file တွေကို harddisk ထဲကို ကော်ပီကူးထဲ့တဲ့အဆင့်ဖြစ်ပါတယ်။ ဒုတိယပုံကတော့ ဖိုင်တွေကိုပြန်လည်စစ်ပြီးအချောသတ်ကူးထည့်ထားတဲ့အဆင့်ဖြစ်ပါတယ်။ နောက်ဆုံးပုံကတော့ ဖိုင်များအားလုံး ကူးထည့်ပြီးပြီဖြစ်တဲ့အတွက် restart ပြန်လုပ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ရွေးချယ်စရာလေးပေးထားပါတယ်။ Enter ခလုတ်ကိုနှိပ်မယ်ဆိုရင်တော့ ကွန်ပျူတာဟာ restart ပြန်လုပ်ထားပါမယ်လို့ပြောတာပါ။ မစောင့်နိုင်တဲ့သူတွေအတွက်ပေါ့။ ကျွန်တော်ကတော့ နည်းနည်းအပျင်းထူတဲ့အတွက်ကြောင့် ဘာမှကိုမလုပ်ပဲဒီအတိုင်းထားလိုက်ပါတယ်။ ဒီအတိုင်းထားလိုက်ရင်လည်း ကွန်ပျူတာဟာအလိုအလျှောက် restart ပြန်လုပ်ပေးမှာပါ။ ဒါဆိုရင်တော့ window တင်တာ ဒုတိယအဆင့်ပြီးပြီလို့ ယူဆလို့ရပါတယ်။
အားလုံးလွယ်ကူချောမွေ့စွာလုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ။
ကဲ window XP harddisk ပေါ်ကိုကူးထည့်တဲ့ အဆင့်ပြီးသွားပြီဆိုရင်တော့ နောက်ထပ်တင်တဲ့အဆင့်တွေကိုဆက်ရေးပေးပါဦးမယ်။
ကွန်ပျူတာက restart ဆင်းသွားပြီးပြီဆိုတော့ ကွန်ပျူတာဟာ ပိတ်ပြီးပြန်ပွင့်လာပါပြီ
ဒီအခြေအနေမှာ ထပ်ပြီးတော့ press any key buttom ဆိုတဲ့ စာကြောင်းမေးလာပြန်ပါပြီ
ကျွန်တော်တို့ဘယ် key မှမရိုက်မိအောင်သတိထားရပါမယ်။ ဘာကြောင့်လည်းဆိုရင် ကွန်ပျူတာဟာ အလိုအလျှောက် အခွေကိုဖတ်မှာဖြစ်လို့ပါပဲ။ ဒီတော့ ဘယ် key မှမရိုက်ပဲနေလိုက်ကြရအောင်နော်။
ဒါဆိုရင်တော့ ကွန်ပျူတာမှာ ဒီလိုမျိုးပြန်တက်လာပါလိမ့်မယ်။ အောက်မှာပေးထားတဲ့ပုံလေးကိုကြည့်လိုက်ကြပါ။ ၀င်းဒိုး XP စတက်လာရင်မြင်ရတဲ့မြင်ကွင်းမျိုးပါ။
 ဒီအခြေအနေအားလုံးကို ကွန်ပျူတာဟာ သူ့အလိုအလျှောက်ပြုလုပ်နေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့စောင့်ဆိုင်းပေးယုံပါပဲ။ နောက်ထပ်ပြောင်းလဲသွားမယ့်အဆင့်ဆင့်ကို ပုံလေးတွေနဲ့ ပြပေးသွားပါမယ်။

ကဲဒီလိုမျိုးအဆင့်ဆင့်ပေါ်လာပြီးနောက်မှာတော့ ကျွန်တော်တို့ပြုလုပ်ပေးရမယ့်အဆင့်လေးပါဝင်လာပါပြီ။
ဒီအောက်မှာပေးထားတဲ့ပုံလေးကိုကြည့်လိုက်ပါ။
ကျွန်တော်ကတော့ window XP professional ကိုတင်တာဖြစ်တဲ့အတွက်ကြောင့် အခွေဝယ်တုန်းက အခွေပေါ်မှာ serial no လေးပေးလိုက်ပါတယ်။ ဒီနံပါတ်တွေကို မမှားအောင်ဂရုပြုပြီး product key ရဲ့အကွက်လေးတွေမှာဖြည့်ပေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ next ကိုကလစ်ပေးရပါမယ်။
နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ရဲ့ ကွန်ပျူတာ နာမည်လေးပေးမှာဖြစ်ပါတယ်။ မိမိစိတ်ကြိုက်နာမည်ကို computer name ဆိုတဲ့ box ထဲမှာရိုက်ထည့်ပေးရပါမယ်။
ပြီးရင်တော့ အောက်ဖက်မှာ administration password ဆိုပြီးတောင်းထားတဲ့ password တောင်းတဲ့ box ကလေးကိုတွေ့ရမှာပါ ဒီနေရာမှာ password ရိုက်ထည့်ထားလို့လည်းရပါတယ်။ မရိုက်လည်းရပါတယ်။ ကျွန်တော်ကတော့ ရိုက်ထည့်မထားတာများပါတယ်။ မိမိတို့စိတ်ကြိုက်ဆုံးဖြတ်ပေးပါနော် ဒီနေရာလေးမှာ။ ပြီးရင်တော့ next ကိုကလစ်ပေးပါ။ အချိန်နဲ့နာရီတွေပြုပြင်ပြောင်းလဲဖို့အတွက် box တစ်ခုကျလာပါဦးမယ်။ ဒီနေရာမှာလည်း မြန်မာနိုင်ငံကလူတွေကတော့ Time zone မှာ သွားရောက် Rangon ဆိုတာလေးကိုရွေးပေးနိုင်ပါတယ်။ ဒီအဆင့်မှာ မပြောင်းလည်း ပြသနာတော့မရှိပါဘူး။ ဒီအဆင့်တွေအားလုံးဟာ ကျွန်တော်တို့ ၀င်းဒိုးတင်ပြီးအသုံးပြုနေချိန်တွေမှာလည်း ပြန်လည်ပြင်ဆင်လို့ရတဲ့အတွက်ပါပဲ။ ပြီးရင်တော့ next ကိုကလစ်ထပ်ပေးပေးပါ။

ပြီးရင်ကွန်ပျူတာဟာ ပုံလေးမှာမြင်ရတဲ့အတိုင်း ဆက်လက်အလုပ်လုပ်ကိုင်နေမှာပါ။ ပြီးရင်တော့ ကွန်ပျူတာဟာ restart ပြန်ဆင်းတတ်ပါတယ်။ အချို့စက်တွေမှာတော့ restart မလုပ်ကြပါဘူး ဒီအတိုင်းဆက်ပြီးအလုပ်လုပ်ကြပါတယ်။ restart ဆင်းတဲ့ကွန်ပျူတာတွေအတွက်ကတော့ ဒီပုံစံမျိုး ပြန်တွေ့ရဦးမှာပါ။

နောက်ထပ်ထပ်ပြီးတွေ့ရမှာကတော့ ဒီလိုပုံစံပါ။
ဒီနေရာမှာ ok ကိုကလစ်ပေးလို့ရပါပြီ။ အခုအခြေအနေမှာတော့ Mouse ကိုအသုံးပြုလို့ရပါပြီ။
display setting ကိုပြုပြင်နေခြင်းပဲဖြစ်ပါတယ်။
ok ကိုကလစ်ပေးပြီးတဲ့နောက်မှာ ထပ်တွေ့ရမယ့် box တစ်ခုပါ။ ဒီမှာလည်းပဲ ok ကိုထပ်ပြီးရွေးချယ်ပေးနိုင်ပါတယ်။
ပြီးသွားပြီဆိုရင်တော့
adminstrator password ပေးထားခဲ့တဲ့သူတွေအတွက် password တောင်းတာပဲဖြစ်ပါတယ်။
password မပေးထားတဲ့သူတွေကတော့ တွေ့ရမှာမဟုတ်ပါဘူး။ ဒါဆို adminstrator တွေခုနကပေးထားခဲ့တဲ့ password ကိုပြန်ရိုက်ထည့်ပေးရပါမယ်။ ပြီးရင်တော့ enter နှိပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ဒီလိုပုံစံလေးနဲ့ window XP desktop မြင်ကွင်းပွင့်လာတာကိုတွေ့ရပါပြီ။

ကဲဒါဆိုရင်တော့ window တင်ခြင်းအဆင့်ဆင့်ကို ကိုယ်တိုင်ပြုလုပ်နိုင်လိမ့်မယ်လို့ ယူဆလိုက်ပါတယ်။
ကိုယ်တိုင်တင်ကြည့်ကြပါ။ window တင်ဖို့လောက်နဲ့ ဆိုင်ပို့စရာမလိုတော့ဘူးလို့လည်းထင်ပါတယ်။
အားလုံးအဆင်ပြေချောမွေ့ကြပါစေ။ window XP ဟာ version မျိုးစုံတွေ့နေရတာဖြစ်တဲ့အတွက်ကြောင့် မြင်ကွင်းပုံစံသာပြောင်းလဲမှုရှိပြီး ကျန်သောပြုလုပ်ရမည့်လုပ်ဆောင်ချက်များမှာအတူတူပဲဖြစ်တဲ့အတွက်
မိမိစိတ်ကြိုက် window XP version မျိုးစုံကိုကိုယ်တိုင်တင်နိုင်ပါတယ်။ သဘောတရားအားလုံးဟာအတူတူဖြစ်တယ်ဆိုတာလေးကို အသိပေးရင်း အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။




Window တင်ရန် BIOS SETUP ပြင်ဆင်ခြင်း

အခုလက်ရှိ window 8 တို့ window 7 တို့ထွက်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် window XP သုံးနေတဲ့သူတွေလည်းရှိပါသေးတယ်။ စာစီစာရိုက်ဆိုင်တွေ သင်တန်းကျောင်းတွေနဲ့ အခြားသော နယ်ပယ် ကဏ္ဍအသီးသီးမှာ window XP နဲ့ သုံးနေတာအသားကျနေတဲ့သူတော်တော်များများကိုလည်းတွေ့ နေရပါတယ်။ ဒါကြောင့်ကျွန်တော် window XP တင်နည်းလေးကို ရေးတာပါ။ အောက်ဖက်မှာဖတ်ကြည့်လိုက်ကြရအောင်နော်

window တင်တဲ့နေရာမှာ ဘယ်ဝင်းဒိုးပဲတင်တင် အရင်ဆုံး Biossetup setting မှာသွားရောက် ပြင်ဆင်ခြင်းကိုတော့ ပြုလုပ်ရပါတယ်။ laptop မှာပဲဖြစ်ဖြစ် desktop မှာပဲဖြစ်ဖြစ် ကွန်ပျူတာတိုင်းမှာပါ။
ကဲအဲ့ဒီတော့ အရင်ဆုံးကျွန်တော်တို့ BIOS SETUP ကို ဘယ်လိုမျိုး ပြင်ဆင်ခြင်းတွေလုပ်ကြမလဲပေါ့။
အဲ့ဒီလိုမျိုးလုပ်ဖို့အတွက်  BISO SETUP ထဲကိုဘယ်လိုသွားမလဲ ဆိုတာပါပဲ။ အရင်းဆုံးကွန်ပျူတာရဲ့
power ခလုတ်ကိုနှိပ်ဖွင့်လိုက်ပြီးတာနဲ့ keyboard မှာရှိတဲ့ Delet ခလုတ်ကိုနှိပ်ထားရပါမယ်။
laptop တွေမှာတော့ F11 နှိပ်ပေးရတတ်ပါတယ်။ laptop သမားတွေကတော့ F11 ကိုနှိပ်ထားပေါ့ဗျာ။
အဲ့ဒါဆိုရင် အောက်ဖက်က ပုံမှာပြထားတဲ့အတိုင်း BIOS SETUP ထဲကိုရောက်သွားပါလိမ့်မယ်။
BIOS SETUP ရဲ့မြင်ကွင်းဟာဆိုရင် ကွဲပြားမှုလေးတွေတော့ ရှိပါတယ် မိမိကွန်ပျူတာ အမျိုးအစားပေါ် မူတည်ပြီးကွဲပြားသွားတာလေးတွေပါ။ ဒါပေမယ့် သဘောတရားကတော့ အတူတူပါပဲ ကျွန်တော်အခု
ပုံစံကွဲနှစ်ခုရဲ့ ကွဲပြားမှုလေးတွေနဲ့ပြောပေးသွားပါမယ်။ ဒါမှ ရှာမတွေ့ဘူးဆိုတာမျိုးမဖြစ်အောင်ပါ။
အခုပုံမှာပြထားတာကတော့ BIOS SETUP ရဲ့ ပုံစံကွဲလေးနှစ်ခုပါ။ ကျွန်တော်အပေါ်မှာပြောထားခဲ့သလိုပဲ သဘောတရားခြင်းကတော့ တူပါတယ်။ အရင်ဆုံးအပေါ်တစ်ခုကိုပြောပြပေးပါမယ်။ သူ့မှာကျွန်တော်တို့ အရင်ဆုံးပြုလုပ်ပေးရမှာကတော့ boot လုပ်မယ့် device ကိုရွေးချယ်ပေးဖို့ပါပဲ။ ကျွန်တော် window  တင်ပုံတင်နည်းလေးပဲပြောမှာဖြစ်တော့ ကျန်တဲ့အပိုင်းတွေကိုတော့ မပြောတော့ပါဘူးနော်။ အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ A+ စာအုပ်တွေဘာတွေဝယ်ဖတ်ပေါ့။ ကဲအဲ့ဒီတော့ device ကိုဘယ်နေရာမှာသွားရွေးမလဲဆိုရင် Advance Bios Features ဆိုတဲ့နေရာကိုသွားရောက်ရွေးချယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ပြောစရာတစ်ခုကျန်သွားပါတယ် ဘာလည်းဆိုရင် mouse ကိုအသုံးပြုလို့မရဘူးဆိုတာပါပဲ။
ဒီတော့ ကျွန်တော်တို့ mouse မသုံးပဲ keyboard က arrow key တွေနဲ့ပဲ အသုံးပြုကြတာပေါ့နော်။
Advance Bios Features ကို  selection ရောက်သွားပြီဆိုရင်တော့ Enter key ကိုနှိပ်ပေးရပါမယ်။ ဒါဆိုအခု Advance BIOS Feature ထဲကို ကျွန်တော်တို့ရောက်သွားပါပြီ။ ဒါဆိုကျွန်တော်ခုနက ပြောသလိုမျိုး Device ရွေးရမယ့်အပိုင်းကိုဆက်လက်လုပ်ဆောင်ပေးရပါတော့မယ်။ ဒီတော့ ကျွန်တော်တို့ boot device ဆိုတဲ့စာလုံးလေးကိုအရင်ဆုံးတွေ့အောင်ရှာကြည့်ရအောင်နော် တွေ့ရင်တော့ အဲ့ဒါကိုခုနကပြောသလိုမျိုး
ရောက်အောင်သွားပါမယ်။ ပြီးရင် Enter ကိုနှိပ်ပေးရပါမယ်။ ဒါဆို boot လုပ်မယ့် Device ထဲကိုရောက်သွားပါပြီ။ ပုံလေးကိုတစ်ချက်လိုက်ပါဦး

ဒါမျိုးလေးတွေ့ရမှာပါ။ First Boot Device ရယ်။ second Boot Device ရယ်။ Third Boot Device ရယ်။ Boot up Floopy Seek ရယ်ဆိုတာမျိုးပါ။ ကျွန်တော်တို့ အခုဒါမျိုးတွေ့ပြီဆိုရင် First Boot Device ကို ကြည့်လိုက်ကြပါမယ်။ အခုကျွန်တော်ပေးထားတဲ့ပုံမှာတော့ Floppy ဆိုပြီးတော့ Floppy Device ကို First Boot Device မှာတွေ့နေရပါပြီ။ ဒီနေရာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာအများအားဖြင့် CD/DVD Drive များတွေသုံးပြီး window တင်ကြတာများတဲ့အတွက် ပထမဆုံး boot လုပ်ချင်တဲ့ ပစ္စည်း CD/DVD Drive (သို့) CDROM ကိုရွေးပေးရပါမယ်။ ရွေးနည်းကတော့ first Boot Device နေရာမှာ Enter နှိပ်ပြီး CD/DVD ကိုထပ်ပြီးရွေးမယ် ပြီးရင် Enter နှိပ်လိုက်ယုံပါပဲ။ ဒါဆိုရင် CDROM ပေါ့ဗျာ ပုံမှာပြထားတာကတော့ ကျန်တဲ့ကွန်ပျူတာတွေမှာကတော့ CD/DVD Drive ဒါမှမဟုတ် Drive ရဲ့ အမျိုးအစား နာမည်ကိုဖော်ပြထားတာမျိုးရှိတတ်ပါတယ်။ ဒါကိုရွေးချယ် Enter နှိပ်လိုက်ယုံပါပဲ။ ဒါဆိုကျွန်တော်တို့ window တင်ဖို့အတွက် boot လုပ်မယ့် Drive ကိုတော့ ရွေးချယ်ပြီးသွားပါပြီ။ ဒါဆိုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဆိုတာပါပဲ။ ကျွန်တော်တို့ second နဲ့ third boot device ရှိတဲ့နေရာတွေကိုစစ်ကြည့်ရပါဦးမယ်။ ဘာဖြစ်လို့လည်းဆိုတော့အချို့သော ကွန်ပျူတာတွေမှာ auto ပြောင်းပေးသွားသလို အချို့ကတော့ ပြန်ရွေးပေးရလို့ပါပဲ။ second boot device နေရာမှာ HDD ကိုပြန်ရွေးပေးဖို့ပါပဲ။ ကဲ auto ပြောင်းမသွားသူများ ကိုယ်တိုင် ပြောင်းပေးလိုက်ပါဦး။ ပြောင်းနည်းကတော့ first boot Device မှာတုန်းက ပြောင်းသလိုမျိုး သွားပြောင်းပေးလိုက်ဖို့ပေါ့။
ပြီးရင်တော့ ဒီ boot လုပ်တဲ့နေရာကနေပြန်ထွက်ရပါမယ်။ Esc key ကိုသုံးပြီးပြန်ထွက်ပါမယ်။ BIOS SETUP ရဲ့မူလမြင်ကွင်းကို ရောက်တဲ့အထိပြန်ထွက်ပေးရမှာပါ။ ပြန်ထွက်ပြီးသွားပြီဆိုရင် ကျွန်တော်တို့နောက်ဆုံးအဆင့်အနေနဲ့ BIOS SETUP ထဲကနေပြန်ထွက်ကြပါမယ်။ Save & Exit Setup ဆိုတဲ့နေရာကို arrow key ကိုအသုံးပြုပြီးသွားလိုက်ပါမယ်။ ပြီးရင်တော့ enter ကိုနှိပ်ပေးလိုက်ပါမယ်။ yes နဲ့ no ဆိုပြီးမေးလာပါလိမ့်မယ်။ yes ကိုရွေးချယ်ပြီး Enter နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် ကွန်ပျူတာဟာ restart ပြန်လုပ်သွားပါလိမ့်မယ်။
အဲ့ဒါဆိုကျွန်တော်တို့ ဒုတိယပုံမှာပေးထားတဲ့  BIOS SETUP ကိုလည်းကြည့်လိုက်ကြရအောင် သူကတော့ ပိုလွယ်ပါတယ် BOOT ဆိုတဲ့ စာလုံးကို မြင်ကွင်းမှာပဲမြင်နေရလို့ပါ။ ကဲဒါဆိုကျွန်တော်တို့ အဲ့ဒီ Boot ဆိုတဲ့နေရာလေးကို သွားလိုက်ကြပါမယ်။ ပြီးရင် ဒီထဲမှာ first boot နဲ့ second boot နေရာမှာ အပေါ်မှာပြေပြထားခဲ့တဲ့နည်းအတိုင်း ပြင်ဆင်ပါမယ်။ သူကတော့ Esc သုံးပြီးထွက်စရာမလိုပါဘူး။ ပြင်ဆင်မှုပြီးတာနဲ့ Exit ကိုတန်းသွားယုံပါပဲ။ ကဲပြီးသွားပြီးဆိုရင်တော့ exit ကိုသွားပြီး save ဆိုတာလေးကိုရွေးချယ် Enter နှိပ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ BIOS SETUP ကို ၀င်းဒိုးတင်ဖို့အတွက်ပြင်ဆင်ခြင်းကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ ကိုယ်တိုင်ဝင်းဒိုးတင်လိုသူများ မိမိကိုယ်တိုင်ပြုလုပ်လို့ရလောက်ပြီလို့ထင်ပါတယ်။
အားလုံးအဆင်ပြေချောမွေ့ကြပါစေ။ window XP တင်နည်းကိုလည်းဆက်လက်ရေးသွားပါမယ်။
ဝင်ဒိုးမတင်ဖူးတဲ့သူများကိုယ်တိုင် ၀င်းဒိုးတင်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။